မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
Share now

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ……. malted milk လား……. မုယော အားဖြည့်အချိုရည်တွေလား…… ဘီယာလား…. liquor လား……..

ဒါတွေကို မုယောကနေ ထုတ်လုပ်တာပါ။ ဒါတွေ အပြင် မုယောကို သုံးထားတဲ့ ကွတ်ကီးတွေတောင် ရှိပါတယ်။ ဒီပစ္စည်းတွေက ထုတ်လုပ်ပုံတွေ ကွာခြားသွားပေမယ့် မုယောကိုပဲ အသုံးပြုထားတာပါ။ ဒီတစ်ခေါက်တော့ ဒီလောက် အမျိုးအမည် များစွာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မုယော က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ပြောပြပေးသွားပါမယ်။

မုယော (Malt) ဆိုတာ

မုယောဆိုတာ ဆန်၊ ဂျုံတို့လိုမျိုး ကောက်နှံတစ်ခုပါပဲ။ မုယောကို ခူးဆွတ်ပြီးတဲ့အခါ ကောက်နှံတွေကို အရင်ဆုံး ရေစိမ်ရပါတယ်။ အပင်ပေါက်လာစေဖို့ပါ။ ပြီးရင်တော့ လေပူနဲ့ အခြောက်ခံပြီး အပင်မပေါက်အေင်လုပ်ရပါတယ်။

ဒီလုပ်ဆောင်မှုကြောင့် ကောက်နှံထဲက ပရိုတင်းတွေ ပြိုကွဲပြီး အင်ဇိုင်းတွေ ထွက်လာပါတယ်။ ဒီအင်ဇိုင်းတွေက အမိုင်နိုအက်ဆစ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ဒါကြောင့်မို့ မုယောကို တစေးအနေနဲ့ အသုံးပြုကြတာပါ။

မုယောမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

သုတေသန စစ်တမ်းတွေအရ မုယောမှာ အရေးပါတဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ၊ အမိုင်နိုအက်ဆစ်၊ အမျှင်ဓာတ်၊ ဗီတာမင် B အုပ်စုတွေ၊ ပရိုတင်းစတဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။

မုယော ကပေးတဲ့ ကျန်းမာရေး

မုယောက ကျန်းမာရေးကို အခုလို အထောက်အကူပြုပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

မုယောရဲက ကျန်းမာရေး အာနိသင်တစ်ခုက အစာခြေစနစ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေကို အာဟာရ ထောက်ပံ့ပေးတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်က ဝမ်းမချုပ်အောင် လုပ်ဆောင်ပေးပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းအောင် အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အာဟာရ စုပ်ယူမှု ကောင်းတာက ကိုယ်ခံအား စနစ်ကိုပါ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။

သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးတယ်

လေ့လာမှုတွေအရ မုယောက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မုယောမှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ဗိုက် အဆီကျစေသလို ခါးတဝိုက်က အဆီတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သင့်တင့်တဲ့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) ရရှိစေဖို့လည်း ထောက်ကူပေးပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်

မုယောက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။ မုယော မှာပါတဲ့ hordenine လို့ခေါ်တဲ့ ဒြပ်ပေါင်းက ဦးနှောက်ထဲက စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး စိတ်ခံစားမှု ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

မုယောက ဗီတာမင် ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေမှုက အရိုးတွေကို သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပရိုတင်း နဲ့ ကယ်လ်ဆီယမ် ပါဝင်နေမှုက အရိုးတွေ သန်မာအောင် အကောင်းဆုံး ထောက်ကူပေးမှာပါ။

အင်အား ပြည့်ဝစေတယ်

ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း ပါဝင်နေမှုက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနေပါတယ်။

အသားအရေ ကျန်းမာစေတယ် 

နောက်ထပ် အာနိသင် တစ်ရပ်ကတော့ ဗီတာမင် ကြွယ်ဝစွာ ပါဝင်နေတာက အသားအရေကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး အသားအရေ ပြဿနာ ကင်းလို့ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ဒီလို အကျိုးကျေးဇူးများတဲ့ မုယောကို ကျန်းမာရေးအတွက် နှစ်သက်သလို ပုံစံနဲ့ တန်ဆေး လွန်ဘေး ချင့်ချိန်ပြီး မှီဝဲလို့ ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read