မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဆေးဓါတ်မတည့်ခြင်းဆိုတာ ဆေးတစ်မျိုးမျိုးကို ကိုယ်တွင်းရှိကိုယ်ခံအားစနစ်မှ ပုံမှန်မဟုတ်သော တုံ့ပြန်ခြင်းဖြစ်တယ်။ ဆေးဆိုင်မှဝယ်သောဆေး၊ ဆရာဝန်ညွှန်ကြားသောဆေး၊ တိုင်းရင်းဆေးစသည့် မည်သည့်ဆေးနှင့်မဆို ဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။
ဆေးဓါတ်မတည့်ခြင်းဟာ လူတွေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အဖြစ်အများဆုံးလက္ခဏာများမှာ အင်ပြင်ထွက်ခြင်း၊ နီမြန်းခြင်း သို့မဟုတ် ဖျားနာခြင်းဖြစ်တယ်။
အလွန်ဆိုးရွားသော ဓါတ်မတည့်မှုများတွင် Anaphylasis ဟုခေါ်သည့် ရှော့ခ်တစ်မျိုးရခြင်းကြောင့် သွေးပေါင်ချိန် ရုတ်တရက်ထိုးကျခြင်း၊ အသက်ရှူရခက်ခြင်းတို့ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ ဆေးဓါတ်မတည့်ခြင်းဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးမဟုတ်ပဲ ဆေးရဲ့ပမာဏများသွားခြင်းသာ ဖြစ်ပါတယ်။
မည်သူမဆို ဆေးဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ကံဆိုးတာကတော့ သင်ဟာ သင်နှင့်မတည့်သည့်ဆေးကို စစ်ဆေးနိုင်တဲ့ နည်းမရှိပါ။ တော်တော်များများတွင် ဆေးတစ်မျိုးမျိုးကို သုံးပြီးမှ ဓါတ်မတည့်ခြင်းကို သိရလေ့ရှိပါတယ်။ ဒါက အသက်အရွယ်မရွေးလည်း ဖြစ်တတ်ပါတယ်။
အဖြစ်များစေတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ဆေးဓါတ်မတည့်မှုမှ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။
ဆေးဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေက ဆေးသောက်ပြီး၁နာရီအတွင်း ဖြစ်လေ့ရှိကြတယ်။ အတွေ့ရများသော လက္ခဏာများမှာ…
တချို့သောဆေးများက လူတွေကို ဆိုးရွားသော ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တယ်။ ဆိုးရွားသော ဓါတ်ပြုမှုဖြစ်ပြီး ဆေးကုသရန်လိုအပ်သော အခြေအနေများမှာ…
ဆေးဓါတ်မတည့်ခြင်းဟာ ဆေးသောက်ပြီး ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်ကြာမှ ဖြစ်တတ်သလို ဆေးသုံးစွဲမှု ရပ်တန့်ပြီးတဲ့အချိန်အထိ ဖြစ်နေတတ်တယ်။ ဆေးဓါတ်မတည့်မှု ကြာသောအချိန်တွင် တွေ့ရသော လက္ခဏာများမှာ…
အထက်တွင်မပါသော လက္ခဏာများလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာအကြောင်း ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။
ဆေးဓါတ်မတည့်ခြင်းဟာ အပျော့စားလက္ခဏာကနေ အသက်သေဆုံးတဲ့အထိ ပြင်းထန်သော လက္ခဏာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အောက်တွင်ဖော်ပြထားသော အချက်များကို ခံစားရပါက ဆရာဝန်နှင့် ပြသသင့်ပါတယ်။
သွေးပေါင်ကျခြင်းနှင့် အသက်ရှူရခက်ခြင်းကဲ့သို့ ပြင်းထန်သောခြေအနေတွင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
ဆေးတွင်ပါသော ဓါတုပစ္စည်းများနှင့် သင်၏ကိုယ်ခံအားတို့ ဓါတ်ပြုသောကြောင့် ဆေးဓါတ်မတည့်ခြင်း ဖြစ်ပေါ်လာတယ်။ ကိုယ်ခံအားစနစ်ဟာ ဆေးကို အန္တရာယ်ရှိသော ဓါတုပစ္စည်းနှင့် အမှတ်မှားပြီး တိုက်ခိုက်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပထမဆုံးအကြိမ်သုံးသော ဆေးများ၊ အစားအသောက်၊ ရေ နှင့် တချို့သောအခြေအနေအတွက် သောက်သော ဆေးများဟာ ဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။
သင့်ကိုယ်ခံအားဟာ ပထမဆုံးအကြိမ်သောက်သော ဆေးဝါးကို ဆိုးရွားစွာ ဓါတ်ပြုသောအခါ သင့်ကိုယ်တွင်းတွင် ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းများ ထွက်လာပြီး ဆေးဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။
မည်သည့်ဆေးမဆို ဓါတ်မတည့်မှုကို ဖြစ်စေသော်လည်း တချို့သောဆေးများဟာ ဓါတ်မတည့်မှုကို ပိုဖြစ်စေပါတယ်။
ထိုဆေးများမှာ…
ဆေးတွင်ပါသော ဓါတုပစ္စည်းများနှင့် သင်၏ကိုယ်ခံအားတို့ ဓါတ်ပြုသောကြောင့် ဆေးဓါတ်မတည့်ခြင်း ဖြစ်ပေါ်လာတယ်။ ကိုယ်ခံအားစနစ်ဟာ ဆေးကို အန္တရာယ်ရှိသော ဓါတုပစ္စည်းနှင့် အမှတ်မှားပြီး တိုက်ခိုက်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပထမဆုံးအကြိမ်သုံးသော ဆေးများ၊ အစားအသောက်၊ ရေ နှင့် တချို့သောအခြေအနေအတွက် သောက်သော ဆေးများဟာ ဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။ သင့်ကိုယ်ခံအားဟာ ပထမဆုံးအကြိမ်သောက်သော ဆေးဝါးကို ဆိုးရွားစွာ ဓါတ်ပြုသောအခါ သင့်ကိုယ်တွင်းတွင် ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းများ ထွက်လာပြီး ဆေးဓါတ်မတည့်မှုကို ဖြစ်စေပါတယ်။
မည်သည့်ဆေးမဆို ဓါတ်မတည့်မှုကို ဖြစ်စေသော်လည်း တချို့သောဆေးများဟာ ဓါတ်မတည့်မှုကို ပိုဖြစ်စေပါတယ်။ ထိုဆေးများမှာ…
ဆေးဓါတ်မတည့်မှုကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါတယ်။ ယင်းတို့မှာ…
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆေးဓါတ်မတည့်ခြင်းကို အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေ သိရှိနိုင်ပါတယ်။
တခြားစစ်ဆေးနိုင်သော နည်းလမ်းများမှာ…
ဆေးဓါတ်မတည့်ခြင်းရဲ့ လက္ခဏာများကို သက်သာစေသောဆေးများ သို့မဟုတ် ဓါတ်မတည့်ခြင်းကို ဖြစ်စေတဲ့ ဆေးများကို ကုသနိုင်တဲ့ တခြားနည်းတွေကို သုံးပြီး ဆေးဓါတ်မတည့်ခြင်းကို ကုသနိုင်ပါတယ်။
အောက်တွင်ဖော်ပြထားသော နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက သင့်ကို ဆေးဓါတ်မတည့်မှုမှ ကာကွယ်ပေးနိုင်ပါတယ်။
သင်သိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်အတွက် ပိုပြီးကောင်းမွန်သော အဖြေများကို ရယူနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။