အသက်အန္တရာယ်ပေးနိုင်ပါတယ် ။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ဖစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
တစ်နှစ်အောက်ကလေးများနှင့် ကလေးများ
ပြင်းပြင်းထန်ထန်ဝမ်းလျှောခြင်းနဲ့အော့အန်ခြင်းကို အဖြစ်နိုင်ချေများဆုံးအုပ်စုဖြစတဲ့ ကလေးငယ်တွေမှာ ရေဓါတ်ခန်းခြောက်ခြင်းကို အထူးသဖြင့်ခံနေကြရပါတယ်။
အသက်ကြီးသူများ
အသက်ကြီးလာလေ ခန္ဓကိုယ်တွင်းအရည်ပမာဏ နည်းလာပြီး ရေကိုသိုလှောင်သိမ်းဆည်းနိုင်စွမ်းလျော့လာတဲ့အပြင် ရေငတ်ခြင်းကိုအာရုံခံစားနိင်စွမ်းလည်း လျော့ကျလာပါတယ်။
နာတာရှည်မကျန်းမာသူများ
မကုသဘဲထားတဲ့အီးချိုရောဂါသည်ဒါမှမဟုတ် ဆီးချိုရောဂါအခြေအနေပြင်းထ်န်နေသူတွေမှာ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းရှာ့ခ်ရနိုင်ချေများပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ ချက်ခငျးလုပ်ဆောင်ပါလိ့်မ်ယ။
သွေးထွက်များခြင်းက ချက်ချင်းသိနိုင်ပြီး အတွင်းပိင်းသွေးယိုငြခ်းကတော့ တခါတလေမှာ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းလက္ခဏာတွေမပြသေးမချင်း သိနိုင်ဖေို့ခက်ပါတယ်။ ပြငပလက္ခဏာတွေအပြင် ဆရာဝန်က
သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းကို အတည်ပြုဖို့အတွက် များပြားလှတဲ့စစ်ဆေးမှုတွေလည် းပြုလုပ်ပါလိမ့်မယ်။
သွေးစစ်ခြင်း – အီလက်ထရိုလိုက်ဟန်ချက်မမျှတမှုများ၊ ကျောက်ကပ်၊ အသည်းလုပ်ဆောင်ရညတေါကို သိရှိရန်ဖြစ်ပါတယ်။
ကိုယ်တွင်းအင်္ဂါတွူကိုမြင်နိုင်ဖေို့အတွက် စီတီစကန်ဖတ်ခြင်း အယ်ထရာဆောင်းရိုက်ခြင်း
နှလုံးအယ်ထရာဆောင်း အက်ခိုးကာဒီယိုဂရမ်
နှလုံးခုန်မှန်မမှန်သိနိုင်ဖို့အတွက် အီစိဂျီရိုက်ခြင်း
အစာရေမျိုပြွန်နဲ့အူလမ်းကြေင်းအင်္ဂါတွေကို စမ်းသပ်ဖို့အတွက် မှန်ပြောင်းကြည့်ခြင်း
နှလုံးညှစ်နိုင်စာမ်းကိသိဖို့အတွက် နျလုံးညာဘက်ခြမ်းကက်သီတာထည့်ခြင်း
ဆီးအိတ်အတါင်း ဆီးပမာဏကိုတိုင်းတာဖို့အတွက် ဆီးပိုက်ကက်သီတာထည့်ခြင်း
သင့်လက္ခဏာတွေပေါ်အခြေခံပြီး အခြားစစ်ဆေးမငတွေလည်း ပြုလုပ်ပေးပါလိမ့်မယ်။
Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ုရျော့ခ်လက္ခဏာတွေပြတာနဲ့ အရေးပေါ်နံပါတကို ချက်ချင်းခေါ်သင့်ပါတယ်။ အရေးပေါ်အကူအညီမလာသေးခင်မှာ အောက်ပါတို့ကိုပြုလုပ်ထားသင့်ပါတယ်။
ခြေထောက်ကို ၁၂လက်မလောက်မြှင့်ထားပြီး လူနာကိုလဲလျောင်းနေစေခြင်း
ဦေးခါင်း၊ လည်ပင်းနောက်ကျောထိခိုက်မှုတွေ ရှိထားတယ်လို့သံသယရှိမယ်ဆိုရင် လူနာကိုမလှုပ်ရှားခိုင်းခြင်း
ကိုယ်တွင်းအပူချိန်ကျခြင်းကိုကာကွယ်ဖို့အပတွက် လူနာကိုနွေးနွေးထွေးထွေးထးခြင်း
အရည်တွေကိုမသောက်ခိုင်းပါနဲ့။
ဆေးရုံရာက်တဲ့အခါမှာ လူနာကို သွေးဆုံးရှူံးမှုကိုပြန်လည်ဖြည့်တင်းဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းစေဖို့ အရည်ဒါမှမဟုတ် သွေးတွင်းပစ္စည်းများကို သွေးပြန်ကြောကနေတစ်ဆင့်
သွင်းပေးပါလိမ့်မယ်။
သွေးရည်ကြည်သွင်းခြင်း
သွေးခဲအောင်ပြုလုပ်ပေးသည့်သွေးဆဲလ်များ သွင်းပေးခြင်း
သေါးနီဥများသွင်းပေးခြင်း
ခရစ်တယ်လွိုက်များ အကြောဆေးသွင်းခြင်း
ဆရာဝန်က သွေးလည်ပတ်မှုကောင်းစေဖို့နဲ့ လိုအပ်တဲ့နေရာကိုသွေးရဖို့ နှလု့းညှစ်အားကောင်းတဲံဆေးတွေကို ညွှန်ကြားပါလိမ့်မယ်။
ကူးစက်ပိုးဝင်ခြင်းကြောင့်ရှော့်ခ်ရခြင်းနဲ့ ဘတ်တီးရီးယားကူးစက်ပိုးဝင်ခြင်းကိုကာကွယ်ဖို့ ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်း ညွှန်းပါလိမ့်မယ်။
နှလုံးလုပ်ဆောင်ရည်ကိုစောင့်ကြည့်ခြင်းက ကုသမှုတွေထိရောက်မှုရျီမရှိ ဆုံးဖြတ်ပေးနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ရခြင်းကို အများစုမှာကာကွယ်လို့မရနိုင်ပါညဘူး။ ထိခ်ုကမှုကြောင့် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်ပြီးသါားတဲ့အခါမှာ ဖြစ်လေ့ရျပါတယ်။ ရေဓတာ်ခန်းခြောက်ခြင်းက အရည်တွေလုံလုံလောက်လောက်သောက်ခြင်းဖြင့် တခါတလေမှာ ကကွုယ်ပေးနိုင်ပါတယ်။ ဓါတ်ဆေားရည်လိုမျိုး အရေးပါတဲ့ဆားဓါတ်သကြားဓါတ်တွေကို ထိန်းပေးတြ့အရေည်တွေက ပြင်းပြင်းထန်ထန်အော့အန်ခြင်းဝမ်းလျှောခြင်းတွေဖြစ်တဲ့အခါမှာ ကူညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။