ကိုယ်ဝန်ဆောင်စဉ် အတက်ရောဂါအတွက်ဆေးများသောက်သုံးလျှင် အာရုံကြောပြွန် ချွတ်ယွင်းမှုများဖြစ်စေသည်။ ထိုဆေးများသည် ခန္ဓါကိုယ်၏ ဖောလစ်အက်ဆစ်အသုံးပြုမှုကို နှောင့်ယှက်သောကြောင့်ဖြစ်နိုင်သည်။
ဆီးချိုရောဂါရှိပြီး သွေးတွင်သကြားဓါတ်ကို ကောင်းစွာမထိန်းနိုင်သည့် အမျိုးသမီးများသည် ကျောရိုးအာရုံကြောမကြီးနှစ်ခြမ်းကွဲသည့် ကလေးများမွေးနိုင်ခြေပိုများသည်။
ကိုယ်ဝန်မဆောင်ခင် အဝလွန်ခြင်းသည် ကျောရိုးအာရုံကြောမကြီးနှစ်ခြမ်းကွဲခြင်း အပါအဝင် အခြားအာရုံကြောပြွန်ဆိုင်ရာ ရောဂါများ ဖြစ်နှုန်းပိုများသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Spina Bifida (ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က သင့်ကလေးတွင် ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲသည့်ရောဂါရှိနိုင်ကြောင်း သံသယရှိလျှင် ထိုရောဂါနှင့်အခြားမွေးရာပါ ချွတ်ယွင်းမှုများအတွက် မီးမဖွားမီ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်လိမ့်မည်။
သွေးဖေါက်စစ်ဆေးခြင်း
- မိခင်၏သွေးတွင်း င်္ဗဏ စစ်ဆေးခြင်း
ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်းကို စစ်ဆေးရာအတွင် အသုံးများသည်။ ကလေးထံမှထွက်သော င်္ဗဏ ပရိုတင်းကို စစ်ဆေးရန် ဆရာဝန်က သွေးနမူနာယူပြီး ဓါတ်ခွဲခန်းသို့ပို့သည်။
မိခင်၏သွေးတွင်း င်္ဗဏ နှင့်အတူ အခြားဟော်မုန်းများဖြစ်သည့် ံဃွယ ငည့ငဘငည ဗ နှင့် ြ စသည်တို့ကို သွေးထဲတွင် စစ်ဆေးကြည့်နိုင်သည်။
အချို့သားဖွားမီးယပ် ဆရာဝန်များသည် ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲသည့်ရောဂါကို စစ်ဆေးရန်အတွက် အာထရာဆောင်းကို အားကိုးသည်။ သွေးအဖြေတွင် င်္ဗဏ မြင့်တက်နေပါက အာထရာဆောင်းဖြင့် အကြောင်းအရင်းကို ရှာဖွေနိုင်သည်။
သွေးအဖြေတွင် င်္ဗဏ မြင့်တက်နေပြီး အာထရာဆောင်းတွင် ပုံမှန်သာဖြစ်နေပါက ဆရာဝန်က ရေမွှာရေစစ်ဆေးကြည့်ရန် ကမ်းလှမ်းမည်။ ကလေးကို ဝိုင်းထားသောရေမွှာရေနမူနာကို အပ်ဖြင့်ယူ၍ စစ်ဆေးသည်။
Spina Bifida (ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်း) ကို ဘယ်လိုကုသပါသလဲ
အာရုံကြောအကာမြှေးကျွံခြင်းတွင် အမြှေးများကိုနေရာပြန်ချပြီး ကျောရိုးအကွဲကို ပိတ်ရန် ခွဲစိတ်မှု ပြုလုပ်သည်။
ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲရောဂါ အပွင့်အမျိုးအစားတွင်လည်း မွေးပြီး၂၄နာရီမှ ၄၈နာရီအတွင်း ကုသရန်လိုသည်။
စောစီးစွာ ခွဲစိတ်မှု ခံယူခြင်းသည် ဟင်းလင်းပွင့်နေသော အာရုံကြောများသို့ ရောဂါပိုးဝင်နိုင်ခြေလျော့ကျစေပြီး ထပ်မံဒဏ်ရာ၇ခြင်းမှလည်း ကာကွယ်နိုင်သည်။
- ကိုယ်ဝန်ဆောင်စဉ်ခွဲစိတ်ခြင်း
ထိုကုသမှုကို ကိုယ်ဝန်၂၆ပတ် မတိုင်ခင်ပြုလုပ်သည်။ ဆရာဝန်သည် ကိုယ်ဝန်ဆောင်မိခင်၏ သားအိမ်ကို ဖွင့်ပြီး သန္ဓေသား၏ ကျောရိုးအာရုံကြောမကြီးကို ခွဲစိတ်ပြုပြင်သည်။
ကုသခြင်းသည် ကနဦးခွဲစိတ်မှုဖြင့် မပြီးပါ။ ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲသည့်ကလေးတွင် ပြုပြင်၍မရသည့် အာရုံကြောပျက်စီးမှုဖြစ်နေနိုင်ပြီး ခွဲစိတ်ဆရာဝန်၊ သမားတော်နှင့် ကုထုံးဆရာတို့ပါဝင်သည့် နယ်ပယ်စုံအသင်း၏ စောင့်ရှောက်မှု လိုအပ်သည်။ ထိုကလေးများတွင် ဖြစ်ပေးလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ခွဲစိတ်ကုသမှုများလည်း ထပ်မံလိုအပ်နိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဖောလစ်အက်ဆစ်ကြိုတင်သောက်ပါ
ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင် သင့်ခန္ဓါကိုယ်အတွင်း ဖောလစ်အက်ဆစ် အလုံအလောက်ရှိရန် အရေးကြီးသည်။
ကိုယ်ဝန်ဆောင်ရန် စီစဉ်ခြင်း
သန္ဓေတည်ရန် ကြိုးစားနေစဉ်တွင် တစ်နေ့လျှင်အနည်းဆုံး ဖောလစ်အက်ဆစ်၄၀ဝ မိုက်ခရိုဂရမ် သောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ကိုယ်ဝန်ဆောင်ဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။
သဘာဝအတိုင်း ဖောလစ်အက်ဆစ်ကြွယ်ဝသော အစာများဖြစ်သည့်
- ပဲအမျိုးမျိုး
- သံပုရာနွယ်ဝင် အသီးများနှင့် ဖျော်ရည်များ
- ကြက်ဥအနှစ်
- ဟင်းနုနွယ် ၊ ဂေါ်ဖီပွင့်စိမ်းစသည့် အစိမ်းရင့်ရောင် အသီးအရွက်များ တို့ကို စားသုံးခြင်းဖြင့် ကျန်းမာသောစားသောက်မှု ပုံစံကိုရယူနိုင်သည်။
သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။