backup og meta

Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း) ကဘာလဲ။

ပိုးကောင်ရေ စစ်ဆေးခြင်းဟာ သွေးအတွင်းမှာ HIV ဗိုင်းရပ်စ် ဘယ်လောက်များနေလဲဆိုတာ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ ပိုးကောင်ရေစစ်ဆေးခြင်းကို HIV ရောဂါပိုးဝင်တဲ့အခါမှာ စတင်တိုင်းတာပါတယ်။ ကနဦး တိုင်းတာတဲ့ အဖြေကို baseline (အခြေခံတိုင်းတာမှု) လို့ခေါ်ပြီး နောက်ပိုင်းတိုင်းတာတဲ့အဖြေတွေကို baseline နဲ့ နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ ပိုးကောင်ရေဟာ တစ်နေ့နဲ့တစ်နေ့ ပြောင်းလဲနိုင်တာကြောင့် အချိန်ကြာလာတာနဲ့ အမျှ ပြောင်းလဲမှုဟာ ရောဂါကူးစက်မှု ပိုဆိုးလာလားဆိုတာ ဆုံးဖြတ်ဖို့ အသုံးပြုပါတယ်။ တကယ်လို့ ပိုးကောင်ရေဟာ တိုင်းတာခြင်းတွေမှာ တက်လာတယ်ဆိုရင် ရောဂါအခြေအနေ ပိုဆိုးလာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ကျလာတယ်ဆိုရင်တော့ ရောဂါပိုးကူးစက်မှုကို ထိန်းထားနိုင်ပြီလို့ ဆိုလိုတာဖြစ်ပါတယ်။

Viral load ကို အောက်ဖေါ်ပြပါ စစ်ဆေးနည်းသုံးမျိုးနဲ့ တိုင်းတာနိုင်ပါတယ်။

• Reverse-transcriptase polymerase chain reaction (RT-PCR) test

• Branched DNA (bDNA) test

• Nucleic acid sequence-based amplification (NASBA) test

ဒီစစ်ဆေးမှုတွေဟာ သွေးအတွင်းမှာရှိတဲ့ HIV RNA ပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဆေးမှု တစ်ခုစီက မတူညီတဲ့ အဖြေတွေကို ဖေါ်ပြနိုင်တာကြောင့် အချိန်အကြာကြီး စစ်ဆေးမှုတစ်ခုကိုသာ အသုံးပြုဖို့ လိုအပ်ပါတယ်။

HIV Viral Load Measurement တွေကို ဘာကြောင့် လုပ်ကြတာလဲ။

HIV ပိုးကောင်ရေ စစ်ဆေးဖို့ လိုအပ်ချိန်တွေကတော့

• ရောဂါရှိကြောင်း သိသိပြီးချင်း (ဒီစစ်ဆေးမှုကို baseline အခြေတိုင်းတာခြင်း လို့ခေါ်ပါတယ်။) နောက်ပိုင်း စစ်ဆေးမှုတွေကို သူနဲ့ နှိုင်းယှဉ် နိုင်ပါတယ်။

• ကုသမှု စတင်ပြီး နှစ်ပတ်မှ ရှစ်ပတ်ကြားတစ်ခါ (သို့) ကုသမှု ပြောင်းလဲတဲ့အခါ။ ဒါဟာ ဆေးအစွမ်းထက်မှုကို စမ်းစစ်ဖို့ ကူညီပေးနိုင်ပါတယ်။

• ကုသမှုအောင်မြင်ရင် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း (သို့) သုံးလကနေ ခြောက်လကြားတစ်ခါ

သင့်ဆရာဝန်ဟာ HIV ပိုးကောင်ရေ စစ်ဆေးမှုကို CD4 count နဲ့တွဲပြီး ကုသဆေးဘယ်တော့ စတင်ရမလဲဆိုတာကို ဆုံး ဖြတ်မှာ ဖြစ်ပါတယ်။

ပြင်ဆင်မှု

HIV Viral Load Measurement ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

HIV ပိုးကောငရေ တိုင်းတာဖို့ မတူညီတဲ့နည်းတွေက အဖြေတွေ (RT-PCR ၊ bDNA ၊ NASBA) တွေကို အသုံးပြုခြင်းဟာ လဲပြီး အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် အချိန်တိုင်းမှာ တူညီတဲ့ စစ်ဆေးမှု တစ်ခုကိုသာ အသုံးပြုဖို့ အရေးကြီးပါတယ်။ တကယ်လို့ သွေးအတွင်းမှာ HIV ပိုးကောင်ရေ မရှိဘူးဆိုတာဟာ HIV ရောဂါပိုး မရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သွေးအတွင်းမှာ စစ်ဆေးတွေ့ရှိဖို့အတွက် ရောဂါပိုးပမာဏ နည်းပါးလွန်းတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ HIV ဟာ လူတစ်ယောက်က တစ်ယောက်ကို HIV ပိုးကောင်ရေ တွေ့ရှိခြင်း မရှိရင်တောင် ကူးစက်နိုင်ပါတယ်။

HIV ပိုးကောင်ရေ တိုင်းတာမှုဟာ HIV ရောဂါကို တွေ့ရှိဖို့အတွက် ပြုလုပ်လေ့မရှိပါဘူး။ ဒီရည်ရွယ်ချက်အတွက်ဆိုရင်တော့ HIV antibody test (ပဋိပစ္စည်းစစ်ဆေးခြင်း)ကို ပြုလုပ်လေ့ရှိပါတယ်။

HIV ပိုးကောင်ရေစစ်ဆေးခြင်းကို PCR နည်းလမ်း နဲ့ ပြုလုပ်ခြင်းဟာ ရောဂါပိုးရှိတယ်ဆိုပြီး မှားယွင်းအဖြေ (တကယ် ရောဂါ မရှိဘဲ)တွေကို ပေးနိုင်ပါတယ်။

HIV ပိုးကောင်ရေကို တိုင်းတာဖို့ အခြားစစ်ဆေးမှုတွေ ရှိပါသေးတယ်။ အဖြေတွေဟာ မတူညီတာကြောင့် တူညီတဲ့ စစ်ဆေးမှုတစ်ခုကိုပဲ အချိန်တိုင်းအသုံးပြုဖို့ လိုအပ်ပါတယ်။

HIV Viral Load Measurement တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

စစ်ဆေးမှု မပြုခင် အထူးတလည် ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။

စစ်ဆေးမှု

HIV Viral Load Measurement နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးစီးဆင်းမှုကို တိုးမြှင့်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှဖြစ်ပါတယ်။

သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

HIV Viral Load Measurement လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း)အဖြေတွေက ဘာကို ဆိုလိုတာလဲ။

သွေးအဖြေကို ရရှိဖို့ နှစ်ပတ်ကြာနိုင်ပါတယ်။

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းနဲ့ အသုံးပြုတဲ့ စစ်ဆေးမှု (RT-PCR, bDNA, NASBA) ပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

ပိုးကောင်ရေ စစ်ဆေးမှုအဖြေတွေဟာ သွေး one millilitre မှာ ပါဝင်တဲ့ HIV copies တွေကို ဖေါ်ပြတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်တစ်ကောင်ကို copy တစ်ခု လို့ခေါ်ပါတယ်။ HIV ဟာ copies ပွားနိုင်တာကြောင့် ဖြစ်ပါတယ်။

ပိုးကောင်ရေ များလာခဲ့ရင် ရောဂါပိုဆိုးလာတယ်လို့ ဆိုလိုပါတယ်။ တကယ်လို့ ပိုးကောင်ရေ ကျဆင်းရင်တော့ ရောဂါပိုးကို ထိန်းထားနိုင်ပြီလို့ ဆိုလိုပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး HIV ပိုးကောင်ရေစစ်ဆေးခြင်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

HIV Viral Load Measurement နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ပုံမှန်

HIV ကို သွေးအတွင်းမှာ မတွေ့ရပါဘူး။

ပုံမှန်မဟုတ်

HIV ကို သွေးအတွင်းမှာ တွေ့ရပါတယ်။ သင့်ဆရာဝန်က အခုစစ်ဆေးမှုအဖြေကို အရင်အဖြေတွေနဲ့ နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HIV Viral Load https://labtestsonline.org/understanding/analytes/viral-load/tab/test#is. Accessed July 4, 2016.

Viral Load Measurement http://www.webmd.com/hiv-aids/viral-load-measurement?print=true. Accessed July 4, 2016.

HIV Viral Load Testing http://www.webmd.com/hiv-aids/hiv-viral-load-what-you-need-to-know?print=true. Accessed July 4, 2016.

ယခုပုံစံ

19/09/2019

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement