အဓိပ္ပါယ်ဖွင့်ဆိုချက်
Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကဘာလဲ။
အေခရိုမက်ဂလီ ဆိုတာ ကြီးထွားမှု ဟော်မုန်းတွေ များခြင်းကြောင့် ဖြစ်တဲ့ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုများခြင်းက ခေါင်းမှာရှိတဲ့ အရေပြားနဲ့ အရိုးတွေ၊ မျက်နှာ လက်နဲ့ ခြေထောက်တွေက ခန္ဒါကိုယ်ထက် ကြီးထွားမှု ပိုမြန်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဟာနှေးကွေးလာပြီး နှစ်နဲ့ ချီအောင် ပြောင်းလဲမှုတွေကို မတွေ့ရတတ်ပါဘူး။ အေခရိုမက်ဂလီ ကို မကုဘဲထားလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။