ဘေဘီလေးကို လက်ဖက်ကျွေးရင် ဘာတွေ ဖြစ်လာနိုင်လဲ…………
ဘေဘီလေးကို လက်ဖက်ကျွေးရင်
လက်ဖက်မှာပါတဲ့ ကဖင်းက ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ အားလုံးဆီ ရောက်သွားပြီး သွေးပေါင်ချိန်ကို တက်စေတာ၊ နှလုံးခုန်မြန်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး လက်ဖက်မှာပါတဲ့ ကဖင်းက ခန္ဓာကိုယ် အပူချိန်ကို ပြောင်းစေပြီး အစာခြေရည်ကိုလည်း ပြောင်းလဲစေပါတယ်။
လက်ဖက်စားရင် စိတ်ဓာတ်ကြွမှုကို ခံစားရနိုင်ပေမယ့် ရေရှည်မှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာတွေကို ခံစားရနိုင်ပါတယ်။ ဘေဘီလေးရဲ့ အာရုံ စူးစိုက်နိုင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
လက်ဖက်စားရင် အိပ်မပျော်တာက လူကြီးတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လက်ဖက်က နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်စေပါတယ်။
လက်ဖက်က ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေး တစ်ယောက်အနေနဲ့ သံဓာတ်မပြည့်ဝတာက အာရုံစူးစိုက်မှု အားနည်းသလို ဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။