backup og meta

COVID-19 ရောဂါပိုးကို ပျံ့နှံ့စေနိုင်တဲ့ အရာဝတ္တုနဲ့ နေရာများ


Ye Zon Aung မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ရောဂါပိုးကို ပျံ့နှံ့စေနိုင်တဲ့ အရာဝတ္တုနဲ့ နေရာများ

    COVID-19 ရောဂါဆိုးရဲ့ ပျံ့နှံ့မှုနှုန်းဟာ တရုတ်နိုင်ငံမှာ ကျဆင်းသွားပေမယ့် နိုင်ငံတကာမှာတော့ သိသိသာသာလျင်မြန်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း  သံသယလူနာအများအပြားရှိနေပြီး ကြပ်မတ်စောင့်ကြည့်မှု ခံနေကြရပါတယ်။

    ရောဂါပြန့်နှံ့မှုနှုန်း မလျော့ကျသွားသေးတာကြောင့် လူထုအတွင်းမှာ စိုးရိမ်မှုတွေ မြင့်မားနေသလို ဘယ်လို အကြောင်းအချင်းအရာတွေကြောင့်၊ ဘယ်လိုကြားခံပစ္စည်းတွေကြောင့် ရောဂါပိုး ကူးစက်လာနိုင်သလဲဆိုတာကိုလည်း သိလိုစိတ်မြင့်မားနေကြပါတယ်။

    လက်ရှိအချိန်အထိ စမ်းသပ်လေ့လာချက်တွေအရ COVID-19 ရောဂါဟာ အရာဝတ္တုပစ္စည်းတွေထံမှာ ကပ်ငြိတွယ်နေနိုင်စွမ်းရှိပြီးတော့ ပျမ်းမျှ ၂၄ နာရီအထိ ရှင်သန်နိုင်ပါတယ်။ အထူးသဖြင့် မာကျောတဲ့ အရာဝတ္တုတွေအပေါ်မှာဖြစ်ပါတယ်။ ရောဂါပိုးရဲ့ ရှင်သန်နိုင်စွမ်းဟာ အရာဝတ္တုရဲ့ အပူချိန်နဲ့ စိုထိုင်းစပေါ်မှာ မူတည်မှာဖြစ်ပါတယ်။

    COVID-19 ရောဂါပိုး တွယ်ငြိနေနိုင်တဲ့ အရာဝတ္တုတွေနဲ့ နေရာတွေကတော့

  • တံခါးလက်ကိုင်ဘု – တံခါးလက်ကိုင်ဘုဟာ လူအများအပြား ထိတွေ့နိုင်တဲ့ အရာဖြစ်ပြီး ပျံ့နှံ့နိုင်ခြေအများဆုံး ပစ္စည်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
  • ဓာတ်လှေကား ခလုတ် – လူအများနေ့စဉ်ထိတွေ့နေတဲ့ ဓာတ်လှေကားခလုတ်ဟာလည်း ရောဂါပိုးပျံ့နှံ့စေဖို့ တွန်းအားတစ်ရပ်ဖြစ်တာမို့ သတိထားအသုံးပြုရမယ့် အရာဖြစ်ပါတယ်။
  • မာကျောသော မျက်နှာပြင်များ – COVID-19 မာကျောတဲ့ သတ္တုမျက်နှာပြင်တွေနဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီနဲ့ အထက် ရှင်သန်နိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။
  • မိုဘိုင်းလ်ဖုန်း – ဘက်တီးရီးယားပိုးတွေ တွယ်ညိနေတတ်တဲ့ မိုဘိုင်းဖုန်းတွေဟာလည်း ရောဂါပိုးကူးစက်နိုင်ခြေများတဲ့ အရာတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဖုန်းတွေဟာ မျက်နှာ၊ လက်စတဲ့ အစိတ်အပိုင်းတွေနဲ့ အမြဲထိတွေ့နေရသလို နေရာတိုင်းကို သယ်ဆောင်သွားလေ့ရှိတာကြောင့် ရောဂါကူးစက်နိုင်ခြေမြင့်မားပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖုန်းမျက်နှာပြင်ကနေတဆင့် ကူးစက်တယ်ဆိုတဲ့ သက်သေမျိုး မပြသနိုင်သေးပါဘူး။
  • ပိုက်ဆံ – လူပေါင်းများစွာရဲ့ လက်ထဲကို တဆင့်ပြီးတဆင့် ပြောင်းလဲရောက်ရှိနေတတ်တဲ့ ငွေစက္ကူတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေအမြင့်ဆုံး အရာဖြစ်တယ်လို့ အမေရိကန် CDC က ဆိုထားပါတယ်။
  • Self-service checkouts – လေဆိပ်တွေနဲ့ ခရီးသွားနေရာတွေက ကိုယ်တိုင် Self-service checkouts လုပ်တဲ့ စက်တွေကလည်း ရောဂါပျံ့နှံ့စေနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။
  • Touch screens များ – ရုပ်ရှင်ရုံတွေနဲ့ အသင့်စား စားသောက်ဆိုင်တွေက ကိုယ်တိုင် အစားအစာမှာယူတဲ့ Touch screens တွေဟာလည်း ရောဂါပိုးကူးစက်နိုင်ခြေရှိတဲ့အရာတွေဖြစ်ပါတယ်။
  • Vending machines – အစားအစာနဲ့ အချိုရည်တွေ ဝယ်ယူလို့ရတဲ့ Vending machines စက်တွေကလည်း ပိုးမွှားကပ်ငြိနိုင်တဲ့အရာတွေပါ။
  • Remote Control- နေအိမ်တွေမှာ နေ့စဉ်အသုံးပြုနေတဲ့ တီဗီ၊ Air-con နဲ့ ရုပ်သံစက်တွေက Remote Control တွေဟာလည်း ရောဂါပျံ့နှံ့စေနိုင်ပါတယ်။
  • နေရာများ

    World Health Organisation (WHO) ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရောတွေ၊ လူစုလူဝေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အခမ်းအနားတွေဟာ ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့နေရာတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အောက်ပါနေရာတွေကလည်း ရောဂါပိုးပျံ့နှံ့မှုကိုတွန်းအားဖြစ်စေနိုင်တယ်လို့ ဆိုထားပါသေးတယ်။

  • အိမ်သာ
  • ရေချိုးခန်း
  • ဆေးရုံ
  • ကျောင်း
  • ရုပ်ရှင်ရုံ
  • ဘတ်စ်ကား
  • အားကစားခန်းမ (GYM)
  • လူနေဧည့်ခန်း စတာတွေဟာလည်း ရောဂါပိုးကူးစက်မှုကို တွန်းအားပေးနိုင်တဲ့နေရာတွေဖြစ်တာမို့ သတိထားဖို့ ဂရုစိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
  • တစ်ဖက်မှာလည်း ကျွမ်းကျင်သူတွေရဲ့ အဆိုအရ COVID-19 ရောဂါပိုး ကပ်ညိနိုင်ခြေဟာ ထီထိုးသလို အခြေအနေမျိုးလို ဆိုထားတာရှိပါတယ်။ ဘယ်နေရာ ဘယ်အခြေအနေကနေ ကူးစက်မယ်ဆိုတာကို အတိအကျ ခန့်မှန်းဖို့ သိပ်ခက်တာကြောင့်ဖြစ်ပါတယ်။

    ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းဖို့နဲ့ သက်ဆိုင်ရာဌာနတွေက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ကလည်း အရေးအကြီးဆုံးပါပဲ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement