မျက်စိနာခြင်း အမျိုးမျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

မျက်စိဖိုးအလွှာရောင်ခြင်း (သို့) မျက်စိနာခြင်းဆိုတာ မျက်သားအဖြူနဲ့ မျက်ခမ်းအတွင်းပိုင်းကြားက အလွှာရောင်ရမ်းခြင်း ဖြစ်ပါတယ်။

မျက်စိနာခြင်းဟာ ဓါတ်မတည့်ခြင်း၊ ကလမိုင်ဒီးယားပိုး ဝင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စပ်၊ မှို၊ ကပ်ပါး စတဲ့ ပိုးများဝင်ခြင်း၊ အဆိပ်ဓါတ် ထိတွေ့ခြင်း စတဲ့ပြသနာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်ကို ဖြစ်သလိုတပ်ဆင်ရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတရံမှာ မျက်စိနာခြင်းဟာ လူတစ်ဦးကနေ တစ်ဦးကို ပစ္စည်းအတူသုံးရာကတဆင့်၊ လက်မဆေးဘဲ ထိတွေ့မိရာကတဆင့် ကူးတတ်ပါတယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့ကြောင့် ပိုဆိုးတတ်ပါတယ်။

ဘယ်အရာက ဖြစ်ပွားစေသလဲဆိုတာပေါ် မူတည်ပြီး မျက်စိနာခြင်း အမျိုးအစားများစွာ ရှိပါတယ်။ အောက်ပါအချက်များဟာ အဖြစ်များတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

– ဗိုင်းရပ်စ်ပိုးဝင်ခြင်း။

အဖြစ်မြန်ပြီး မျက်ရည်များစီးကျပြီး မျက်လုံးဟာ နီနေတတ်ပါတယ်။ အနည်းငယ် နာတတ်ပါတယ်။ ကူးစက်လွယ်ပြီး အစုလိုက် အပြုံလိုက် ဖြစ်တတ်ပါတယ်။ ဒီပြသနာရှိသူများဟာ အလင်းရောင်ကို မခံနိုင်ခြင်း၊ မျက်စိထဲ တခုခုဝင်နေသလို ခံစားရခြင်းများ ဖြစ်တတ်ပါတယ်။

– ဘက်တီးရီးယားပိုးဝင်ခြင်း။

ရုတ်တရက် ဖြစ်ပွားကာ ကူးစက်လွယ်ပြီး နာကျင်နေတတ်ပါတယ်။ staphylococcus နဲ့ streptococcus စတဲ့ ဘက်တီးရီးယား ၂မျိုးကြောင့် အဖြစ်များပါတယ်။ မိမိကိုယ်တိုင်ရဲ့ အသက်ရှူလမ်းကြောင်း၊ အရေပြား၊ ဒါမှမဟုတ် တခြားသူဆီကနေ ကူးစက်တတ်ပါတယ်။ မျက်လုံးကနေ ပြည် ဒါမှမဟုတ် မျက်ဝတ်များ ထွက်တတ်ပါတယ်။ မျက်လုံးနီတတ်ပါတယ်။ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။

– ကလမိုင်းဒီးယားပိုးကြောင့်ဖြစ်ခြင်း။

နာတာရှည်ဖြစ်ပွားတတ်ပြီး နာကျင်ပြီး ယားယံတတ်ပါတယ်။ ရောဂါရှိသူနဲ့ လိင်ဆက်ဆံမိရင် ဖြစ်တတ်ပြီး လိင်မှတဆင့် ကူးစက်ရောဂါလို့ ခေါ်နိုင်ပါတယ်။ မျက်လုံးကနေ မျက်ဝတ်များထွက်တတ်ပြီး နီရဲနေတတ်ပါတယ်။ ဒီရောဂါကို ကုသဖို့ doxycycline ဒါမှမဟုတ် erythromycin စတဲ့ ဆေးဝါးများကို ပေးပါတယ်။

– ဓါတ်မတည့်မှုကြောင့် ဖြစ်ပွားခြင်း။

ရုတ်တရက် ပြင်းထန်စွာ ဒါမှမဟုတ် သိပ်မပြင်းထန်ဘဲ ဖြစ်ပွားတတ်ပါတယ်။ ရင်ကျပ်ပန်းနာ၊ ဓါတ်မတည့်မှုကြောင့် ဖျားနာခြင်း၊ နှင်းခူစတဲ့ ဓါတ်မတည့်ခြင်း ဖြစ်တတ်သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ မွှား၊ ဝတ်မှုန် စတာတွေကလည်း ဖြစ်စေတတ်ပါတယ်။ မျက်ရည်ကျခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်စိနာလိုက် ပျောက်လိုက်ဖြစ်ခြင်း စတာတွေ ဖြစ်ပွားတတ်ပါတယ်။ တစ်ခါတရံ ဖြစ်ပွားတဲ့နေရာမှာ မျက်သားဟာ ရောင်ရမ်းနေပြီး မျက်လုံးအဖြူဆန်ပေါ်မှာ အရည်ကြည်ဖုလို ဖြစ်နေတတ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သန္ဓေပြောင်း ကိုဗစ်ရောဂါပိုးအသစ်က ဘယ်လောက်စိုးရိမ်စရာကောင်းလဲ

ကိုဗစ်ဗိုင်းရပ်စ်က သန္ဓေပြောင်းတယ်ဆိုတာမှာလည်း အရမ်းကြောက်စရာကောင်းတယ်လို့ တွေးနေကြလိမ့်မယ်။ ဒါပေမယ့် သန္ဓေပြောင်းတယ်ဆိုတိုင်း ကြောက်စရာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thurein Hlaing Win

အိန္ဒိယမှာဖြစ်ပွားနေတဲ့ အမည်မဖော်နိုင်သေးတဲ့ ကျန်းမာရေးပြဿနာ

အခုလက်ရှိ နိုင်ငံတကာမှာ ကိုဗစ်ဒဏ်ကို အလူးအလဲခံနေကြရစဉ်မှာပဲ အိန္ဒိယနိုင်ငံက ပြည်နယ်တစ်ခုမှာ ဘာရယ်လို့ သေချာ အမျိုးအမည် မသိတဲ့ ရောဂါတစ်ရပ်ဖြစ်ပွားနေပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားတာ စိုးရိမ်စရာလား။

အချို့ မိဘတွေက ဘေဘီလေးကို နာကျင်မှာစိုးတဲ့ စိတ်၊ ကာကွယ်ဆေးထိုးမှ ကလေးဖျားသွားဦးမယ်ဆိုတဲ့စိတ်နဲ့ ကာကွယ်ဆေး မထိုးပေးတာမျိုးတွေ ရှိတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read
အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read