backup og meta

စံပယ်ပန်း လှလှလေး ကပေးတဲ့ အသားအရေလှပမှု

စံပယ်ပန်း လို့ ပြောလိုက်ရင် ဖြူဖြူဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။  စံပယ်ပန်း လှလှလေးတွေက အသားအရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။

စံပယ်ပန်း မွှေးမွှေးလေး ကပေးတဲ့ အသားအရေ ကျန်းမာရေး

အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။

ဝက်ခြံတွေကို သက်သာစေနိုင်တယ်

စံပယ်ပန်းက အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာ​ကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို သံပုရာရည်ထည့်လို့ ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို လိမ်းကျံပေးရုံပါ။ ပြီးရင် ခြောက်သွားအောင် ခဏထားလို့ ရေနွေးနဲ့ ဆေးချလိုက်ပါ။

အသားအရောင်မညီတာကို သက်သာစေတယ်

အသားအရောင်မညီတာကို သက်သာစေဖို့ဆိုရင် စံပယ်ရွက်ကို ကြိတ်ပြီး အုန်းဆီနဲ့ ရောစပ်ပါ။ ရလာတဲ့ အရောကို အရေပြားပေါ်လိမ်းပြီး အိပ်ရာဝင်ပါ။ မနက်နိုးလာတဲ့အခါ ရေနွေးနွေးလေးနဲ့ သစ်ချလိုက်ပါ။ တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာက အသားအရောင်မညီတာကို သိသိသာသာ သက်သာစေမှပါ။

အသားအရေ နူးညံ့စေတယ်

စံပယ်ပန်းအဆီကို ရှားစောင်းလက်ပပ်အနှစ်နဲ့ ရောစပ်လို့ ရလာတဲ့အရောကို အိပ်ရာမဝင်ခင် အရေပြားပေါ်မှာ လိမ်းပြီး အိပ်ရာဝင်ပါ။ ဒီလို ပုံမှန်လုပ်ပေးတာက အသားအရေကို တင်းရင်းစေပြီး နူးညံ့စေမှာပါ။

ဦးရေပြား ပြဿနာကင်းစေတယ်

စံပယ်ပန်းအဆီက အရောင်ကျစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ဦးရေပြားမှာဖြစ်တဲ့ အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဦးရေပြား ကျန်းမာရေးအတွက် စံပယ်ပန်းအဆီနဲ့ အုန်းဆီကို ဆတူရောလို့ ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။

အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ စံပယ်ပန်းအဆီက အသားအရေကို ဓာတ်တိုးပစ္စည်းတွေနဲ့ ခရမ်းလွန်ရောင်ခြည်ညစ်ညမ်းမှုတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စံပယ်ပန်းအဆီကို လိမ်းပေးတာက အမာရွတ်တွေ၊ အရေးအကြောင်းတွေ နဲ့ အမဲစက်တွေကို သက်သာစေပြီး အရွယ်တင် နုပျိုနေစေမှာပါ။

ရေဓာတ်ဖြည့်ပေးနိုင်တယ်

စံပယ်ပန်းက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းပေးတာက အသားအရေခြောက်သွေ့မှုကို ကင်းစေပြီး ချွေးပေါက်တွေ ပိတ်ဆို့မှု ကင်းစေပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

စံပယ်ပန်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတဲ့ စံပယ်ပန်းအဆီက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာ​ကြောင့် ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ အမျိုးမျိုးကနေ ကာကွယ်နိုင်မှာပါ။

ချွေးပေါက်တွေကို သန့်စင်ပေးတယ်

စံပယ်ပန်းကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ရလာတဲ့ ရေနွေးကို ဂွမ်းစလေးနဲ့ယူပြီး သန့်စင်ထားတဲ့ မျက်နှာပြင်ပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် ချွေးပေါက်တွေကို သန့်စင်စေပြီး ချွေးပေါက် ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ဆားဝက်ခြံနဲ့ အဆီပြန်တာတွေကို သက်သာစေမှာပါ။

ကဲ …စံပယ်ပန်း လှလှလေးကို သုံးလို့ အသားအရေလေးကို အခုပဲ ထိန်းသိမ်း လိုက်ရအောင်လား……………..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Amazing Benefits Of Arabian Jasmine For Skin, Hair, And Health https://www.stylecraze.com/articles/benefits-of-arabian-jasmine-for-skin-hair-and-health/ Accessed Date 29 April 2020

Beauty Benefits of Jasmine https://wildernorthbotanicals.com/blog/beauty-benefits-of-jasmine/ Accessed Date 29 April 2020

ယခုပုံစံ

11/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ

နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement