ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေမှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် ပမာဏ နည်းသွားတဲ့ အခါမျိုးမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။
အစားမှန်မှန် စားပေးပါ
တစ်ခါတလေမှာ ခေါင်းတစ်ခြမ်းကိုက်ရတာက အစာစားချိန်မမှန်တာကြောင့်ပါ။ ဒါကြောင့် အစားစားချိန် မှန်မှန်လေးနဲ့ သေသေချာချာလေး စားပေးဖို့လိုပါမယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ သေချာလေး စဉ်းစားဖို့ လိုမှာက ငါ အစားစားချိန်မှန်ရဲ့လား ဆိုတာကိုပါ။
ကဲ…ခေါင်းတစ်ခြမ်းကိုက်နေသူလေးတွေရေ အခုပြောခဲ့တဲ့ အစားအစာလေးတွေ စားရင်း ခေါင်းတစ်ခြမ်းကို်ကတာကို သက်သာအောင် လုပ်လိုက်ကြစို့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။