brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရပြည့်ရဲ့လား။

အသားခြောက်တွေငါးခြောက်နဲ့ သစ်သီးခြောက်တွေက တာရှည်ခံသလို စားရတာလည်း ခံတွင်းတွေ့လှပါတယ်။ ဒါဆို မေးစရာရှိတာက အသားခြောက်တွေ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ အသီးအရွက်တွေ၊ ငါးခြောက်တွေ၊ ပုစွန်ခြောက်တွေလိုမျိုး အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရတန်ဖိုး ပြည့်ရဲ့လားဆိုတာပါ။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရပြည့်ရဲ့လား။

တာရှည်ခံအောင် အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရ ပြည့်ရဲ့လား ………

တာရှည်ခံအောင် အခြောက်ခံထားတဲ့ ငါးခြောက်၊ အသားခြောက် စတာတွေက ဆားပါဝင်မှု များတာကြောင့် သွေးတိုးတာမျိုး ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ လူအတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါတွေအပြင် အာဟာရတန်ဖိုးရော လျော့သွားနိုင်သလား။ အခြောက်ခံထားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတော့ အစားအစာတွေကို အခြောက်ခံတာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးလည်း အနည်းငယ်တော့ ရှိပါတယ်။

ကောင်းကျိုးတွေက ဘာတွေများလဲ…….

အစားအစာတွေကို အခြောက်ခံတာက

  • အာဟာရဓာတ်တွေကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။
  • အခြောက်ခံလိုက်တာက အစားအစာတွေမှာ ပါတဲ့ အစိုဓာတ်ကို ဖယ်ရှားပေးမှုနဲ့အတူ အစားအစာတွေပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေမှိုတွေနဲ့ ကပ်ပါးကောင်လေးတွေကို ဖယ်ရှားပေးပါတယ်။
  • နောက်တစ်ချက်က တာရှည်ခံပြီး ထိန်းသိမ်းရ လွယ်ကူတာပါ။
  • အစားအစာတွေကို အခြောက်ခံလိုက်တဲ့အခါ အစားအစာမှာ ပါတဲ့ ကယ်လ်လိုရီ ပမာဏ တိုးသွားပါတယ်။

ဆိုးကျိုးတွေကရော ဘာတွေများလဲ ……

ဆိုးကျိုးတွေကရော ဘာတွေများလဲ ......

ဆိုးကျိုးလို့ ဆိုရမယ့် အချက်တွေကတော့

  • အစားအစာတွေကို အခြောက်ခံလိုက်တဲ့အခါ အာဟာရ ဆုံးရှုံးမှုကတော့ အနည်းအကျဉ်း ရှိနိုင်တာပါ။
  • သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေထဲမှာပါတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ဟာ အပူဒဏ်ကို ခံရတဲ့အခါမျိုး နဲ့ လေသလပ်ခံရတဲ့ အခါမျိုးမှာ ပျက်စီး သွားတတ်ပါတယ်။
  • အစားအစာတွေကို အခြောက်ခံတဲ့အခါ မပုပ်သိုးအောင် ထည့်သုံးလေ့ရှိတဲ့ Sulfite ကြောင့် သီရာမင်းဓာတ် ဆုံးရှုံးနိုင်ပါတယ်။
  • အသီးအရွက်တွေကို အခြောက်ခံဖို့ ဆေးကြောသန့်စင် ပေါင်းခံမှုတွေ လုပ်တာကြောင့်လည်း ဗီတာမင် B complex နဲ့ ဗီတာမင် A၊ ဗီတာမင် C တို့ အပါအဝင် အချို့သော သတ္တုဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။

တကယ်ကတော့ အစားအစာတွေက အခြောက်ခံတာကြောင့် တင်မဟုတ်ပါဘူး။ ချက်လိုက်တဲ့ အခါမှာလည်း ရေထဲမှာ အာဟာရဓာတ်တွေ ပျော်ဝင်သွားပြီး အာဟာရဓာတ်တွေ လျော့ပါး သွားနိုင်ပါတယ်။

အချုပ်အနေနဲ့ ပြောပြရရင် အစားအစာတွေကို အခြောက်ခံတာက အာဟာရတန်ဖိုး လျော့စေတယ်ဆိုပေမယ့် ဘက်တီးရီးယား နဲ့ မှိုအန္တရာယ်တော့ လျှော့ချပြီးသားဖြစ်ပါတယ်။ ဗီတာမင်တွေ လျော့ကျပေမယ့်လည်း ကယ်လ်လိုရီ ပမာဏက တိုးလာတယ်ဆိုတော့ အဆိုးအကောင်းက ဒွန်တွဲနေတာပါ။ အခြောက်ခံထားတဲ့ အစားအစာတွေမှာ ရေဓာတ် ပါဝင်မှု ကတော့ zero ပါ။

အစားအစာတွေက အခြောက်ခံတာ ကျန်းမာစေရဲ့လား

အစားအစာတွေက အခြောက်ခံတာကြောင့် တင်မဟုတ်ပါဘူး။ ချက်လိုက်တဲ့ အခါမှာလည်း ရေထဲမှာ အာဟာရဓာတ်တွေ ပျော်ဝင်သွားပြီး အာဟာရဓာတ်တွေ လျော့ပါး သွားနိုင်ပါတယ်။ ဒါပေမယ့် မှို နဲ့ ဘက်တီးရီးယား အန္တရာယ်တော့ နည်းသွားပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။