home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား.......

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား.......

သင်္ဘောသီးမှာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သင်္ဘောသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတော့ ဘေဘီလေး ကျန်းမာအောင် ကျွေးလို့ရမလား ဆိုတာက မေမေတိုင်း သိချင်နေမယ့် မေးခွန်း ဖြစ်မယ်ထင်ပါတယ်။

ဒီမေးခွန်းအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဖြေပေးသွားပါမယ်။

သင်္ဘောသီးမှာ ဘာတွေပါလဲ…….

သင်္ဘောသီးမှာ အဆီ နဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင် C ကြွယ်ဝသလို ဘေဘီလေးတို့အတွက် မရှိမဖြစ် လိုအပ်မယ့် ဗီတာမင် A၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B အုပ်စုနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ ရလား…….

သင်္ဘောသီးက ဘေဘီလေးကို ကျွေးသင့်တဲ့ သစ်သီး တစ်မျိုးပါ။ ဒါပေမယ့် ဘေဘီလေးကို အသက် ၇ လ ကနေ ၈ လလောက်ရောက်မှသာ ကျွေးသင့်ပါတယ်။ သင်္ဘောသီး ကျွေးတဲ့အခါ လတ်ဆတ်ပြီး အမှည့်လွန်နေတာမျိုး မဖြစ်စေဖို့ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ တစ်နေ့ကို အရွယ်တော် တစ်စိတ်စာလောက်က အများဆုံး ကျွေးသင့်တဲ့ ပမာဏ တစ်ခုပါ။

သင်္ဘောသီးက အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် ဘေဘီလေးကို ဝမ်းမှန်စေမှာပါ။ မမှည့်သေးတဲ့ သင်္ဘောသီးကတော့ ဘေဘီလေးကို ဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။ တစ်ချက်သတိထားရမှာက ဘေဘီလေးကို သင်္ဘောသီး ကျွေးတဲ့အခါ သေချာ ကြိတ်ခြေပြီး ကျွေးလို့ရသလို အရွယ်တော် အတုံးလေးတွေ တုံးပြီး ကျွေးပေးဖို့ပါ။

ဘေဘီလေး သင်္ဘောသီး စားပေးတဲ့အခါ

ဘေဘီလေးအနေနဲ့ သင်္ဘောသီး စားပေးတဲ့အခါ

ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေတယ်

ဘေဘီလေးကို သင်္ဘောသီးကျွေးပေးတဲ့အခါ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေပါတယ်။ ဘေဘီလေးကို နေ့တိုင်း သင်္ဘောသီးမှည့် ကျွေးပေးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

သင်္ဘောသီးမှာပါတဲ့ ဖောလိတ်လို့ခေါ်တဲ့ အင်ဇိုင်းက သွေးကြော နဲ့ သွေးကြောနံရံတွေကို မပျက်စီးစေဖို့ ကာကွယ်ပေး ပါတယ်။

ဝမ်းမှန်စေတယ်

ဘေဘီလေးက ဝမ်းချုပ်တတ်တယ်ဆိုရင်တော့ သင်္ဘောသီးလေး ပုံမှန်ကျွေးပေးဖို့ လိုပါမယ်။ ဒီလို ကျွေးပေးတာက ဘေဘီလေးကို ဝမ်းမှန်စေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်မှာပါ။

သန်ကျစေတယ်

သန်ထတာက တစ်နှစ်အထက် ဘေဘီလေးတွေမှာ အများဆုံး ကြုံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဒါကြောင့် ဘေဘီလေးကို သန်ကျစေချင်တယ်ဆိုရင် သင်္ဘောသီးကျွေးပေးလို့ ရပါတယ်။

အစာကြေစေတယ်

သင်္ဘောသီးက အစာကြေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ လူကြီးရော ဘေဘီလေးတွေပါ အစာကြေစေဖို့ စားသုံးပေးသင့်တဲ့ အသီး တစ်မျိုးပါ။ ဘေဘီလေးကို အစာမကြေမှု ကင်းစေဖို့အတွက် ပြင်ဆင်ပေးလို့ ရပါတယ်

ကိုယ်ခံအား ကောင်းစေတယ်

ဘေဘီလေးတွေက အရွယ်ရောက်ပြီးသူတွေလို ကိုယ်ခံအား မကောင်းကြပါဘူး။ သင်္ဘောသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။ ရောဂါဆိုးတွေဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ဒါတွေတင် မကသေးပါဘူး။ သင်္ဘောသီးမှာ ဗီတာမင် A ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အမြင်အာရုံကို ကောင်းမွန် စေသလို အရေပြားကိုလည်း ကျန်းမာစေပါတယ်။

ကဲ….. ဘေဘီလေးကို သင်္ဘောသီး ကျွေးမလား….. မကျွေးဘူးလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ မေမေရေ………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Can I give my Baby Papaya? https://www.mylittlemoppet.com/can-i-give-my-baby-papaya/ Accessed Date 9 August 2021

PAPAYA FOR BABIES – HEALTH BENEFITS AND RECIPES https://www.beingtheparent.com/papaya-for-babies-health-benefits-and-recipes/ Accessed Date 9 August 2021

Papaya For Babies: Safety, Benefits, Side Effects And Recipes https://www.momjunction.com/articles/benefits-of-papaya-for-babies_00333011/ Accessed Date 9 August 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 09/08/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။