ကလေးများမှာဖြစ်တတ်တဲ့ မျက်စိထိခိုက်ဒဏ်ရာများမျက်လုံးအိမ်ပွန်းခြစ်ဒဏ်ရာ (မျက်ကြည်လွှာပွန်းပဲ့ခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မျက်စိရဲ့မျက်နှာပြင်ကို ပွန်းခြစ်မိခြင်းဟာ အတွေ့ရ အများဆုံး မျက်စိ ထိခိုက်ဒဏ်ရာ ရရှိခြင်းတွေပဲ ဖြစ်ပါတယ်။ မျက်စိကို သစ်ကိုင်း၊ လက်သည်း စတဲ့ အရာဝတ္တု တစ်ခုခုနဲ့ ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ မျက်လုံးကို အမှုန်အမွှားဝင်တဲ့အခါ ပွတ်မိရင်လည်း စုတ်ပြဲခြင်း ဖြစ်တတ်ပါတယ်။

မျက်စိအသားအတွင်း ပြင်ပအရာတခုခု ဝင်ရောက် နေခြင်း

မှန်ကွဲစ၊ အချွန်အတက် စတာတွေဟာ မျက်စိထဲကို ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။ မျက်ကြည်လွှာကိုပါ ထိခိုက်နိုင်ပါတယ်။

မျက်စိရောင်ခြင်း

မတော်တဆ တစ်ခုခုကြောင့် (ဘောလုံးမှန်ခြင်း) မျက်လုံးကို ထိခိုက်မိတာ၊ ရန်ဖြစ်ရင်း လက်သီးနဲ့ ထိုးမိတာ စတာတွေကြောင့် သွေးကြောနဲ့ တစ်သျှူးတွေကို ထိခိုက်စေနိုင်ပြီး မျက်လုံးအိမ်ဟာ အညိုအမဲစွဲ ရောင်ရမ်းလာနိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ရေခဲအိတ်ကပ်တာမျိုးနဲ့ ကုသနိုင်ပေမယ့် အတွင်းပိုင်း ထိခိုက်မှုရှိမရှိ သိရအောင် ဆေးရုံဆေးခန်း ပြသတာ အကောင်းဆုံးပါပဲ။ (Hyphema ဆိုတဲ့ အခြေအနေဟာ မျက်လုံးရှေ့ပိုင်းသွေးယိုတာကြောင့် မျက်လုံးအတွင်း ဖိအားမြင့်တက်ကာ စနစ်တကျမကုသရင် ရေတိမ်ဖြစ်ပြီး မျက်လုံး ကွယ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

မျက်သားသွေးထွက်ခြင်း

မျက်စိသွေးခြေဥခြင်းနဲ့အတူ ဖြစ်လာနိုင်တာကတော့ မျက်လုံးအိမ်ထဲမှာပါ သွေးထွက်ပြီး သွေးခြေဥလာတာ ဖြစ်ပါတယ်။ မျက်ခွံအတွင်းသားနဲ့ မျက်သားနေရာကြား တည်ရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြဲရင် ဖြစ်တတ်ပါတယ်။ မြင်ရတာဆိုးပေမယ့် တစ်ခါတလေ ဆေးကုသဖို့တောင် မလိုဘဲ ရက်ပေါင်းများစွာကြာရင် အလိုလိုပျောက်သွားတတ်ပါတယ်။

ဓါတုပစ္စည်းများကြောင့် လောင်ခြင်း

အက်ဆစ်နဲ့ ထိမိခြင်းဟာ မျက်လုံးမှာ ပြင်းထန်တဲ့ နာကျင်မှုနဲ့ နီရဲမှုကို ဖြစ်စေပါတယ်။ အယ်လ်ကာလိုင်းဟာ မျက်လုံးကို ယားယံနာကျင်ခြင်း မဖြစ်စေပေမယ့် ပိုပြီး အန္တရာယ်များပါတယ်။ အယ်လ်ကာလိုင်းပါဝင်တဲ့ ပစ္စည်းတွေကတော့ အိမ်တွင်း သန့်ရှင်းရေးသုံး ပစ္စည်းများနဲ့ မြေဖြူမှုန်တွေပဲ ဖြစ်ပါတယ်။

သင့်ကလေး မျက်လုံးထိခိုက်မိရင် ဘာလုပ်မလဲ

ထိခိုက်မှု အမျိုးအစားပေါ် မူတည်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်ပြီးတာနဲ့ ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။

  • မျက်စိဟာ ပွန်းခြစ်ဒဏ်ဖြစ်နေမယ်၊ ပြင်ပအရာ တစ်ခုခု အထဲဝင်နေမယ်ဆိုရင် မျက်လုံးကို မှိတ်ခိုင်းထားပြီး မျက်လုံးပေါ် အကာအကွယ်တခုခုနဲ့ ဖုံးထားရပါမယ်။ ထိခိုက်ထားတဲ့နေရာကို တင်းကျပ်အောင်၊ စိုစွတ်အောင် မထားရပါဘူး။ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်လာပြီး ၂၄နာရီအတွင်း ဒုက္ခ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
  • မျက်လုံးထဲ ဝင်နေတဲ့အရာကို ကိုယ့်ဖာသာ ဖယ်ထုတ်တာ၊ ပွတ်ပစ်တာ မလုပ်ပါနဲ့။ မျက်လုံးအပေါ် ဖိအားဖြစ်စေတာဟာ ပြင်ပပစ္စည်းတွေကို မျက်လုံးထဲ ပိုဝင်ရောက်သွားစေပြီး အမာရွတ်ထင်တာ၊ မျက်စိမှာ အမြဲတမ်းထိခိုက်သွားတာ ဖြစ်တတ်ပါတယ်။
  • ကလေးကို တည်ငြိမ်စေဖို့ ဖျောင်းဖျပြီး မျက်လုံး၂ဘက်စလုံးကို အကာတစ်ခုခု အုပ်ထားပေးပါ။
  • ကလေးရဲ့ မျက်လုံးထဲ ဓါတုပစ္စည်းတခုခု ဝင်ရောက်သွားရင် ရေပန်းအောက်မှာ ၁၀မိနစ်လောက် နေပေးရပါမယ်။ ရေဟာ ရေအေးဖြစ်ဖြစ်၊ ကြက်သီးနွေးလောက်ဖြစ်ဖြစ် ရပါတယ်။ တတ်နိုင်သလောက် ရေနဲ့ ရောပါသွားပါအောင် မျက်စိဖွင့်ထားခိုင်းပါ။ ဓါတုပစ္စည်းတွေနဲ့ ထိမိတဲ့အခါ ရေဆေးပြီးတာနဲ့ မြန်နိုင်သမျှမြန်အောင် မျက်စိဆရာဝန်ပြပါ။ ဖြစ်နိုင်ရင် ဘာနဲ့ ထိမိတယ်ဆိုတာ သိအောင် ဓါတုပစ္စည်းကို ဘူးတစ်ခုခုနဲ့ ယူသွားပါ။ ဒါမှမဟုတ် ဓါတ်ပုံ ရိုက်ယူသွားပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်စာ ဓာတ်မတည့်လက္ခဏာ မိဘမျိုးရိုး ကိုယ်ခံအားစနစ် အရေပြား အစားအစာ ကလေး ကြက်ဥ အစေ့အဆန် ပဲအမျိုးမျိုး ပင်လယ်စာ နွားနို့ အသက်ရှူကျပ် အင်ပျဉ် အရေးပေါ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘေဘီလေးနဲ့ နေကြာစေ့

နေကြာစေ့ တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေူ၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မွေးကင်းစ ကလေး ကျန်းမာရေး မိဘ မိခင် အသက်ရှူ မွေးလမ်းကြောင်း ဦးရေပြား အသားဝါ သွေးအားနည်း လေထိုးလေအောင့် နို့အန် မိခင်နို့ အဖျားတက် အအေးမိတုပ်ကွေး သေးခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ ဘေဘီလေးတို့ အိပ်ပျော်စေဖို့ သတိပြုစရာလေးတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 8, 2020 . 3 mins read
အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read