ကလေးသူငယ်များ ၊ ဆေးလိပ်သောက်သူ သို့ ဆေးလိပ်ငွေ့ရှူနေရသူများ ၊ ဂေဟာများ ၊ ကျောင်းများ ၊ စစ်တိုက်ထွက်နေရသူများ ၊ ဆီးချိုသွေးချိုရှိသူနှင့် အလွန်အမင်းမောပန်းလွယ်ခြင်း၊အစားအသောက်ချို့တဲ့ခြင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းနှင့်လတ်တစ်လောဖျားနာမှုများကြောင့်ကိုယ်ခံအားကျဆင်းနေသူများတွင်ပိုပြီးအဖြစ်များပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
စစ်ဆေးသူဟာ သင့်ရဲ့လည်ပင်းကိုစစ်ဆေးပြီးလည်ချောင်းရောင်ခြင်းကိုစမ်းသပ်စစ်ဆေးပါလိမ့်မယ်။ သင့်လည်ချောင်းမှာအရည်ကိုယူပြီးစမ်းသပ်စစ်ဆေးခြင်းဟာ ဘတ်တီးရီးယားကြောင့်လည်ချောင်းနာခြင်းမဟုတ်ကြောင်းကိုဖော်ပြပါလိမ့်မယ်။
Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အတိအကျကုသမှုရယ်လို့တော့မရှိပါဘူး။ တစ်နေ့ကို ဆာရည်နွေးဖြင့်အကြိမ်များစွာ ပလုတ်ကျင်းပေးခြင်းဖြင့်ရောဂါလက္ခဏာများကိုသက်သာစေနိုင်ပါတယ်။ ပါရာစီတမောကဲ့သို့အရောင်ကျဆေးများသောက်သုံး၍လည်းအဖျားကိုထိန်းချုပ်နိုင်ပါတယ်။ အရောင်ကျစေသည့်သုံဆေးများ သို့ ဖျန်းဆေးများအလွန်အကျွံသုံးစွဲခြင်းဟာလည်း လည်ချောင်းနာခြင်းကိုပိုဆိုးစေပါတယ်။
လည်ချောင်းနာခြင်းဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အခါ ပိုးသတ်ဆေးများကိုသောက်သုံးရန်မလိုအပ်ပါဘူး။ ထိုဆေးများဟာ အကူအညီမပေးနိုင်ပါဘူး။ ထိုဆေးများကို ဗိုင်းရပ်စ်ကူးစက်မှုများတွင်သုံးမည်ဆိုလျှင် ဘတ်တီးရီးယားများဟာ ဆေးကိုပိုပြီး ခံနိုင်ရည်ရှိလာပါလိမ့်မယ်။ အချို့လည်ချောင်းနာခြင်းများတွင်တော့ လည်ပင်းမှာရှိတဲ့ပြန်ရည်ဖုများဟာရောင်နေတတ်ပါတယ်။ သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူဟာ ထိုအရာများကိုကုသဖို့ prednisone ကဲ့သို့ဆေးများကိုပေးပါလိမ့်မယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ
ဘတ်တီးရီးယားများနှင့်ဗိုင်းရပ်စ်များဟာ ပတ်ဝန်းကျင်မှာလည်ချောင်းနာခြင်းကိုဖြစ်စေလေ့ရှိတာမို့အများစုဟာတော့ ကြိုတင်ကာကွယ်လို့မရနိုင်ပါဘူး။ သို့သော်လည်း လည်ချောင်းနာသူနှင့်ထိတွေ့ပြီးတိုင်းမှာသင့်ရဲ့လက်ကိုအမြဲဆေးကြောပေးရပါမယ်။ ထိုသူနှင့် နမ်းခြင်း၊ ခွက်တစ်ခွက်ကိုအတူတူသုံးခြင်းနှင့်အတူတူစားသောက်ခြင်းတို့ကိုမပြုလုပ်ရပါဘူး။
အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အကောင်းဆုံးနားလည်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။