Antidiuretic ဟော်မုန်း (ADH) ကို Antidiuretic ဟော်မုန်း ချို့တဲ့ခြင်း (သို့) ပိုလျှံခြင်းကို ဖြစ်စေသည့် အကြောင်းရင်းကို အမည်တပ်နိုင်ရန် ဆုံးဖြတ်နိုင်ရန် အသုံးပြုပါသည်။ သို့သော် ဤစစ်ဆေးမှုကို ယေဘုယျအနေနှင့် မလုပ်ပါ။ ထိုအခြေအနေအား အမည် တပ်နိုင်ရန် ဆရာဝန်သည် ရောဂါ လက္ခဏာများနှင့် သွေး၏ osmolality နှင့် osmotic urine, electrolytes စသည့် စစ်ဆေးချက်များကို အခြေခံ ကြည့်ရမည် ဖြစ်သည်။
ADH (သို့) vasopressin ကို hypothalamus မှ ထုတ်လုပ်ပြီး posterior piyuiyary lobe တွင် သိုလှောင်ထားသည်။ ADH သည် အသည်းမှ ပြန်စုပ်ယူသော ရေပမာဏကို ထိန်းချုပ်ခြင်း ဖြစ်သည်။ သွေးရည်ကြည်၏ Osmotics ဖိအားမြင့်ခြင်း (သို့) သွေးကြောတွင်းမှ သွေးထုထည် ပမာဏ ကျခြင်းသည် ADH ထွက်လာစေရန် လှုံ့ဆော်ပေးသည်။ ဖိစီးမှု၊ ခွဲစိတ်ခြင်းနှင့် စိုးရိမ်ပူပန် လွန်ခြင်းသည်လည်း ADH ကို ထုတ်စေနိုင်သည်။ ADH တွေ ပိုထုတ်လေလေ ကျောက်ကပ်တွင် ရေပိုစုပ်လေလေ ဖြစ်သည်။ သွေးတွင် ရေများဝင်မှုများပြီး ဆီးပိုပျစ်သွားလေမည်။ ADH နည်းသွားပါက သင်ခန္ဓါ ကိုယ်သည် ရေများကို စွန့်ထုတ်ပြီး သွေးပျစ်စေကာ ဆီးကို ကျဲစေ၏။
သင့်ခန္ဓါကိုယ်တွင်း၌ ADH များ မထုတ်လုပ်နိုင် တော့လျှင် (သို့) ကျောက်ကပ်မှ ADH လှုံ့ဆော်မှုကို လိုက်လျောညီထွေ မလုပ်နိုင်တော့သည့်အခါ Diabetes insipidus (ဆီး အလွန်သွားခြင်း) ဖြစ်ပေါ်လာ၏။ ADH ထုတ်လုပ်ခြင်း ပမာဏသည် ဗဟိုအာရုံကြောစနစ် မူမမှန်မှုကို ဖြစ်စေသော ထိခိုက်မိခြင်း၊ အကျိတ်ပေါ်ခြင်းနှင့် ဦးနှောက်ရောင်ခြင်း (encephalitis) သို့မဟုတ် Pituitary ဂလင်းအား ခွဲစိတ် ဖယ်ရှား ထားခြင်းတို့ကြောင့် မလုံမလောက် ဖြစ်စေနိုင်သည်။ ဆီး အလွန်သွားသော ရောဂါရှိသူများတွင် တစ်ခါ ဆီးသွားလျှင် ရေပမာဏ အတော်များများ ပါသွား၏။ ထိုအချင်းအရာသည် သွေးကို ပျစ်သွားစေပြီး လူနာကို ရေအလွန် ငတ်စေပါသည်။
Primary Renal Disease သည် ကျောက်ကပ်အား ADH လှုံ့ဆော်မှုကို တန့်ပြန်နိုင်စွမ်း လျော့နည်းစေသည်။ (nephrogenic diabetes insipidus ဟု ခေါ်၏။) neurogenic နှင့် nephrogenic diabetes insipidus ကို ခွဲခြားရန် ရေမသောက်ဘဲနေရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ (၎င်းကို ADH လှုံ့ဆော်ခြင်း စစ်ဆေးချက်ဟု ခေါ်သည်)
ဤစစ်ဆေးချက်တွင် လူနာသည် ရေမသောက်ဘဲ နေရပြီး ဆီးဆိုင်ရာ osmolality ကို ကိုယ်တွင်းသို့ vasopressin မထိုးခင်နှင့် ထိုးပြီးနောက် တိုင်းတာပါလိမ့်မည်။ neurogenic diabetes insipidus (အာရုံကြောကြောင့် ဆီးအလွန်သွားခြင်း) ဆိုပါက ဆီးဆိုင်ရာ Osmolality သည် vasopressin ထိုးပြီးနောက် တက်နေမည် ဖြစ်သည်။
nepgrogenic diabetes insipidus တွင်မူ (ကျောက်ကပ်ကြောင့် ဆီးအလွန်သွားခြင်း) ဆီးဆိုင်ရာ Osmolality သည် ရေပမာဏကို လျှော့ချပြီး vasopressin ထိုးလျှင်ပင် တက်လာမည် မဟုတ်ပါ။ ရောဂါ အမည်တပ်ရာတွင် သွေးတွင်း ADH စစ်ဆေးမှုပါ ထည့်သွင်း စဉ်းစားရနိုင်သည်။ neuropathic diabetes insipidus တွင် ADH ပမာဏ နည်းနေပြီး nephrogenic တွင် ADH ပမာဏ မြင့်တက်နေမည် ဖြစ်သည်။
သွေးတွင်း ADH ပမာဏ မြင့်တက်ခြင်းသည် ADH ကို မသင့်လျော်စွာ ထုတ်ခြင်းနှင့်လည်း ဆက်နွှယ်နိုင်သည်။ ADH စွန့်ထုတ်မှု များပြားခြင်းအား တုန့်ပြန်သည့် အနေဖြင့် ကျောက်ကပ်သည် ပုံမှတ်ထက် ပိုပြီး ရေအမြောက်အမြားကို ပြန်စုပ်ယူသည်။ ထို့ကြောင့် လူနာ၏ သွေးကျဲနေပြီး ဆီး အလွန်ပျစ်နေပါလိမ့်မည်။ သွေးတွင်း၌ အရေးကြီးသည့် ions ပမာဏ လျော့ကျခြင်းသည် အာရုံကြော၊ နှလုံးနှင့် ဇီဝရုပ် ဖြစ်ပျက်ခြင်းအား ပြင်းထန်သည့် ရောဂါများ ဖြစ်စေနိုင်သည်။
ADH မသင့်လျော်စွာ ထုတ်သော Syndrome သည် အဆုတ်ရောဂါများ (အဆုတ်တီဘီ၊ ကူးစက်ပိုးကြောင့် နမိုးနီးယား ရခြင်း) ပြင်းထန်သော ဖိစီးမှု (ဥပမာ – ခွဲစိတ်ခြင်း (သို့) ထိခိုက်ဒဏ်ရာ ရခြင်း)၊ ဦးနှောက် အကျိတ်နှင့် ကူးစက်ရောဂါများနှင့် ဆက်နွှယ်နေပါသည်။ ကင်ဆာ အကျိတ်များမှ ADH ထုတ်လျှင် ADH မသင့်လျော်စွာ ထုတ်ခြင်းကို ဖြစ်စေနိုင်သည်။ အကျိတ်များသည် epithelial အကျိတ်၊ လူကီးမီးယား၊ ပန်ကရိယ epithelial အကျိတ်၊ ဆီးနှင့် ဝမ်းကို သက်ရောက်စေသည့် syndrome ကို ဖြစ်စေနိုင်သည်။ Hypothyroidism နှင့် Addison’s disease ရှိသော လူနာများတွင် ADH မသင့်လျော်စွာ ထုတ်သော Syndrome ကို ခံစားရနိုင်သည်။
ဆရာဝန်များသည် စစ်ဆေးမှုကို အသုံးပြုပြီး hyponatremia (သွေးတွင်း ဆိုဒီယမ်နည်းခြင်း) နှင့်တွဲသော ADH မသင့်လျော်စွာ ထုတ်သော Syndrome ကို ဖောရောင်သော ရောဂါများနှင့် ခွဲခြားနိုင်သည်။ ဤစစ်ဆေးမှုကို မကြာခဏ ဆိုသလို ဆီးဆိုင်ရာ Osmolality နှင့် Osmotic Urine တို့အား တိုင်းတာရန် အသုံးပြုကြသည်။ ADH မသင့်လျော်စွာ ထုတ်သော Syndrome ရှိသည့် လူနာများတွင် သောက်သောရေကို ပမာဏ နည်းနည်း (သို့) လုံးဝ စွန့်နိုင်မည် မဟုတ်ပါ။ ထို့အပြင် ဆီးဆိုင်ရာ osmolality သည် ၁၀၀ အောက် ကျမည်မဟုတ်ပါ။ urinary infiltration rate / blood သည်လည်း ၁၀၀ ထက် မြင့်နေမည် ဖြစ်သည်။ hyponatrimeia၊ ဖောရောင်ခြင်းနှင့် နာတာရှည် ကျောက်ကပ် ရောဂါများကို ဖြစ်စေသည့် တခြား အကြောင်းရင်းများ ရှိသော လူနာများတွင် သောက်သုံးသောရေ၏ ၈၀ ရာခိုင်နှုန်းကို စွန့်ထုတ်ပြီး ဆီးဆိုင်ရာ osmolality သည်လည်း သင့်တော်သည့် ပမဏတွင် ရှိမည် မဟုတ်ပါ။
ADH ထုတ်ခြင်း (သို့) စွန့်ထုတ်ခြင်းဆိုင်ရာ ပြဿနာ တစ်ခုခုရှိနေလျှင် ဆရာဝန်များသည် ADH စစ်ဆေးမှုနှင့် တခြား ရေမသောက်ခိုင်းသော စစ်ဆေးမှု သို့မဟုတ် ADH inhibition တို့အား စစ်ဆေးခိုင်းမည်ဖြစ်သည်။
ထို့အပြင် ဤစစ်ဆေးမှုကို သင့်၌ အကြောင်းရင်းမရှိ သွေးတွင်း ဆိုဒီယမ် နည်းနေလျှင်လည်း စစ်ခိုင်းမည်ဖြစ်ပြီး ADH မသင့်လျော်စွာ ထုတ်သော syndrome (SIADH) နှင့်ဆိုင်သည့် လက္ခဏာများ သင့်၌ တွေ့ရလျှင်လည်း စစ်ခိုင်းပါလိမ့်မည်။
အကယ်၍ SIADH syndrome သည် တိတ်တဆိတ် ဖြစ်နေလျှင် လက္ခဏာ ပြမည်မဟုတ်။ သို့သော် ဤအခြေအနေမျိုး တစ်ကယ်ဖြစ်လာလျှင် အရည် အခြေအနေနှင့် ဆိုင်သော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
ADH စစ်ဆေးမှုအား တခြားသော ရောဂါများကြောင့် ADH များပြားနေခြင်းအား တွက်ထုတ်ရန် စစ်ဆေးနိုင်သည်။ ထို့ရောဂါများတွင် အောက်ပါတို့ပါ၏။
ရေဓါတ် ခမ်းခြောက်ခြင်း၊ ဦးနှောက် ထိခိုက်မိခြင်းနှင့် ခွဲစိတ်ခြင်းတို့သည်လည်း ADH ပမာဏကို များစေနိုင်သည်။
ADH စစ်ဆေးမှုအား လူနာများ ရေအလွန် ငတ်လာသည့်အခါနှင့် ဆီးခဏခဏ သွားလိုသည့်အခါတွင် diabetes insipidus အား ဆုံးဖြတ်နိုင်ရန်အတွက် စစ်ဆေးမည်ဖြစ်သည်။
Central diabetes insipidus (hypothalamus, pituitary အား ထိခိုက်မိခြင်းကြောင့် ဖြစ်သော diabetes insipidus) ရှိသော လူနာများတွင် မကြာခဏ အလွန်ပင်ပန်းသလို ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် ညအချိန် အိမ်သာ ထထသွားရသောကြောင့် အိပ်စက်သည့်စက်ဝန်းကို ထိခိုက်မိသောကြောင့် ဖြစ်သည်။ ဆီးသည် ပုံမှန်အားဖြင့် ကြည်ပြီး အနံ့မနံဘဲ penetration လယ်ဗယ်သည် ပုံမှန်ထက်နည်းမည် ဖြစ်သည်။
ရလဒ်အား ထိခိုက်စေနိုင်သည့် ပစ္စည်းများအား သိထားရမည်။
ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
antidiuretic ဟော်မုန်း စစ်ဆေးခြင်းအကြောင်း မေးစရာများ ရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
သင်ရွေးချယ်သည့် ဓါတ်ခွဲခန်းပေါ် မူတည်ပြီး ဒီစစ်ဆေးမှုအတွက် ပုံမှန်တန်ဖိုးသည် ပြောင်းလဲနိုင်၏။ ကျေးဇူးပြု၍ သင့်ရလဒ်နှင့် ပတ်သက်ပြီး မေးစရာရှိပါက သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
ပုံမှန်တန်ဖိုး
ပုံမှန်မဟုတ်သော ရလဒ်
ပမာဏများလျှင်
ပမာဏ နည်းလျှင်
ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Antidiuretic ဟော်မုန်း၏ ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။