ဇင့်ဓာတ် ဆိုတာ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ပါ။ ဇင့်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တွေအတွက် အဓိက ဇာတ်လိုက် တစ်ဦးပေါ့။ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ စွမ်းဆောင်ပေးသလို ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး ခန္ဓာကိုယ်က တစ်သျှူးတွေ ဖြစ်ပေါ်စေဖို့နဲ့ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။
ခန္ဓာကိုယ်က ဇင့်ဓာတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဇင့်ဓာတ်ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ တစ်နေ့တာ ဇင့် လိုအပ်ချက် ပြည့်ဝအောင် ပါဝင်နေဖို့ လိုအပ်ပါတယ်။
တစ်နေ့တာ ဇင့်ဓာတ် လိုအပ်ချက် ပမာဏ
အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို လိုက်ပြီး တစ်နေ့တာ ဇင့်လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့တာမှာ ဇင့် ၁၁ မီလီဂရမ်၊ အမျိုးသမီး တစ်ဦးအနေနဲ့ ၈ မီလီဂရမ်၊ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် တစ်နေ့ကို ဇင့် ပမာဏ ၁၁ မီလီဂရမ် ကနေ ၁၂ မီလီဂရမ် အထိ လိုအပ်မှာ ဖြစ်ပါတယ်။
ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေကတော့ ဇင့်ဓာတ် ချို့တဲ့နိုင်ခြေ များပါတယ်။
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေများ ဖြစ်မလဲ………..
ဇင့်ဓာတ် ကြွယ်ဝစေဖို့ စားပေးသင့်တဲ့ အစားအစာတွေကတော့
ဥအမျိုးမျိုး
နို့ထွက်ပစ္စည်းတွေ ဖြစ်ကြတဲ့ ချိစ်၊ ဒိန်ချဉ်တို့မှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဇင့်အပြင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ပဲနီလေးက ဇင့်ဓာတ်ကြွယ်ဝတဲ့ အာဟာရ အရင်းအမြစ် တစ်ရပ်ပါ။ ပဲနီလေးမှာ တစ်နေ့တာ ဇင့်လိုအပ်ချက်ရဲ့ ၂၃ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ပဲနီလေးမှာ အမျှင်ဓာတ်လည်း ၅၆ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။
ကုလားပဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေသလို ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးတဲ့ ဇင့်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
အရသာ ပြည့်ဝလှတဲ့ ရှီတာကီမှိုမှာ တစ်နေ့တာ ဇင့်လိုအပ်ချက်ရဲ့ ၁၈ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ရှီတာကီမှိုမှာ ဇင့်အပြင် ဗီတာမင် D နဲ့ ပိုတက်ဆီယမ်လည်း ပါဝင်နေပါတယ်။
အမဲသားမှာ ပရိုတင်း၊ သံဓာတ်၊ ဗီတာမင် B12 တို့ ပြည့်ဝစွာ ပါဝင်နေသလို ဇင့်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇင့်လိုအပ်ချက် ပြည့်ဝစေဖို့ဆိုရင် တစ်ပတ်ကို အမဲသား ၁၈ အောင်စ စားဖို့ လိုပါမယ်။
ပဲပြားက ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ပဲပြားမှာ ဇင့်အပြင် ပရိုတင်း နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နို အက်ဆစ် ၉ မျိုး ပါဝင်နေပါတယ်။ ပဲပြား တစ်ပန်းကန်စာမှာ ဇင့် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၆ ရာခိုင်နှုန်းပါဝင်နေသလို အမျှင်ဓာတ်၊ ကယ်လ်ဆီယမ် နဲ့ သံဓာတ်တို့လည်း ပါဝင်နေပါတယ်။
နေ့စဉ်စားသုံးမှုမှာ အခုပြောခဲ့တဲ့ အစားအစာ တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးလောက် ပါဝင်အောင် စားသုံးပေးတာက ကိုယ်ခံအား ကျန်းမာစေမယ့် ဇင့်ဓာတ်ကို ပြည့်ဝစွာ ရရှိစေမှာပါ။
[embed-health-tool-bmr]