ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read
Share now

ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုနဲ့အတူ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ ပြောင်းလဲမှုတွေ များစွာ တွေ့ကြုံရနိုင်ပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲတာ၊ အသံ ပြောင်းလဲတာအပြင် အခြားသာ ပြောင်းလဲမှု အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။

ဒီပြောင်းလဲမှုတွေထဲမှာ အရေပြား ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပေါ့။ အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရအောင် ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားပါမယ်။

ဆယ်ကျော်သက်တို့ အဖြစ်များတဲ့ အရေပြားပြဿနာ အစုစု

ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတဲ့ ဆယ်ကျော်သက်လေးတွေမှာ အခုလို အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဝက်ခြံ

အရေပြားပေါ်က ချွေးပေါက်တွေ ပိတ်ဆို့မှုကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။

အကြောင်းကတော့ဆယ်ကျော်သက်ကာလမှာ အဆီထွက်တာများသလို ဆဲလ်သေနှုန်းကလည်း မြင့်ပါတယ်။ ဒီကာလမှ အရေပြားကို သေချာ မထိန်းသိမ်းမိတဲ့အခါ ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံတွေ ဖြစ်လာပါတော့တယ်။

နောက်တစ်ချက်က အရေပြားပေါ်က ဘက်တီးရီးယားတွေပါ။ ချွေးပေါက်တွေထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ရာကနေလည်း ဝက်ခြံ ပိုဆိုးလာနိုင်ပါတယ်။

နှင်းခူ

ဒါကလည်း ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုပေါ့။ မျက်နှာ၊ လက်၊ ခြေထောက်၊ တံတောင်ဆစ် စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုက နှင်းခူ ဖြစ်ရခြင်းရဲ့ တရားခံပေါ့။

မျိုးရိုးလိုက်တာ ဖြစ်နိုင်သလို အစားအသောက်နဲ့ အနေအထိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဗောက်

ဗောက် ဆိုတာာက ဦးရေပြား ခြောက်သွေ့မှုရဲ့ အကျိုးဆက် အရေပြား ပြဿနာပါ။ အသက်အရွယ်မရွေး ခံစားရနိုင်သလိုဆယ်ကျော်သက် အများစု ဖြေရှင်းနေရတဲ့ ပြဿနာပေါ့။

ခေါင်း သေချာ မလျှော်တာ၊ ခေါင်းကို သေချာ စင်ကြယ်အောင် မဆေးကြောတာ၊ ဆံသားနဲ့ ဦးရေပြားကို ထိန်းသိမ်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အရမ်းစိုးရိမ်ရမယ့် ပြဿနာတော့ မဟုတ်ပါဘူး။

သဲဝဲ

သဲဝဲက ပိုးဝင် ကူးစက်မှု တစ်မျိုးပါ။ များသောအားဖြင့် ခြေချောင်းလေးတေါ၊ ခြေဖဝါး၊ ခြေချင်းဝတ် စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ မှိုပိုးကူးစက်မှုကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာပါ။

ချွေးတစ်ချိန်လုံး စိုစွတ်နေရာကနေ မှို ပေါက်ဖွားပြီး သဲဝဲ ဖြစ်လာရတာပါ။ နာတာရှည် အရေပြား ပြဿနာတစ်မျိုး ဖြစ်ပြီး မကြာခဏ ပြန်ပြန် ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

နေလောင်တာ

နေလောင်တာက နေရောင်ကို အလွန်အမင်း ထိတွေ့မိတာကြောင့်ပါ။ အသက်အရွယ် အုပ်စုတွေထဲမှာမှ ဆယ်ကျော်သက်အရွယ်တွေက နေလောင်ခံရနိုင်ခြေ အမြင့်ဆုံးပါ။

ဒီလို ပြောရတာက ဆယ်ကျော်သက်တွေက အပြင်ကို သွားလာတဲ့အခါ နေလောင်ကာခရင်မ် မလိမ်းကြသလို ထီးဆောင်းတာ၊ ဦးထုပ် ဆောင်းတာမျိုးလည်း မရှိပါဘူး။

နေအိမ်ပြင်ပမှ လုပ်ရတဲ့ အားကစားတွေကို သဘောတကျ လုပ်တတ်ကြသူတွေကလည်း ဆယ်ကျော်သက်တွေပါပဲ။ နေလောင်တာက အလွန်အကျွံဆို မကောင်းပါဘူး။ အရေပြားကင်ဆာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အရေပြားတစ်ထောက်စာလို့ ဆိုပေမယ့် အရေပြားကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အရေပြားက ရုပ်ရည်သွင်ပြင်ပေါ်တင်သက်ရောက်တာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံတွေ၊ ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတအရာတစ်ခုရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read