backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Morning မှာ Garlic Tea လေး သောက်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 25/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Morning မှာ Garlic Tea လေး သောက်ပေးပါ။

ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကတော့ ထွေထွေထူးထူး မပြောဘဲတောင် အားလုံးက သိထားပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူကို ဟင်းထဲ ထည့်ချက်တာမျိုး ရှိသလို တို့စားတာလည်း ရှိပါတယ်။ ဟင်းခါးထဲ ထည့်ချက်ရင်လည်း အနံ့ရော အရသာပါ ပြည့်စုံစေတဲ့ ဆေးဖက်ဝင်တဲ့ ဟင်းခတ် တစ်မျိုးပါ။

ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူလေးကို ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ နေ့စဉ် စားသုံးမိမယ့် နည်းလမ်းလေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ မနက်ခင်းတိုင်းမှာ သောက်ပေးရမယ့် Garlic Tea လေး ပါ။ Morning မှာ Garlic Teaလေး သောက်ပေးပါ။ လို့ ပြောရတဲ့ အကြောင်းအရင်းကို အတူတူကြည့်လိုက်ရအောင်နော်။

Garlic Tea ဆိုတာ

Garlic Tea ဆိုတာက ကြက်သွန်ဖြူကို နုတ်နုတ်စဉ်း ဒါမှမဟုတ် ဓားပြားရိုက်ပြီး ရေနွေးဆူဆူထဲကို ၁၅ မိနစ်လောက် ထည့်စိမ်ထားတာကို ဆိုလိုတာပါ။

Garlic Tea ရဲ့ အာဟာရ

Garlic Tea မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အမျှင်ဓာတ်
  • မဂ္ဂနိစ်
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • ဆီလီနီယမ် တို့ပါဝင်နေပါတယ်။

Morning မှာ Garlic Teaလေး သောက်ပေးပါ။

Morning မှာ Garlic Tea လေး သောက်ပေးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

ကြက်သွန်ဖြူမှာ နှလုံး ကျန်းမာစေတဲ့ အာနိသင်တွေ ရှိပါတယ်။ အကြောင်းကတော့ ကြက်သွန်ဖြူမှာ allicin မှာ ပါဝင်နေတာကြောင့် နှလုံးသွေးကြော မကျဉ်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးတွင်းကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။

သွေးကြောတွေမှာ ပိတ်ဆို့မှု ကင်းစေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကြက်သွန်ဖြူက မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။

Garlic tea လေး မှာ anti-carcinogenic အာနိသင် ပါဝင်နေတာကြောင့် ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

အအေးမိတာ၊ ချောင်းဆိုးတာ၊ ထိပ်ကပ်နာ၊ အဖျား၊ နှာခေါင်းပိတ်၊ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ဖြစ်သူတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဝိတ်ကျချင်တယ်ဆိုရင်တော့ ကြက်သွန်ဖြူ ရေနွေးကြမ်းလေး သောက်ပေးလို့ရပါတယ်။ အဆီကျစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်သလို အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

Garlic Teaလေး ဘယ်လို လုပ်မလဲ …..

Garlic Teaလေး လုပ်ဖို့အတွက်

  • ရေနွေးဆူဆူ တစ်ခွက်စာထဲကို ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာလောက် ထက်ခြမ်းပိုင်း ထည့်ပါ။
  • ပြီးရင် သံပုရာသီး တစ်စိတ်ညှစ်ထည့်ပါ။
  • ပျားရည်ကြိုက်ရင် အနည်းငယ် ထည့်လို့ ရပါတယ်။
  • ပြီးရင် အဖုံးလေး အုပ်ထားလိုက်ပါ။
  • ၁၅ မိနစ်ထားပြီးရင် သုံးဆောင်လို့ ရပါပြီ။

ပုံမှန် သောက်သုံးပေးမယ်ဆိုရင် ကျန်းမာလာတာကို တွေ့ရမှာပါ။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ပမာဏများများစားမိတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ ခံတွင်းပူတာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်၊၊ ဒီဆိုးကျိုးတွေက များများစားလေလေ ပိုဆိုးလေလေပဲ ဖြစ်ပါတယ်၊၊

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ပုံမှန်အတိုင်း ချက်ပြုတ်စားတဲ့ထဲမှာပါတာက ပြဿနာမဟုတ်ပေမယ့် အလွန်အကျွံစားတာကို ဆင်ခြင်သင့်ပါတယ်၊၊

အစာအိမ်ရောဂါရှိသူတွေအနေနဲ့လည်း အစာအိမ်နာနေတဲ့အချိန်မှာ ကြက်သွန်ဖြူစားတာကို ရှောင်သင့်ပါတယ်၊၊

ဒါတွေအပြင် အောက်ပါအချက်တွေ ရှိတဲ့သူတွေက ကြက်သွန်ဖြူအလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်၊၊ တကယ်လို့ ကြက်သွန်ဖြူ ဖြည့်စွက်အားဆေးတွေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊

  • တီဘီဆေးသောက်နေတဲ့သူတွေ
  • သွေးကျဲဆေး သောက်နေရတဲ့သူတွေ
  • သန္ဓေတားဆေး သောက်နေရသူတွေ
  • HIV / AIDS ရောဂါကြောင့် ဆေးသောက်နေရသူတွေ
  • NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးသောက်နေရသူတွေ

ဘာတွေ သတိထားရမလဲ

ကြက်သွန်ဖြူက သွေးကျဲစေတဲ့ သတ္တိရှိပါတယ်၊၊ ဒါကြောင့် နဂိုသွေးမတိတ်ရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေသူတွေက ပမာဏများများစားတာကို ရှောင်သင့်ပါတယ်၊၊ ဒီအချက်ကြောင့်ပဲ ခွဲစိတ်မှု လုပ်စရာ ရှိတဲ့သူတွေဆိုရင် မခွဲခင် ၂ပတ်အလိုတည်းက ကြက်သွန်ဖြူစားတာကို ရပ်ထားသင့်ပါတယ်၊၊

ကြက်သွန်ဖြူ စားတာက ကျန်းမာရေးအတွက် ကောင်းစေတယ်ဆိုပေမယ့် အခုပြောပြတဲ့ ပြဿနာလေးတွေ ရှိနေမယ်ဆိုရင်တော့ သတိထားစားတာ အကောင်းဆုံး ဖြစ်မှာပါ။

Morning မှာ Garlic Teaလေး သောက်ပေးပါ

Morning မှာ Garlic Tea လေးသောက်ပေးပါ။ ဒီလို သောက်ပေးတာက
  • နှလုံး ကျန်းမာစေတယ်
  • ကိုယ်ခံအား ကောင်းစေနိုင်တယ်
  • ကင်ဆာ ကာကွယ်ပေးနိုင်တယ်
  • အသက်ရှူလမ်းကြောင်းကို ကျန်းမာစေတယ်
  • ဝိတ်ကျစေနိုင်တယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 25/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement