backup og meta

သိထားဖို့လိုမယ့် COVID-19 အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိထားဖို့လိုမယ့် COVID-19 အကြောင်း

    ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့ ၂၀၂၀ ခုနှစ် ည ၁၁ နာရီ ၃၅ မိနစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ကြေညာခဲ့တဲ့ COVID-19 ဟာ ကာကွယ်ဆေး မရှိသေးသလို ကုသနိုင်မယ့်ဆေးလည်း မရှိသေးပါဘူး။ ဒီလို အချိန်မှာ အကောင်းဆုံးလုပ်နိုင်မှာတစ်ခုက ကာကွယ်တာပါ။ ဒီတော့ ကာကွယ်မှုကိုလုပ်မယ်ဆိုရင် ဘယ်လိုဖြစ်တာလဲ၊ ဘယ်လို ကူးစက်တာလဲဆိုတာကို သိဖို့က မဖြစ်မနေလိုတော့မှာပေါ့။ ဒီတော့ COVID -19 နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

    Coronavirus disease (COVID-19) ဆိုတာ……………..

    Coronavirus disease (COVID-19) ဆိုတာ ကူးစက်ပြန့်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးစိတ် အသစ် တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်း ကို ထိခိုက်စေနိုင်ပြီး တုပ်ကွေးလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ရောဂါပိုးကူးစက်ခံရတဲ့အခါ ချောင်းဆိုးတာ၊ ကိုယ်ပူတာ၊ အခြားပြင်းထန်တဲ့ လက္ခဏာတွေနဲ့ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကူးစက်ခံရနိုင်ခြေများတယ်၊ ကူးစက်တာနဲ့ သေမှာပဲလားလို့ဆိုပြီး စိုးရိမ်မနေပါနဲ့။ လက်ကို မကြာခဏ ဆေးကြောသန့်စင်မယ်။ မျက်နှာကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ (၁ မီတာ) ခွာနေမယ်ဆိုရင် ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ နေမကောင်းတဲ့သူနဲ့ အနည်းဆုံး ၃ ပေခွာပြီး နေဖို့လိုပါ မယ်။

    ရောဂါပိုး ဘယ်လို ပျံ့နှံ့တာလဲ……………..

    ရောဂါပိုး ပျံ့နှံ့တာကတော့ အခြားရောဂါပိုးတွေလိုပါပဲ။ ရောဂါပိုးရှိသူကို ထိတွေ့မိရာကနေတဆင့် ကူးစက်တာပါ။ ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာ ကနေ ထွက်လာတဲ့ တံထွေး၊ ချွဲအစအနတွေကနေ ကူးစက်တာပါ။ ဒါတွေက ကိုင်တွယ်ထိတွေ့နေတဲ့ အရာတွေကို ပေကျံသွားတဲ့အခါ ဒါတွေကို အခြားသူတွေက ထိတွေ့မိရာကနေတဆင့် ကူးစက်တာပါ။ ရောဂါပိုးရှိနေတဲ့ လက်တွေနဲ့ မျက်နှာ၊ မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တွေကို ထိတွေ့မိရာကနေ ကူးစက်တာပါ။

    ဘယ်အချိန်မှာ ရောဂါလက္ခဏာ ပြတတ်လဲ…………

    ရောဂါပိုး ကူးစက်ခံလိုက်ရသူတစ်ယောက်ဟာ ရောဂါပိုး စကူးစက်ခံရတဲ့နေ့နေ ၁၄ ရက်အတွင်းမှ ရောဂါလက္ခဏာတွေ ပြလာတတ်ကြပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး ၁၄ ရက်တာ ကာလအတွင်းမှာ ကိုယ်ပူတာအဖျားတက်တာ၊ အားအင်ကုန်ခမ်းတာ၊ ချောင်းခြောက်ဆိုးတာလိုမျိုး လက္ခဏာတွေပြတတ်ပါတယ်။ ရောဂါ ခံစားရသူရဲ့ ၈၀ ရာခိုင်နှုန်းမှာ အထူးကုသမှုတွေ လုပ်စရာမလိုဘဲ ပြန်လည်ကျန်းမာလာကြပါတယ်။

    ရောဂါပြင်းထန်တဲ့အခြေအနေကို ခံစားရသူ အရေအတွက်က နည်းပါတယ်။ ဒီရောဂါပိုး ခံစားရသူက အသက် ၅၀ နှစ်အောက် ဖြစ်မယ်ဆိုရင် ပြန်ကောင်းနိုင်ခြေက ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ အသက်အရွယ် အရမ်းကြီးရင့်နေမယ် (ဥပမာ ၆၀ နဲ့ အထက်) ဖြစ်နေမယ်၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါလိုမျိုး နာတာရှည် ရောဂါတစ်မျိုးမျိုး ခံစားနေရသူတွေမှာတော့ ဒီရောဂါကြောင့် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ…………..

    Coronavirus disease (COVID-19) ကူးစက်ခံရသူတစ်ဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၁ ရက် ကနေ ၁၄ ရက်အတွင်းမှာ

    • ချောင်းခြောက်ဆိုးမယ်

    • အဖျားတက်မယ်

    ခြေကုန်လက်ပမ်းကျမယ်

    အသက်ရှူ ရခက်မယ် စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    ဘယ်လို ကာကွယ်မလဲ………..

    အခုချိန်ထိ Coronavirus disease (COVID-19) ကို ကာကွယ်နိုင်မယ့်ဆေးရာ ကုသနိုင်မယ့်ဆေးပါ မရှိသေးပါဘူး။ ကိုယ်တိုင်ကို ရောဂါ မကူးစက်အောင် ကာကွယ်ခြင်းက အခြားသူတွေကို ကူးစက်မှုမရှိအောင် ကာကွယ်ရာရောက်ပါတယ်။

    ဆောင်ရန်တွေက

    • လက်ကို မကြာခဏဆိုသလို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောပါ။ အယ်လ်ကိုဟောပါတဲ့ ရေမလို လက်သန့်ဆေးရည် ကိုလည်း အသုံးပြုပေးလို့ရပါတယ်။

    • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးနဲ့ အုပ်ပေးပါ။ ပြီးရင် အမှိုက်ပုံးထဲကို သေချာလေး စွန့်ပစ်ပါ။

    • လူတစ်ယောက်နဲ့တစ်ယောက် ၁ မီတာကနေ ၃ မီတာအထိ ခွာနေပါ။

    • နေမကောင်းရင် အိမ်မှာပဲ သီးသန့်နေပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။

    ရှောင်ရန်တွေက

    ညစ်ပေနေတဲ့လက်၊ သန့်စင်ထားတာမရှိတဲ့ လက်တွေနဲ့ မျက်လုံးတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေကို မထိပါနဲ့။

    ကုသနည်းကရော ဘာများလဲ…………

    ဒီရောဂါအတွက် ကုသနည်း ကာကွယ်နည်းရယ်လို့ သီးသန့် မရှိသေးပါဘူး။ အခုထိလုပ်ဆောင်ပေးနေတာကတော့ အသက်ရှူရ အဆင်ပြေစေဖို့ လုပ်ဆောင်ပေးတဲ့ နည်းလမ်းနဲ့ ကုသပေးနေတာပါ။

    ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်မလဲ……….

    ရောဂါ လက္ခဏာ သိပ်မပြင်းထန်ဘူးဆိုရင် နေအိမ်မှာပဲနေပါ။ နေပြန်မကောင်းခင် အထိပေါ့။ ရောဂါလက္ခဏာတွေက သက်သာစေဖို့ဆိုရင်

    ပြည့်ပြည့်ဝဝ အနားယူပါ

    • အိပ်ရေးဝဝ အိပ်ပါ

    ရေများများသောက်ပါ

    ရေနွေးနဲ့ရေချိုးပါ

    အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးပါ။

    ဘယ်အချိန်မှာ ဆေးကုသမှုခံယူမလဲ……..

    အဖျားက မသက်သာဘဲ ကိုယ်ပူကြီးလာမယ်။

    • ချောင်းတွေ တအားဆိုးမယ်။

    • အသက်ရှူရခက်လာမယ် ဆိုရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့လိုပါမယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement