ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ပုံအမူအကျင့်တွေ ကိုယ့်မှာရှိနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 13, 2020 . 2 mins read
Share now

ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ပုံအမူအကျင့်တွေ ကိုယ့်မှာရှိနေသလား

အစားအသောက်နဲ့ပဲလုံးပမ်းနေသူတွေဟာ စားသောက်မှုပုံစံမမှန်ခြင်းလို့ခေါ်တဲ့အခြေအနေမျိုးကို ဖြစ်လာစေမယ့် အမူအကျင့်တွေအဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ စားသောက်မှုပုံစံမမှန်ခြင်း (Disordered eating) ဟာ အစားအသောက်မမှန်လို့ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း(binge eating disorder) ၊ တခါတရံအများကြီးစားမိတတ်သော်လည်း အဝလွန်မှာကြောက်တတ်တဲ့စိတ်ရောဂါ (bulimia) ၊ ဒါမှမဟုတ် ဝမှာစိုးရိမ်ပြီး အစားမစားတာ(anorexia) စတဲ့ အမျိုးအစားများစွာရှိနိုင်ပါတယ်။

စားသောက်မှုပုံစံမမှန်ခြင်းအတွက် ဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းက ခန္ဓါကိုယ်ရဲ့တုံ့ပြန်သံကို နားစွင့်ဖို့ပါပဲ။ ဆိုလိုတာက ကိုယ်တကယ်ဆာလောင်နေတဲ့အချိန်မှသာ စားဖို့၊ ဗိုက်ပြည့်တဲ့အချိန်မှာ စားတာရပ်ဖို့ လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ သည်လိုသတိထားနေထိုင်ကြည့်ရင် အစားအသောက်မှာလစ်ဟာသွားတယ်လို့ မခံစားဘဲ ကယ်လိုရီကိုတောင်ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။

စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း

Cornell University သုတေသီ ပါမောက္ခ Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက်ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့(ပေါက်ပေါက်ပမာဏချင်းတူတူ)သူတွေထက် ၄၅ ရာခိုင်နှုန်းလောက်ပိုစားမိကြတာတွေ့ရပါတယ်။

ဒါ့ကြောင့် ပန်းကန်ကြီးကြီးနဲ့ထည့်မစားပါနဲ့။ ကိုယ့်ထည့်စားမယ့်ပန်းကန်အရွယ်အစားကိုပုံမှန်လောက်ပဲရွေးသင့် သလို ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူတိုက်ရိုက်ယူမစားသင့်ပါဘူး။

ညဘက်ကြီး ထမစားပါနဲ့

ကိုယ်အလေးချိန်ထိန်းသိမ်းချင်တယ်ဆိုရင် ညဘက်အစာစားတာဟာ မကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ညစာစားပြီးပြီဆိုတာနဲ့ မီးဖိုချောင်ပိတ်သွားပြီလို့ ကိုယ့်ဘာသာတွေးထားလိုက်ပါ။ ညစာစားပြီးသွားတိုက် ပါ။ ဒါမှသန့်စင်ပြီးသားခံတွင်းမှာ ထပ်စားချင်စိတ်နည်းစေပါလိမ့်မယ်။ ညလယ်အစာစားချင်လာရင် ၁၀ မိနစ် စောင့်ကြည့်ပါ။ ဒါတောင်ထပ်ဆာနေသေးရင် ချိစ်ချောင်းလေးဖြစ်ဖြစ်၊ သစ်သီးတစ်စိတ်လောက်ဖြစ်ဖြစ် ပမာဏနည်းတာလေးစားလိုက်ပါ။

သရေစာအဆက်မပြတ်စားခြင်း

တချိန်လုံး သရေစာတွေစားနေတာ၊ ကယ်လိုရီများတဲ့အစာတွေမကြာခဏစားမိနေတာလည်းမကောင်းပါဘူး။ အငန်များတဲ့အာလူးကြော်တွေ၊ ဆိုဒါနဲ့သကြားလုံးတို့အပါအဝင် ကျန်းမာရေးအတွက်မကောင်းတဲ့ သရေစာမုန့် တွေကို စားတတ်ကြသူတွေများပါတယ်။ ဒါ့ကြောင့် ဒီလိုစားတဲ့အခါမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာတွေကိုပဲရွေးသင့်ပါတယ်။ဥပမာ- မုန်လာဥနီနဲ့သခွားသီး၊ ဒိန်ချဉ်၊ ဗာဒံစေ့ စတာတွေဖြစ်ပါတယ်။ ကိုယ်စိတ်မနိုင်ဘူးဆိုရင် အာလူးကြော်တွေ၊ ကွတ်ကီးတွေကို အနီးအနားမှာမထားပါနဲ့။

မနက်စာမစားခြင်း

မနက်စာက တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမယ့် တခြားကိစ္စတွေအာရုံများလာတဲ့အခါ စားဖို့အချိန်မရှိဘူးလို့တွေးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့်မနက်စာမစားတဲ့အခါ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်က စတင်နှေးကွေးလာပါတယ်။ မနက်စာက သင့်အတွက်တစ်နေ့စာလိုအပ်တဲ့စွမ်းအင်ပမာဏကိုမြှင့်တင်ပေးတာ ဖြစ်ပြီး မနက်စာမစားရင် နောက်ပိုင်းမှာ ပိုစားမိတတ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်မှာအချိန်မရရင် အသီးအနှံ၊ ဒိန်ချဉ်လိုမျိုး ပြေးရင်းလွှားရင်းနဲ့စားလို့ရမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ မနက်စာကို ကြိုပြင်ထားနိုင်ပါတယ်။

စိတ်ခံစားချက်အရ စားမိခြင်း

အလုပ်မှာအဆင်မပြေတာကြုံလာတဲ့အခါ အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာဖွင့်ပြီးတွေ့ရာထိုင်စားမိတာမျိုးက နည်းလမ်းကောင်းမဟုတ်ပါဘူး။ စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်ပျော်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေကြောင့် ပုံမှန်ထက်ပိုပြီး စားသောက်မိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးလာရင် ထိုင်စားမယ့်အစား လမ်းလျှောက်ထွက်တာ၊ဒါမှမဟုတ်အားပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်တာတွေ လုပ်နိုင်ပါ တယ်။

အလောတကြီး အမြန်စားခြင်း

သရေစာပဲဖြစ်ဖြစ် ထမင်းစားတာပဲဖြစ်ဖြစ် အနောက်ကကျားလိုက်သလို အလောတကြီးစားတာမျိုးက အစာအိမ်နဲ့ ဦးနှောက်ကိုချိတ်ဆက်ဖို့အချိန်မပေးသလိုဖြစ်စေပါတယ်။ အမြန်စားတာကြောင့် ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကမသိဘဲ လိုတာထက်ပိုစားမိတတ်ပါတယ်။ ဒါ့ကြောင့် အစာစားရင်သေချာဝါးပြီး ဖြည်းဖြည်းစားပါ။ စားနေရင်း ရေသောက်ပေးတာကလည်း အစာစားနှုန်းကိုနှေးသွားအောင်ကူညီပေးနိုင်ပြီး ဗိုက်ပြည့်မပြည့် သိနိုင်မှာဖြစ်ပါတယ်။

အသင့်အလွယ်စားသရေစာမုန့်များ

ဒီအစားအစာတွေက ထင်ထားတာထက်ပိုပြီးခန္ဓါကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အဆီများ အချိုများတဲ့အစားအစာတွေဟာ ကိုကင်းနဲ့ဘိန်းလိုပဲ မစားရမနေနိုင် စားချင်လာအောင် စွဲလမ်းစေတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နေ့တိုင်းတော့မဟုတ်ပေမယ့် ကိုယ်တကယ်ကြိုက်တဲ့အစားအစာကိုရွေးချယ်ထားပြီး အတော်အသင့်သာ ချင့်ချိန်စားပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ။ ဆောင်းရာသီမှာ ကျန်းမာအောင် ဘယ်လို စားသောက်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။

ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read