Anti-DNA antibody စစ်ဆေးခြင်းသည် systemic lupus erythematosus (SLE) ကို ရောဂါ အမည်တပ်ရန် အသုံးဝင်၏။ antibodies များကို SLE လူနာ ၆၅ မှ ၈၀ ရာခိုင်နှုန်းတွင် တွေ့ရပြီး တခြားသော ရောဂါများတွင် မတွေ့ရသလောက် ရှား၏။ systemic lupus erythematosus ၏ လက္ခဏာများမှာ antibody ပမာဏ များခြင်းပင် ဖြစ်သည်။ သို့သော် antibody ပမာဏသည် သာမန် (သို့) နည်းပါးနေပါက သင့်၌ systemic lupus erythematosus မရှိဟု မဆိုလိုပါ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော တခြား ရောဂါများသည်လည်း antibody ပမာဏကို သာမန် သို့ နည်းပါးစေနိုင်ပါသည်။
သင်၏ ဆရာဝန်က သင့်၌ lupus နှင့်ဆက်နွှယ်သော လက္ခဏာများ (သို့) သင့်၌ ANA စစ်ဆေးမှု အဖြေ positive ထွက်လျှင် ဒီစစ်ဆေးမှုကို လုပ်ပါလိမ့်မည်။ အောက်တွင် SLE ၏ လက္ခဏာ တချို့ကို ဖော်ပြထားပါသည်။
ဤစစ်ဆေးမှုအား ပြင်းထန်သည့် lupus ရောဂါ၏ lupus ထကြွခြင်း အခြေအနေကို သိနိုင်၊ စောင့်ကြည့်နိုင်ဖို့လည်း အသုံးပြုနိုင်ပါသည်။
ရလဒ်ကို ထိခိုက်စေနိုင်သည့် အောက်ပါအချက်များကို သိထားသင့်သည်။
ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆရာဝန်က သင့်အား စစ်ဆေးမှု အကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာ မစားရန်လည်း မလိုအပ်ပါ။
လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တို အင်္ကျီကို ဝတ်ဆင်သင့်သည်။
ဆရာဝန်သည် သွေးအား အနီရောင်အဖုံးနှင့် ပြွန်တွင် စုယူပါလိမ့်မည်။
ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန်အတွက် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။
သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။
သွေးဓါတ် မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန်တန်ဖိုး – Negative: <5 international units / mL
ပုံမှန်မဟုတ်သော တန်ဖိုး – Neutral 5-9 international units / mL;
Positive – ≥10 international units / mL
ပမာဏများလျှင် အောက်ပါတို့ ဖြစ်နိုင်၏။
ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Anti-DNA antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။