အဓိပ္ပါယ်ဖွင့်ဆိုချက်
Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကဘာလဲ။
သွေးလွှတ်ကြောဆိုတာ သွေးများကို နှလုံးဆီကနေ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ နှလုံးရဲ့ကြွက်သားဆီ သယ်ဆောင်ပေးတဲ့ သွေးကြောတွေပဲဖြစ်ပါတယ်။ သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်းဟာ သွေးခဲကြောင့်ဖြစ်ပေါ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှု ရပ်တန့်စေတာကြောင့် အလွန်ဆိုးရွားတဲ့ ပြသနာဖြစ်ပါတယ်။