အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 8, 2020 . 2 mins read
Share now

ဒီကနေ့ခေတ်မှာက လင်ရယ် မယားရယ် ဒိုးတူဘောင်ဘက် ရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေများလာပါတယ်။ ဒီတော့ နေ့စဉ်လုပ် လုပ်ငန်းခွင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတဲ့ မိန်းမသားတွေကလည်း တစ်နေ့တခြား ပိုပိုများပြားလာပါတယ်။

အိမ်ထောင့်ဝင်ငွေအတွက် မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက် နေ့စဉ်နဲ့အမျှ အားလပ်ချိန်ရယ်လို့ သိပ်တောင်မရှိလှပါဘူး။

တကယ်လို့ ကိုယ့်မှာ အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးကလည်း ရှိနေမယ်ဆိုရင်တော့ အလုပ်မအားလပ်မှုတွေကြားကနေ ကလေးကို နေ့စဉ် ကျွေးဖို့မွေးဖို့၊ နို့ချိုတိုက်ကျွေးဖို့ ကိစ္စတွေကို စီမံရတာက မိခင်တွေရဲ့ ဝတ္တရားတစ်ခုဖြစ်လာပါတော့တယ်။

ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တကယ်လို့ ကိုယ့်ကလေးအသက် ၆ လ ပြည့်ပြီးပြီ ဆိုရင်တော့ ဖြည့်စွက်စာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။

ဒီလိုအချိန်မှာ ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်တတ်တယ်။ တချို့သော အစားအစာတွေဟာ အာဟာရဖြစ်ပေမယ့် ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်တယ်။ တချို့သောအစားအစာတွေကတော့ ကလေးတွေနဲ့ မသင့်လျော်ဘူး။ မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပြန်ဘူး။

မိခင်တစ်ယောက်အနေနဲ့တော့ ကလေးကို အစာကျွေးမွေးတော့မယ်ဆိုရင် ဒီအချက်တွေကို တွေးရပူရ စဉ်းစားရနဲ့မို့ ပင်ပန်းလွန်းရတတ်ပြန်ပါတယ်။ အလုပ်ကလည်းများ၊ ကလေးအတွက်လည်း ပူရနဲ့ သောကမပွားရစေဖို့ မေမေတို့အတွက် အကြံပြုချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

သားသားမီးမီး အစာကျွေးမွေးမှုအတွက် အကြံပြုချက်များ

အာဟာရ ပြည့်ဝတာတွေကို ပြင်ဆင်ကျွေးမွေးပါ – ကလေးကို ကျွေးမွေးသမျှ အစားအစာတိုင်းကို ဂရုတစိုက်နဲ့ ပြင်ဆင်ကျွေးမွေးပါ။ အာဟာရပြည့်ဝဖို့နဲ့ ကျန်းမာစေဖို့က အဓိက အကျဆုံးအချက်ဖြစ်ပါတယ်။

မိခင်နို့ကိုလည်း ဆက်တိုက်ပါ – ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ၆ လ ကျော်သွားချိန်မှာလည်း မိခင်နို့ကို ဆက်လက်တိုက်ကျွေးလို့ရပါတယ်။

နို့ညှစ်ပြီး စနစ်တကျ သိမ်းဆည်း တိုက်ကျွေးနိုင်ပါတယ် – အာဟာရဓာတ်တွေအများကြီးပါတဲ့ မိခင်နို့ကို အာဟာရဓာတ်တွေ မပျောက်မပျက်စေဘဲ အန္တရာယ်ကင်းအောင် သိမ်းဆည်းပြီး တိုက်ကျွေးလို့ရပါတယ်။ ချက်ချင်းညှစ်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်နို့ဟာ ပုံမှန် လေးနာရီ ဝန်းကျင်ကြာအောင် ထားနိုင်ပါတယ်။ ၄နာရီ ကျော်သွားရင်တော့ ကလေးကို မတိုက်သင့်တော့ပါဘူး။ ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၄ ရက်ထိသိမ်းထားနိုင်ပါတယ်။

Formula Milk လည်း တိုက်နိုင်ပါတယ် – ကိုယ်က အချိန် လုံးဝ မအားလပ်တော့ဘူး၊ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်အရမ်းရှုပ်နေပြီ၊ နို့ကိုသိမ်းဆည်းတိုက်ကျွေးဖို့လည်း အဆင်မပြေတော့ဘူးဆိုရင် Formula Milk တိုက်ကျွေးပြီး အစားထိုးနိုင်ပါတယ်။

အချိန်ကုန်သက်သာစေဖို့ ကိုယ်တိုင် ကလေးနဲ့အတူ စားပါ – ကလေးကို အစားအသောက်တွေ ကျွေးမွေးရင်း ကိုယ်တိုင်လည်း စားတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ အစားအစာရဲ့ အရသာ၊ အခြေအနေကို သိနိုင်သလို အချိန်ကုန်တာကိုလည်း လျှော့ချနိုင်ပါတယ်။ နောက်ပြီး အာဟာရပြည့်ဝမှုကတော့ အပိုဆုပါ။

အာဟာရပြည့်ဝတဲ့ မုန့်ပဲသရေစာတွေ ဆောင်ထားပါ – ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကလေးနဲ့သင့်လျော်တဲ့ အစားအသောက်တွေ၊ မုန့်ပဲသရေစာတွေကို ကိုယ်လက်လှမ်းမီရာမှာ ကြိုတင်သိုမှီးထားသင့်ပါတယ်။ နောက်ပြီး ကလေးသောက်မယ့် သောက်ရေကိုလည်း ခုလိုပဲ အဆင်သင့်ပြင်ဆင်ထားပါ။ ဒီနည်းလမ်းဟာ ကလေးကို ကြုံသလိုကျွေးမွေးမိတာမျိုးတွေ၊ ရေဆာရေငတ်စေတာမျိုးတွေ မဖြစ်စေအောင် ကူညီနိုင်ပါတယ်။

Energy နဲ့ Nutrition ကို မမေ့ပါနဲ့ – ခုချိန်မှာ ကလေးအတွက် အရေးအကြီးဆုံးက ခွန်အားဖြစ်စေဖို့နဲ့ အာဟာရပြည့်ဝဖို့ပါပဲ။ ကျွေးမယ့်အစာတိုင်းမှာ ဒီအချက် ၂ ချက်ကို ထည့်စဉ်းစားပါ။ လတ်ဆတ်တဲ့ သစ်သီးတွေ၊ နို့ထွက်ပစ္စည်းတွေ၊ အသား၊ ငါးနဲ့ အစိမ်းရောင်အရွက်တွေ ကျွေးမွေးနိုင်ပါတယ်။

စနစ်တကျ အကြိမ်ရေ သတ်မှတ်ကျွေးမွေးပါ – အသက် ၁ နှစ်နဲ့ ၂ နှစ်အကြား ကလေးတွေကို ပုံမှန်ပန်းကန်လုံးရဲ့ ၄ ပုံ ၃ ပုံ ပမာဏနဲ့ တစ်နေ့ကို ၄ ကြိမ်လောက် ကျွေးမွေးဖို့ UNICEF က တိုက်တွန်းထားပါတယ်။ အစာစားချိန်တွေရဲ့ အကြားမှာ အဆာပြေမုန့် နည်းနည်းစီ ကျွေးလို့ရပါတယ်။

အသင့်စားအစားအစာတွေ လုံးဝ မကျွေးမွေးပါနဲ့ – အသင့်စား အစားအစာတွေ (Fast Food) နဲ့ အချိုရည်တွေကို လုံးဝ မတိုက်မိအောင် သတိထားပါ။

အစာအမျိုးအစားကို ရောနှောကျွေးပါ – တစ်ခါတစ်ရံမှာ ကလေးက အစာမာတွေကို မနှစ်သက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို ရှောင်လွှဲဖို့ ကလေးကို အစာမာတွေ စကျွေးချိန်မှာ သူနှစ်သက်ရာ အစားအစာနဲ့ ရောနှောကျွေးတာမျိုး လုပ်ပေးသင့်ပါတယ်။

အထက်ပါနည်းလမ်းတွေဟာ အလုပ်များတဲ့ မိခင်တွေ ကလေးကို အစာကျွေးမွေးရာမှာနဲ့ ကျွေးမွေးမှုအတွက် ကြိုတင် ပြင်ဆင်တာ၊ စီမံစဉ်းစားမှုပြုလုပ်တာတွေမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပြီး ကလေးကျန်းမာစေဖို့လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားဆေး အသောက်လွန် ကြတဲ့အခါ

အားဆေး ဗီတာမင် သတ္တုဓာတ် အာဟာရဓာတ် လွန်ကဲခြင်း အဆိပ်သင့်ခြင်း အန္တရာယ် ဘေးဖြစ်ခြင်း ဆေးသောက်ခြင်း ဖြည့်စွက်စာ ဘေးထွက်ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မွေးကင်းစကလေးတွေ ဝမ်းအစိမ်း သွားတာ စိုးရိမ်ရသလား

ဝမ်းအစိမ်း သားသားမီးမီး ဒိုင်ပါလဲ ဝမ်းအရောင် မွေးကင်းစကလေး အစာချေရည် အသားဝါခြင်း မီးပြ Phototherapy Rotavirus မိခင်နို့တိုက် နို့မှုန့်သောက် နို့ဦးရည် လေပွ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်မိခင်တွေ ဖောလစ်အက်ဆစ် သောက်သင့်တဲ့အကြောင်းရင်း

မွေးရာပါချို့ယွင်းချက် ဖောလစ်အက်ဆစ် ကိုယ်ဝန်ဆောင်မိခင် အားဆေး ဖြည့်စွက်စာ သွေးနီဥ အာရုံကြောစနစ်ဖွံ့ဖြိုးမှု သန္ဓေသား နှုတ်ခမ်းကွဲအာခေါင်ကွဲ လမစေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

မိခင်နို့ ရည်မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

မိခင်နို့ ကလေးအာဟာရ ကလေးအသက် ၆လ နို့ဦးရည် ကာကွယ်ဆေး ပဋိဇီဝပစ္စည်း သွေးဖြူဥဆဲလ် ရေတိုက် လက်တို့စ် probiotics prebiotics IgA သူငယ်နာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read
အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 mins read
မေမေ ဖြစ်ခြင်း အနုပညာ

မေမေ ဖြစ်ခြင်း အနုပညာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 mins read
သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင်

သံဓာတ်အားဖြည့်ဆေးသောက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 mins read