လက်ဖက်သုပ်က အိပ်ချင်ပြေစေသလို ညဘက်အိပ်ခါနီးမှစားရင် အိပ်မပျော်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လက်ဖက်ထဲကို သံပရာသီးညှစ်ပြီးစားပေးလို့ရပါတယ်။ လက်ဖက်ရည်သောက်တာထက်စာရင်တော့ လက်ဖက်သုပ်စားတာက ခန္ဓာကိုယ်ကို ပိုပြီးအကျိုးပြုပါတယ်။ လက်ဖက်ရည်သောက်တာက အဆီပိုများသလို ကယ်လ်လိုရီလည်းပိုများပါတယ်။
နောက်တစ်ချက်က လက်ဖက်မှာ စိတ်ပူပန်မှုတွေ နဲ့ ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ)ကို သက်သာစေနိုင်တဲ့ အမိုင်နိုအက်ဆစ်လို့သိကြတဲ့ L-theanineဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါတွေတင်မကပါဘူး လက်ဖက်မှာရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။
ဘယ်သူတွေလက်ဖက်မစားသင့်ဘူးလဲ
လက်ဖက်က ကျန်းမာရေးကို အကျိုးပြုတဲ့အချက်တွေအများကြီးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ အများကြီးတော့မစားသင့်ဘူးပေါ့။ ဘယ်သူတွေက ပိုမစားသင့်ဘူးလဲဆိုရင် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ကျောက်ကပ်ဝေဒနာသည်တွေ၊ အသည်းဝေဒနာသည်တွေကတော့ မစားသုံးသင့်ပါဘူး။နောက်တစ်ချက်က သံဓာတ်အားနည်းသူတွေပါ။
ကဖင်းဓာတ်ပါတဲ့အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင် သာမန်ကျန်းမာတဲ့သူတွေမှာတောင် အိပ်မပျော်တာ၊ ခေါင်းထဲမှာ ငြီးစီစီဖြစ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းသွားတာ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လက်ဖက်မှာလည်း ကဖင်းဓာတ်ပါတာကြောင့် အလွန်အကျွံစားသုံးတာမျိုးမလုပ်ဖို့ပါ။ တစ်နေ့တာလုံး လက်ဖက်သုပ်လည်းစား၊ လက်ဖက်ရည်လည်းသောက်၊ ကော်ဖီလည်းသောက်တာမျိုးဆိုရင်တော့ ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတယ်မည်တာပေါ့နော်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်းဆေးဖက်ဝင်တဲ့လက်ဖက်ကို အတိုင်းအချင့်လေးနဲ့စားသုံးပြီးကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။