အာဟာရမပြည့်ဝသော အစားအသောက်များ (သို့) ကိုယ်အလေးချိန်တက်စေသော အစားအသောက်များသည် စိုင်ယာတစ် အာရုံကြောတွင် ပြဿနာဖြစ်စေသည်။ သို့သော် စိုင်ယာတီကာ အကြောနာခြင်းကို လှုံ့ဆော်ပေးသော၊ ပိုဆိုးစေသော အစားအသောက်ရယ်လို့တော့ သတ်သတ်မှတ်မှတ်မရှိပါ။
လေ့လာမှုများအရ ဗီတာမင် ဘီသည် ကျန်းမာသော အာရုံကြောတစ်ရှုးအတွက် မရှိမဖြစ်လိုအပ်သည်။ အစေ့အဆန်များကို သန့်စင်ပြုပြင်ထုတ်လုပ်သော လုပ်ငန်းစဉ်တွင် ဗီတာမင် ဘီ အပါအဝင် တန်ဖိုးရှိသော အာဟာရများကို ဖယ်ထုတ်လိုက်သည်။ ထို့ကြောင့် ပေါင်မုန့်ဖြူ၊ အမျှင်ဓါတ်နည်းသော စီရီယယ်၊ အသင့်စားဆန်၊ ပါစတာ နှင့် ကိတ်မုန့် ဂံျု ဖြင့် ဖုတ်ထားသော မုန့်များ ကဲ့သို့သော ပြုပြင်ထားသော အစေ့အဆန်များအစား သဘာဝအစေ့အဆန်များကို စားသုံးခြင်းသည် အာဟာရနှင့် အမျှင်ဓါတ်အမြောက်အမြား ထောက်ပံ့ပေးပြီး အစာချေဖျက်မှုကို တိုးမြှင့်ပေးကာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည်။
သကြား ထပ်ထည့်ခြင်းသည် အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော် အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသော အစားအသောက်များသည် ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုအားပေးသည်။
ထို့ပြင် ထိုအစားအသောက်များကြောင့် လတ်ဆတ်သော အသီးအနှံကဲ့သို့သော ရောင်ရမ်းခြင်းကို တားသည့် အကျိုးများသော အစားအသောက်များကို သိပ်မစားဖြစ်တော့ပါ။ ထပ်တိုးသကြား မြှင့်မားစွာပါဝင်သည့် အစားအစာ ဥပမာ အချို့မှာ သကြားလုံး၊ အချိုရည်၊ ပန်ကိတ်အရည်၊ အချိုပွဲ၊ ကိတ်မုန့်အပေါ်က အလှဆင်ထားသည့် သကြားလွှာ ၊ ကိတ်မုန့် တု့ိဖြစ်ပါသည်။
ပြည့်ဝဆီသည် ရောင်ရမ်းခြင်းကို ပိုဖြစ်စေသည်။ ပြည့်ဝဆီ အဓိကရင်းမြစ်မှာ နီရဲပြီး ပြုပြင်ထားသော အသားများ၊ မွေးမြူရေးကြက်၏ ပေါင်၊ခြေထောက်၊အတောင်ပံများ၊ မွေးမြူရေးကြက်အရေခွံ၊ ကြော်ထားသော စားစရာများ၊ အဆီများသော နို့ထွက်ကုန်များ နှင့် ဥအနှစ် တို့ဖြစ်ပါသည်။ သင်သည် အစားအသောက်များတွင် ပြည့်ဝဆီအစား အိုမီဂါ သရီးဖက်တီးအက်ဆစ်ကို အစားထိုး စားသုံးနိုင်သည်။ ၎င်းသည် စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းနှင့် ဆိုင်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။
အသွင်းပြောင်းဆီများသည် ဓါတုနည်းအရထုတ်လုပ်ထားသော အဆီများဖြစ်သည်။ ၎င်းသည် သင့်ခန္ဓါကိုယ်ရှိ မကောင်းသောအဆီ (LDL) ကို မြှင့်တက်စေပြီး ကောင်းသောအဆီ (HDL) ကို လျော့နည်းစေသည်။ သင်ရှောင်ကြဉ်သင့်သော အသွင်ပြောင်းဆီ အစားအစာများမှာ မာဂျရင်း (သို့) ဟိုက်ဒြိုဂျင် ဓါတ်ပေါင်းထားသော အသီးအရွက်ဆီပါဝင်သော အစားအစာများ ဖြစ်ပါသည်။
ယေဘုယျအားဖြင့် အကယ်၍ သင်သည် သင်ခံစားနေရသော စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ဝေဒနာ သက်သာစေသော သဘာ၀ အစားအသောက်များကို စားသုံးလိုလျှင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။