backup og meta

အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။  ။

    အမဲသား ဆိုတာ အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံး အသားလို့ လူတိုင်းက လက်ခံထားကြတဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံက လူတချို့ကသာ ရှောင်စားကြပေမယ့် အနောက်နိုင်ငံတွေ မှာတော့ အမဲသားကို အဓိကထား စားသုံးကြပါတယ်။

    တချို့လူတွေကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြသလို အမဲသားဟာ အားအင်ပြည့်စေဖို့ အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လို့လည်း ပြောကြပါတယ်။ ဒီဆောင်ပါးလေးထဲမှာတော့ အမဲသား စားခြင်းရဲ့ အကျိုးကျေးဇူး ၇ ချက် အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း အမဲကြော်ဆို သိပ်ကြိုက်တာဆိုတော့ ။ ။

    အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။

    အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့

    ၁ – L-carnitine ပါဝင်မှု အများဆုံးပါ။ ။

    L-carnitine ဆိုတာ အသားတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ ပရိုတင်း တစ်မျိုးပါ။ L-carnitine ဟာ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေလို့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ဆီးချိုအမျိုးအစား ၂ သမားတွေ မှာ မနက်ပိုင်းပြန်ပြန်တိုင်းတဲ့ သွေးတွင်းသကြားဓာတ် ပမာဏကို L-carnitineက ထိန်းပေးပါသေးတယ်။ အသားတိုင်းမှာပါဝင်တယ်ဆိုပေမယ့် အမဲသားမှာ ပါဝင်မှု အများဆုံးဖြစ်တာကြောင့် အမဲသားဟာ ကျန်းမာရေးကို အကျိုးပြုတဲ့အသားတစ်ခုပါ။

    ၂ – ဓာတ်တိုးဆန့်ကျင်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Glutathione ထွက်ဖို့ကို အမဲသားက အားပေးပါတယ်။

    ကိုယ်တွင်း အဆိပ်အတောက်တွေကို ဓာတ်တိုးဆန့်ကျင်ပေးတဲ့နေရာမှာ Glutathione လောက် ဆရာကျတဲ့သူ မရှိတော့ပါဘူး။ Glutathione ကို ကိုယ်ခန္ဓာက ထုတ်ပေမယ့် သူ့ကိုထုတ်တဲ့ဖြစ်စဉ်မှာ လိုအပ်တဲ့ amino acid တွေကိုတော့ စားလိုက်တဲ့ အသားတွေ အထူးသဖြင့် အမဲသားကနေ ရပါတယ်။

    ၃ – ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ကြွက်သားတည်ဆောက်ဖို့အတွက်လည်း သူက အားပေးပါသေးတယ် ။ ။

    ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ် ရဖို့ဆို အဆီမပါတဲ့ အသားတွေ စားမှဖြစ်တာပါ။ အဆီမပါတဲ့ အသားဆိုတော့ အမဲသားနဲ့ ကြက်သားက အကောင်းဆုံးပဲလေနော်။

    ၄ – သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

    သွေးအားနည်းရင် အမဲသားစားသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ သင်ကြားဖူးမှာပါ။ ဒါဟာ အမှန်တကယ်ပါ။ အမဲသားမှာ သွေးအားနည်းခြင်းကို အဓိက ကာကွယ်ပေးမယ့် သံဓာတ်တွေ ကြွယ်ဝစွာပါတာကြောင့် သွေးအားနည်းတဲ့သူတွေ အဓိကထား စားသင့်တဲ့ အသားတစ်မျိုးပါ။ အမဲသားမှာ သံဓာတ်တွေ အပြင် ဖော့စဖောရက်စ်၊ ဇင့်ဓာတ်နဲ့ selenium သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါပါတယ်။

    ၅ – ဗီတာမင် B 12 ကြွယ်ဝစွာပါပါတယ်။

    အာရုံကြောနဲ့ ဦးနှောက် စွမ်းဆောင်မှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် B12 ဟာ အသားတွေကနေပဲ အဓိက ရတဲ့ ဗီတာမင် တစ်ခုဖြစ်ပါတယ်။ အမဲသားထဲမှာ အခြား ဗီတာမင် B 2.3.5.6 တို့ ပါဝင်ပေမယ့် B12 ကပါဝင်မှု အများဆုံးပါ။

    ၆ – Conjugated Linoleic Acid လည်းကြွယ်ဝစွာပါပါတယ်။

    အင်ဆူလင် အာရုံခံနိုင်မှုကို တိုးစေတဲ့အပြင် အဆီတွေ လောင်ကျွမ်းစေတဲ့အာနိသင်လည်းရှိတဲ့ Conjugated Linoleic Acid ပါဝင်မှုဟာ မြက်ကိုပဲ အဓိကထား စားသုံးတဲ့ နွားတွေမှာ အများဆုံးပါ။

    ၇ – ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်ချက်တိုင်းကို ချောမွေ့စေတဲ့ Creatine ဟာ အမဲသားမှာ အများဆုံးပါဝင်တာပါ။

    ကြွက်သားတက်စေဖို့၊ ကိုယ်ခန္ဓာရဲ့လှုပ်ရှားမှုတွေ စည်းချက်ညီဖို့၊ အတွက် Creatine ရှိမှရတာပါ။ ဒီလို မရှိမဖြစ်လိုအပ်တဲ့ Creatine ကို အသည်းကထုတ်ပေးပါတယ်။ အမဲသားဟာ အသည်းကနေ Creatine ထုတ်တဲ့ ဖြစ်စဉ်ကို အားပေးသလို သူကိုယ်တိုင်ကလည်း Creatine ကြွယ်ဝတဲ့ အသားတစ်ခုပါ။

    ကဲ ဒီလောက်ဆိုရင်တော့ အဆီလည်း မပါ အသားချည်းပဲ ရှိတဲ့ အမဲသား ဟာ ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုတဲ့ အသားတစ်မျိုးဆိုတာကို အားလုံး သဘောတူကြလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement