ကိုလက်စထရောတက်နေချိန်မှာ ဘယ်အသားတွေ စားလို့ရနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုလက်စထရောဟာ ခန္ဓါကိုယ်အတွက် အရေးပါတဲ့ဓါတ်တစ်မျိုး ဖြစ်ပေမယ့် လိုတာထက်လွန်ကဲလာရင်တော့ သွေးကြောတွေကို ပိတ်ဆို့နိုင်ပြီး နှလုံးတိုက်ခိုက်ခံရနိုင်ချေနဲ့ လေဖြတ်နိုင်ချေကို မြင်ေ့စပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်က သဘာဝအလျောက် ကိုလက်စထရောထုတ်လုပ်ပေမယ့် ခန္ဓါကိုယ်မှာရှိတဲ့ ကိုလက်စထရောအများစုရဲ့ အဓိကအရင်းမြစ်ဟာ ပြည့်ဝဆီတွေပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်ထွက်စားသောက်ကုန်တွေ အထူးသဖြင့် အဆီများတဲ့အသားတွေမှာ ပြည့်ဝဆီပါဝင်မှု အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောတက်နေတိုင်း အသားလုံးဝမစားဘဲ ရှောင်နေစရာမလိုပါဘူး။ ကိုလက်စထရောတက်နေသူတွေ အသားစားသုံးရမယ့် နည်းစနစ်ပုံစံတွေအကြောင်း ဒီဆောင်းပါးမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

အဆီဓါတ်ကြွယ်ဝတဲ့ငါး

အဆီဓါတ်ကြွယ်ဝတဲ့ငါးမှာ မကောင်းတဲ့ကိုလက်စထရော LDL ကို လျော့ချနိုင်ပြီး ကောင်းတဲ့ကိုလက်စထရော HDL ကို မြှင့်တင်ပေးနိုင်တဲ့ omega-3 fatty acid ပါဝင်တယ်လို့ Maryland တက္ကသိုလ်ဆေးပညာဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဆယ်လ်မွန်၊ မက်ကရယ်ငါး၊ albacore တူနာငါး၊ မြောက်အတ္တလန္တိတ်ဒေသထွက် ငါးသလောက်၊ ဆာဒင်းနဲ့ ရေချိုထရောက်ငါး စတာတွေဟာ အဆီဓါတ်ကြွယ်ဝတဲ့ငါးတွေပဲ ဖြစ်ပြီး လူတိုင်းလူတိုင်း တစ်ပတ်မှာအနည်းဆုံး ၂ကြိမ်လောက် စားပေးသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

ဥစားကြက်၊ဘဲ

ဥစားကြက်နဲ့ဘဲသားကို အရေခွံမပါဘဲ အသားချည်းသက်သက်စားမယ်ဆိုရင် ကိုလက်စထရောတက်နေသူတွေအတွက် သင့်တော်ပါတယ်။ အသားတိုင်းမှာ တူညီတဲ့ကိုလက်စထရောပမာဏ (အသား ၈၅ဂရမ်မှာ ကိုလက်စထရော ၇၀ မီလီဂရမ်မှ ၈၀ မီလီဂရမ်) ပါဝင်တယ်ဆိုပေမယ့် အရေခွံမပါဘဲစားမယ်ဆိုရင်တော့ အဆီလျော့ချဖို့အတွက် အကျိုးရှိနိုင်ပါတယ်။ အရောင်ရင့်တဲ့အသားတွေမှာ အဆီပါဝင်မှုများတဲ့အလျောက် ကြက်သား၊ဘဲသားလို အရောင်ဖျော့တဲ့အသား စားတာက ကျန်းမာရေးအတွက် ပိုသင့်တော့်ပါတယ်။ ဥစားကြက်၊ဘဲတွေကို ချက်တဲ့အခါ ကြော်တာထက် ပြုတ်စား၊ ကင်စားတာက သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ဥစားငှက်တွေထဲမှာမှ အဆီပါဝင်မှုပိုများတဲ့ ဘဲသားနဲ့ ဘဲငန်းသားထက် ကြက်ဆင်နဲ့ ကြက်သားကို ရွေးချယ်စားသုံးတာက အကောင်းဆုံး ဖြစ်ပါတယ်။

အနီရောင်အသား

ကိုလက်စထရောတက်နေသူတွေဟာ အနီရောင်အသား (ဥပမာ အမဲသား) လုံးဝမစားဘဲ ဖြတ်လိုက်ရတာမျိုး လုပ်စရာမလိုပါဘူး။ အဆီပါဝင်မှုနည်းပြီး အသားပြည့်တဲ့ အပိုင်းတွေကို ရွေးချယ်စားသုံးတတ်ဖို့သာလိုပါတယ်။ ကုပ်နဲ့နံကြားသား၊ ခါးဆစ်သား၊ ပေါင်ရင်းသားနဲ့ နောက်ခြေထောက်သားတွေဟာ အသားပြည့်တဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ အသားပြင်ဆင်ရာမှာ မျက်စိနဲ့မြင်ရသမျှ အဆီအားလုံးကို ဖယ်ရှားပစ်ဖို့လိုအပ်သလို ချက်ပြုတ်ရာမှာလည်း အဆီသက်သက် အသားသက်သက်ဖြစ်စေမယ့် ကင်ခြင်း၊ ဖုတ်ခြင်း၊ ကြပ်တိုက်ခြင်း စတဲ့နည်းလမ်းတွေနဲ့သာ ချက်ပြုတ်သင့်ပါတယ်။ ပညာရှင်တွေကတော့ လူတစ်ယောက်ဟာ ဘယ်အသားကိုမဆို တစ်နေ့ ၁၇၀ ဂရမ်ထက် ပိုမစားသင့်ဘူးလို့ အကြံပြုထားပါတယ်။

ဝက်သား

ကိုလက်စထရောတက်နေသူတွေအနေနဲ့ ဝက်သားစားသုံးမှုကိုတော့ ကန့်သတ်သင့်ပါတယ်။ ဒီလိုကန့်သတ်ရာမှာ ဝက်ပေါင်ခြောက်၊ ဝက်အူခြောင်းစတဲ့ ကြာရှည်ခံပစ္စည်းတွေ အများကြီးပါဝင်တဲ့ အစားအစာတွေကလွဲပြီး အခြားဝက်သားအမျိုးအစားတွေကိုတော့ ရံဖန်ရံခါ စားသုံးနိုင်ပါတယ်။ ဝက်သားချက်ပြုတ်ရာမှာလည်း အနီရောင်အသားတွေလိုပဲ မျက်စိနဲ့မြင်နိုင်သမျှ အဆီအားလုံးကို ဖယ်ရှားပြီး ကင်စားတာက အကောင်းဆုံးပါပဲ။ ဝက်ကလီစာကိုတော့ လုံးဝမစားဘဲ ရှောင်ကြဉ်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. K Zin Thwe

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ခေါင်းကိုက်တာက အဖြစ်များတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 30, 2019 . 2 mins read

ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2019 . 2 mins read
အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၁၂) ချက်

အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2019 . 2 mins read
ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 6, 2019 . 2 mins read