မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Anion gap (AG) သည် ဆဲလ်ပြင်ပပိုင်းရှိ cations နှင့် anions ကြား ခြားနားမှု ဖြစ်သည်။ Anion gap ကို ဓါတ်ခွဲခန်းတွင် တိုင်းတာနိုင်၏။ (ဥပမာ – AG = [Na + + K +] – [Cl- + HCO3-])
ဤတွက်ချက်မှုများသည် ဆရာဝန်အား သင့် ကူးစက်ရောဂါ၏ အကြောင်းရင်းကို သတ်မှတ်နိုင်ဖို့ ကူညီသည်။ ဥပမာ Lactic acid များ စုပုံလာခြင်းကြောင့် ဖြစ်သော metabolic acidosis (သွေးအထွက်လွန်ခြင်း သို့မဟုတ် အသက်ရှု ခက်ခြင်းတို့ကြောင့် ဖြစ်သော သွေးလန့်ခြင်း၏ နောက်ဆက်တွဲ ပြဿနာ) သို့မဟုတ် သွေးတွင်း၌ ketones များ စုပုံလာခြင်းကြောင့် ဖြစ်ခြင်း (ဆီးချို၏ နောက်ဆက်တွဲ)။ ဤစစ်ဆေးချက်သည် ၎င်းတို့အား ဓါတ်ပြယ်စေနိုင်ပြီး သွေးတွင်းမှ pH ကို ထိန်းပေးနိုင်သည့် bicarbonate ပမာဏကို ပြသနိုင်ပါသည်။
Anion gap ကို တွက်ချက်ခြင်းဖြင့် သွေးတွင်း alkali သို့မဟုတ် acidosis နှင့်ဆိုင်သည့် ရောဂါများရှိသော လူနာများကို စစ်ဆေးနိုင်၏။ ဤစစ်ဆေးချက်ကို disturbances များကို ဖြစ်စေသည့် အကြောင်းရင်းကို ဆုံးဖြတ်နိုင်ပြီး acid အခြေခံသည့် ရောဂါများကို ကုသခြင်းအား လေ့လာစောင့်ကြည့်နိုင်ရန် အတွက်လည်း သုံးနိုင်သည်။ ဆရာဝန်များသည် ဒီစစ်ဆေးချက်ကို သုံးပြီး အောက်ပါရောဂါများကို ရှာဖွေနိုင်သည်။
အောက်ပါအချက်များသည် စစ်ဆေးမှု ရလဒ်အပေါ် ထိုခိုက်နိုင်သည်။
ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆရာဝန်က သင့်အား စစ်ဆေးမှုအကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာမစားရန်လည်း မလိုအပ်ပါ။
လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။
စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။
ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည် ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။
သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။
သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန်တန်ဖိုး
ပုံမှန်မဟုတ်ဘဲ တိုးနေသောရလဒ်
ပုံမှန်မဟုတ်ဘဲ နည်းနေသောရလဒ်
ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ်မူတည်ပြီး Anion Gap ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။