တောရက် ဟုသတ်မှတ်ရာတွင် ခန္ဓါကိုယ်၏မူမမှန်သော လှုပ်ရှားမှုများသာမက
အသံပေါင်းစုံထွက်ခြင်းလည်း ပါဝင်ရသည်။ ဆိုလိုသည်မှာ ကြို့ထိုးနေခြင်း၊အော်ဟစ်ခြင်း၊ချောင်းဟန့်ခြင်းတို့ဖြစ်သည်။ အချို့သောဝေဒနာရှင်
များကား ပြောပြီးသားစကားလုံးများကို ထပ်ခါထပ်ခါပြောနေမိတတ်သည်။ တောရက်အားကုသရာတွင် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲကျင့်ကြံနေထိုင်ခြင်းပါဝင်ပြီး တခါတရံတွင်ဆေးကုသမှုများလည်းပါဝင်လေ့ရှိသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဖြစ်နိုင်ချေများစေသော အကြောင်းအရင်းများမှာ အဘယ်နည်း
များပြားလှသော အကြောင်းအရာများပါဝင်သည် ဥပမာ
- အလုပ်ဖိစီးခြင်း
- စိတ်လှုပ်ရှားခြင်း
- မောပန်းနမ်းနွယ်ခြင်း
- အပူရှိန်
- အချို့သော အာရုံကြောအားသက်ရောက်စေသော ဆေးဝါးများ
- အာရုံမစိုက်နိုင်သော ဂနာမငြိမ်သည့်ရောဂါများ
- အစွဲအလမ်းကြောင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း စသည်ဖြင့်ပါဝင်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဖြစ်ပေါ်လာသော လက္ခဏာများအား ဆရာဝန်မှ မေးမြန်းခြင်းဖြင့် ရောဂါရှိကြောင်းသိရှိနိုင်သည်။ စိတ်ကျန်းမာရေးဆေးရုံထံသို့လည်း စိတ်ပိုင်းဆိုင်ရာစစ်ဆေးရန် လွှဲပြောင်းပေးနိုင်သည်။ ခန္ဓါကိုယ်ချို့ယွင်းမှုကြောင့် ဖြစ်ပွားသော
အကြောလိုက်မှုများကို စစ်ဆေးအတည်ပြုပေးရန်လိုအပ်သည်။ အခြားသောလက္ခဏာများရှိမရှိကိုလည်း ဆရာဝန်မှ သင့်တော်သော စစ်ဆေးမှုများပြုလုပ်ရန် မေးမြန်းနိုင်သည်။
ဦးနှောက် ရွေ့လျားဓါတ်မှန်ရိုက်ရန်လည်းလိုအပ်တတ်ပြီးထိုစစ်ဆေးမှုကား အတက်ရောဂါများကြောင့် ဤကဲ့သို့ဖြစ်ပွားမှုရှိမရှိကို သေချာစေခြင်းဖြစ်သည်။
နှလုံးကြွက်သားလျှပ်စစ်ဓါတ်မှန်လည်း ရိုက်ရန်လိုအပ်တတ်ပြီး ထိုစစ်ဆေးမှုကား
ကြွက်သားများတဆက်ဆက်တုန်ခြင်း တောင့်ခြင်းများကို ဖြစ်စေနိုင်သည့် ရောဂါများ
ရှိမရှိကို စစ်ဆေးရန်ဖြစ်ပါသည်။
Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အများအားဖြင့် ဆေးကုသမှုသည်မလိုအပ်ပါ။ သို့သော် ထိုရောဂါရှိသော မိမိ၏ကလေးငယ်များကို ဆူပူမကြိမ်းမောင်းသင့်ပါ။ အကြောလိုက်ခြင်းများ ထ၍အစပျိုးနိုင်ခြင်း
ကြောင့်ဖြစ်သည်။ မိမိ၏ကလေးကို ရောဂါအကြောင်းသေချာနားလည်အောင်ရှင်းပြထားရန်လိုအပ်သည်။
ကလေးငယ်၏သူငယ်ချင်းများ ပတ်ဝန်းကျင်ရှိသူများကို ထိုကလေးမှ နားလည်အောင် ပြန်ရှင်းပြတတ်ရန်ဖြစ်သည်။ ကျောင်း၊အလုပ် နှင့် လူမူရေးများကို ထိခိုက်စေနိုင်တဲ့အထိဖြစ်ပေါ်လာပါက ဆေးကုသမှုခံယူရပါမည်။
ထိုကုသမှုများမှာ
- စိတ်ဖိစီးမှုလျှော့ချခြင်းနည်းများ
- စိတ်ပိုင်းဆိုင်ရာကုသဆွေးနွှေးခြင်းများ
- အနေအထိုင်ပြောင်းလဲစေခြင်း
- ဒိုပါမင်းပါသော ဆေးများအသုံးပြုခြင်း
- နောက်ခံရောဂါများကို ကုသခြင်း
- ဘိုကျူလီနမ် ထိုးဆေးပေး၍ မျက်နှာကြွက်သားများအား ယာယီပျော့ပြောင်းသွားအောင်လုပ်ခြင်း တို့ဖြစ်သည်။
လက်ရှိတွေ့ရှိချက်များအရ ဦးနှောက်အား လှံု့ဆော်ပေးခြင်းဖြင့် တောရက်ရောဂါအား ကုသရာတွင် အကူအညီဖြစ်ကြောင်းတွေ့ရှိရသည်။ဦးနှောက်အားလှံု့ဆော်ခြင်းဆိုသည်မှာ
ခွဲစိတ်ခြင်းတမျို းဖြစ်ပြီး ဦးနှောက်အတွင်းသို့ဝိုင်ယာကြိုးဖြင့်ချိတ်ထားသော
သေးငယ်သည့် ဓါတ်သတ္တုပြားလေးများ
ခေါ် အီလက်ထရုတ် ပြားလေးများ ကို ထည့်သွင်းကာ ကုသခြင်းဖြစ်သည်။ လျှပ်စစ်လှိုင်းလေးများအား လွှတ်၍ကုသခြင်းဖြင့်ဦးနှောက်ဆဲလ်လေးများ
တခုနှင့်တခုကြားဆက်သွယ်ဆောင်ရွက်မှုကို အားပေးသည်။ တောရက် ရောဂါစုအား ကုသရန်ကူညီပေးနိုင်သော်လည်း ပို၍တိကျသေချာသော လေ့လာမှုများလိုအပ်နေသေကြောင်းတွေ့ရှိရသည်။
လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ
အောက်ပါအနေအထိုင်အပြုအမူများက အထောက်အကူပြုနိုင်ပါသည်။
အများစုမှာ ကြိုတင်ကာကွယ်၍မရနိုင်ပါ။ စိတ်ဖိစီးမှုလျှော့ချခြင်း သည် အကူအညီပေးနိုင်
ကြောင်းတွေ့ရှိရသည်။ ဆွေးနွှေးအကူညီပေးခြင်းဖြင့်လည်း ကလေးငယ်များ၏ စိတ်ဖိစီးမှု
အားလျှော့ချနိုင်သည်။
သိရှိလိုသော မေးခွန်းများအား ဆရာဝန်အား မေးမြန်းပြသတိုင်ပင်ခြင်း သည်သာ အကောင်းဆုံးဖြစ်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။