backup og meta

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ……  သင့်ကလေးဟာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အတူ အာဟာရဓါတ်လည်း လိုလာပါတယ်။ ဒါကြောင့် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်ခြင်းဟာ သင့်ကလေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှပါတယ်။ အစားအစာတွေ အများအပြားထဲမှာမှ မိမိကျန်းမာရေးနဲ့ ကိုက်ညီမယ့်အစာတွေကို ရွေးချယ်စားသုံးဖို့အတါက် သင့်ကလေးကို ပညာပေးဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်သလဲ!

ပရမ်းပတာစားခြင်းရဲ့ ဆိုးကျိုးများ

အစားကို ပရမ်းပတာစားတဲ့ ကလေးများဟာ ခံတွင်းပျက်ခြင်း၊ အစားကို အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ်တတ်တဲ့ စိတ်အခြေအနေ၊ ကျောင်းနဲ့ အိမ်မှာပါ ဖိအားဝင်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။

အဲဒီအခြေအနေတွေကနေ ကြွက်သားများ ဆုတ်ယုတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးပြသနာ စတာတွေ ဖြစ်လာတတ်ပါတယ်။ သင့်ကလေးကို ကျန်းမာရေးကောင်းပြီး မိမိကိုယ်ကို ယုံကြည်စိတ် မြင့်မားစေဖို့ ရည်မှန်းချက်များ ချမှတ်ပေးပါ။ အစားအစာအမျိုးမျိုးရဲ့ အာဟာရဓါတ်များကို သိနားလည်အောင် သင်ပေးထားပါ။

မကောင်းသော အစားအစာများ စာရင်း

အောက်ပါအချက်တွေကို ဖြတ်တောက်နိုင်ဖို့ သင့်ကလေးကို ပြောပြပါ။

– အချိုရည်၊ ဖျော်ရည်နှင့် အချိုကဲသော အရည်များ

– ကဖိန်းဓါတ်အများအပြား ပါဝင်သော အင်အားဖြည့် အရည်နှင့် စားစရာများ

– သကြားဓါတ်နှင့် အမျှင်ဓါတ်များစွာပါဝင်သော အစေ့အနှံ စားသောက်ဖွယ်ရာများ။

– ထောပတ်ပေါင်မုန့်၊ ကိတ်မုန့်နှင့် ဒိုးနပ်မုန့်များ။

– အာလူးကြော်နှင့် အခြားအနံ့အရသာ ထည့်ထားသော သရေစာများ

– ထပ်မံပြုပြင်ထားသော ဂျုံဖြင့်လုပ်ထားသည့် ဘီစကစ်၊ ပေါင်မုန့်၊ ခရက်ကာ

– စည်သွပ်စွပ်ပြုတ်များ၊ အဆင်သင့်စားနိုင်သော ခေါက်ဆွဲများနှင့် အခြားစားစရာများ စတာတွေ ဖြစ်ပါတယ်။

ကောင်းသော အစားအစာများ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်ဖွယ်ရာတွေကို ရွေးချယ်နိုင်အောင် သင့်ကလေးကို သင်ပြပါ။

– ရိုးရိုးရေ

– ဆေးသကြားမပါစေဘဲ ကိုယ်တိုင်ဖျော်သော အသီးဖျော်ရည်များ

– အမျှင်ဓါတ်များသော စားစရာများ (မပြုပြင်ထားသော အစေ့အဆန်များ၊ ပဲတောင့်ရှည်၊ အသီးများ၊ ဟင်းသီးဟင်းရွက်များ)

– သရေစာ အစားထိုး အသီးအရွက်များ

– ပြုပြင်မှုနည်းသော သကြားမပါသော အစေ့အဆန် စားသောက်ဖွယ်များ

– သကြားနှင့်ဆားနည်းသော အိမ်တွင်ချက်ပြုတ်သည့် စွတ်ပြုတ်များ

– ရိုးရိုးခေါက်ဆွဲ စတာတွေ ဖြစ်ပါတယ်။

မျှတအောင်စားပါ

ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေ တခါတရံမှသာ စားရုံနဲ့တော့ အန္တရာယ်မဖြစ်တတ်ပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုစားတိုင်းမှာ သူတို့ကို အရမ်းဆူတာမျိုး မလုပ်ပါနဲ့။ အဲဒီအစား သူတိုပရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးပါ။ မျှတ၊ အသင့်အတင့်၊ မျိုးစုံ စတဲ့အမျိုးအစားကို လိုက်နာပါ။ မျှ-သင့်-စုံ လို့ အတိုကောက် မှတ်ထားနိုင်ပါတယ်။

အဓိပ္ပါယ်ကတော့ အမျိုးစုံတဲ့ အစားအသောက်များ (ကီ၊ ဗီတာမင်၊ ဓါတ်ဆား၊ ပရိုတိန်း၊ အဆီဓါတ်) ကို မျှတစွာ အသင့်အတင့် စားရမယ်လို့ ဆိုလိုပါတယ်။ အစားအစာများကို တနေ့လုံးမှာ မျှပြီး စားသောက်ရပါမယ်။ ပုံမှန်အနပ်တွေကိုတော့ အလွတ်ခံလို့ မရပါဘူး။ ပုံမှန်စားရမယ့် အချိန်မှာ လွတ်သွားတာ၊ အရမ်းစားလွန်းတာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ တနေ့တာစားသောက်စရာတွေဟာ မျှတအောင် စီမံရပါမယ်။ လိုတာပိုတာ မကောင်းပါဘူး။

ဘယ်စားစရာအုပ်စုက ဘယ်လောက် စားသောက်သင့်တယ် ဆိုတာကို ရုပ်ပုံကားချပ်နဲ့ ရွေးချယ်ပါ။ မိသားစုနဲ့ အတူ စားသောက်ပါ။ အနည်းဆုံး တနေ့တကြိမ်တော့ မိသားစု အတူစားသောက်ပြီး အစာမကြေ ဖြစ်စေမယ့် တီဗီရှေ့ထိုင်နေတာမျိုးကို ရှောင်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Categorising Foods: Does it Help? http://mypositiveparenting.org/2015/02/14/categorising-foods-does-it-help/ Accessed March 30, 2017

WHAT CAN YOU DO TO HELP PREVENT EATING DISORDERS? https://www.nationaleatingdisorders.org/what-can-you-do-help-prevent-eating-disorders/ Accessed March 30, 2017

HEALTH CONSEQUENCES OF EATING DISORDERS. https://www.nationaleatingdisorders.org/health-consequences-eating-disorders/ Accessed March 30, 2017

ယခုပုံစံ

17/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

အစားအသောက်နဲ့ ဝိတ်ချမယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/08/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement