သီဟိုဠ်စေ့ကို ကလေးလူကြီးမရွေး အကုန်လုံး စားကြပေမယ့် သီဟိုဠ်ရွက် ကိုတော့ လူကြီးတွေလောက်ပဲ စားတာ များပါတယ်။ စားလိုက်ရင် ရှိန်းတိန်းတိန်း မွှေးတေးတေးလေး ဖြစ်တဲ့ သီဟိုဠ်ရွက်က ကျန်းမာရေးအတွက် အထောက်အပံ့ပေးလား …… စားကောင်းရုံ သက်သက်ပဲလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
သီဟိုဠ်ရွက် ကို ဘယ်လို စားကြလဲ …….
သီဟိုဠ်ရွက်ကို အတို့အမြှုပ်အနေနဲ့ စားကြတာ များပေမယ့် ဟင်းချက်စားကြတာမျိုးလည်း ရှိပါတယ်။ ချဉ်ဟင်းတွေထဲမှာ ထည့်ချက်စားတာမျိုးလည်း ရှိပါတယ်။
အရွက် နုနုလေးတွေ ဆိုရင်တော့ အတို့အမြှုပ် လုပ်ပြီး စားတာက အကောင်းဆုံး ဖြစ်မှာပါ။ သီဟိုဠ်ရွက်က တစ်နှစ်ပတ်လုံး ရရှိနိုင်တဲ့ အရွက် တစ်မျိုးပါ။
သီဟိုဠ်ရွက်မှာ အာဟာရတွေ ပါလား ………
သီဟိုဠ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ကပ်ပါးပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ရန်ကနေ ကာကွယ်ပေးနိုင်ပြီး ပိုးသတ်ပေးနိုင် ပါတယ်။ အရောင်ကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။
ဒါတွေအပြင်
- ဗီတာမင် B
- ဗီတာမင် C
- သံဓာတ်
- ကယ်လ်ဆီယမ်
- ဇင့်
- မဂ္ဂနီဆီယမ်
- ဖော့စဖရိတ်
- မဂ္ဂနိ့
- ဆိုဒီယမ်
- ပိုတက်ဆီယမ်
- ဗီတာမင် E
- ဗီတာမင် K
- thiamin
- niacin
- riboflavin နဲ့
- pantothenic acidတို့ ပါဝင်နေပါတယ်။
သီဟိုဠ်ရွက် က ဆေးဖက်ဝင်လား ……
ဖိလစ်ပိုင်မှာ သီဟိုဠ်ရွက် နုနုလေးတွေကို ရောဂါတွေ သက်သာစေဖို့နဲ့ အရေပြားပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပါတယ်။ သီဟိုဠ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။
- သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို အားဖြည့်ပေးနိုင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို sickle cell (မွေးရာပါ သွေးနီဥဆဲလ် ပုံပျက်သော သွေးအားနည်းရောဂါ) ရောဂါ ခံစားနေရသူတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။
- နှလုံး ကျန်းမာစေနိုင်ပါတယ်။
- အာရုံကြောတွေ ကျန်းမာစေနိုင်ပါတယ်။
- ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေနိုင်ပါတယ်။
- သည်းခြေအိတ်မှာ ကျောက်တည်တာကို သက်သာစေနိုင်တယ်။
- ဆီးချို သက်သာစေနိုင်တယ်။
- ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- ကိုယ်ခံအား ကောင်းစေပါတယ်။
- သွားကိုက်တာ သက်သာစေတယ်။
- သွားနာ သက်သာစေတယ်။
- သွားဖုံးတွေကို ကျန်းမာစေတယ်။
- ခံတွင်းနံ့ ကောင်းစေတယ်။
- အပူလောင်တာကို သက်သာစေတယ်။
- အရေပြား ပြဿနာတွေကို သက်သာစေနိုင်တယ်။
- ကင်ဆာ ကာကွယ်ပေးတယ်။
- ကင်ဆာကျိတ်တွေကို သက်သာစေနိုင်တယ်။
- ကင်ဆာ ကုထုံးတွေကို ပိုမို ထိရောက်စေနိုင်တယ်။
- အရိုးတွေ သန်မာစေနိုင်တယ်။
အတို့အမြှုပ်အနေနဲ့ စားလေ့ရှိတဲ့ သီဟိုဠ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။
သီဟိုဠ်ရွက် ကျန်းမာစေသလား
[embed-health-tool-bmr]