ကယ်ဆီယမ်စုပ်ယူနိုင်မှုအတွက် ဗီတာမင်ဒီလိုအပ်ပါတယ်။ နေ့စဉ်ဗီတာမင်ပမာဏ 400 IU to 1000IUအသုံးပြုသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေက ဗီတာမင်ဒီလုံလုံလောက်လောက် ပေးနိုင်ပါတယ်။
နို့မှာဆိုရင် နို့တစ်ခွက်မှာ ဗီတာမင်ဒီ100IUပါပါတယ်။ သင့်အစားအစာမှာ ဗီတာမင်ဒီလုံလုံလောက်လောက်မပါခဲ့ဘူးဆိုလျှင် ဖြည့်စွက်စာမှီဝဲခြင်းနဲ့ ပတ်သက်ပြီးသင့်ဆရာဝန်နဲ့ တိုင်ပငိနိုင်ပါတယ်။ ပမာဏအများကြီးဖြည့်စွက်မိခြင်းကြောင့် အဆိပ်သင့်ခြင်းတွေလည်းဖြစ်နိုင်ပါတယ်။
ခုခံအားမြှင့်တင်ပေးတဲ့အစားအစာများ မှီဝဲပါ။
သင့်ခြေထောက်ကိုတိုက်ခိုက်တဲ့ ဘတ်တီးရီးယားတွေကို တန်ပြန်တိုက်ခိုက်ဖို့နဲ့ အနာ၊ခြေထောက်အနာသို့အရေကြည်ဖုတွေရှိခဲ့ရင် အကျက်မြန်ဖို့ သင့်ခုခံအားစနစ်ကကောင်းမွန်ရပါမယ်။ မှို၊ ကြက်သွန်ဖြူ၊ ဒိန်ချဉ်၊ ဂျုံ၊ ဘာလီ၊ ငါး၊ ကြက်စွပ်ပြုတ်၊ အမဲသား၊ ကန်စွန်းဥနဲ့ လက်ဖက်ရည်က သင့်ခုခံအားစနစ်ကိုအားကောင်းစေပါတယ်။
မဂ္ဂနီဆီယမ်မှီဝဲဖို့လည်း မမေ့ပါနဲ့။
ဗီတာမင်ဒီလိုပဲ ခန္ဓါကိုယ်ကကယ်ဆီယမ်တွေကို စုပ်ယူနိုင်ဖို့ မက်ဂနီဆီယမ်လိုအပ်ပါတယ်။ ခြေထောက်ကျန်းမားရေးအတွက်နဲ့ ခြေဖဝါးအရွတ်ပြားအတွက် မရှိမဖြစ်အရေးပါတဲ့အာဟာရဖြစ်ပါတယ်။
ကယ်ဆီယမ်မက်ဂနီဆီယမ်မမျှတခြင်းက ကယ်ဆိယမ်ချို့တဲ့ခြင်းအတွက် အကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအာဟာရနှစ်ခုကိုမျှမျှတတမှီဝဲခြင်းက သင့်ခန္ဓါကိုယ်အတွက် မက်ဂနီဆီယမ်ထောက်ပံ့ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဟင်းနုနွယ်၊ ဖရုံစေ့၊ ပဲဖြူလေး၊ ပဲနက်၊ garbanzos,ပဲနီကလေး၊ pinto beans၊ ဆန်လုံးညို၊ လူးဆပ်ပြောင်းစသည့်နှံစားကောကနှံ၊ ထောပတ်သီး၊ ငှက်ပျောသီး၊နဲ့ သဖန်းသီးကတွတ်သီးခြောက် တွေကိုစားပေးနိုင်ပါတယ်။
ကျန်းမာတဲ့ခြေထောက်ရရှိဖို့အတွက် ပထမဆုံးလိုအပ်တာကတော့ ကျန်းမာတဲ့အာဟာရမျှမျှတတရရှိဖို့ပဲ ဖြစ်ပါတယ်။ အခြားကျန်းမာရေးအခြေအနေရှိပြီး သင့်အာဟာရအတွက်ဘယ်လိုစီစဉ်ရမလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။