backup og meta

နှစ်သစ်မှာ မဖြစ်မနေမွေးမြူသင့်တဲ့ ကျန်းမာရေးအလေ့အထအချို့

နှစ်သစ်မှာ မဖြစ်မနေမွေးမြူသင့်တဲ့ ကျန်းမာရေးအလေ့အထအချို့

နှစ်တစ်နှစ်စလာတိုင်း စိတ်သစ်ကိုယ်သစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တတ်ကြတယ်နော်။ ဒီဆုံးဖြတ်ချက်တွေကို အပြည့်အဝအကောင်းအထည်ဖော်ဖြစ်သူကတော့ ရှားပါတယ်။ နှစ်သစ်မှာပြင်စရာရှိတာတွေကိုပြင်သင့်သလို မဖြစ်မနေမွေးမြူရမယ့် အလေ့အထတွေကိုလည်းမွေးမြူရပါမယ်။ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တော့ နှစ်သစ်မှာ မဖြစ်မနေကိုမွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထတွေအကြောင်းပြောပြပေးပါရစေနော်။

နှစ်သစ်မှာ မဖြစ်မနေ ပျိုးထောင်ရမယ့် ကျန်းမာရေးအလေ့အထတွေ

ခန္ဓါကိုယ်ကျန်းမာဖို့အတွက် ကကိုယ်တိုင်ဂရုစိုက်မှဖြစ်မှာပါ။ ဒါကြောင့်သေးသေးမွှားမွှားလေးတွေကြောင့် ကြီးကြီးမားမားတွေမဖြစ်စေဖို့ ဒီအလေ့အထလေးတွေကို နှစ်သစ်မှာ ပျိုးထောင်ပေးပါ။

အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးပျက်ခံတာများလာရင် စိတ်ရော ကိုယ်ပါထိခိုက်နိုင်ပါတယ်။ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝဝအိပ်တဲ့ အကျင့်ကို နှစ်သစ်မှာ မဖြစ်မနေပျိုးထောင်ပါ။ အိပ်ရေးပျက်တာက စိတ်ဓါတ်ကျတာကိုယ်အလေးချိန်တက်တာ နဲ့ နှလုံးရောဂါတို့ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီရှိအောင်ဂရုစိုက်ပါ။

ရေဓါတ်ပြည့်ဝအောင်နေပါရေဓါတ်က ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လူတစ်ယောက်ကောင်းကောင်းကျန်းမာနေစေဖို့အတွက်ကရေဓါတ်ပြည့်ဝနေဖို့လိုပါမယ်။ ဒါကြောင့်နေ့စဉ်သွားလေရာကိုရေဗူးဆောင်သွားပြီး သောက်တတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။

လှုပ်ရှားမှုများများလုပ်ပေးပါ – အထိုင်များတဲ့ဘဝနေထိုင်မှုပုံစံက ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေတာပါ။ တစ်နေ့တာလုံး အငြိမ်ထိုင်ပြီး အလုပ်လုပ်ရတာဆိုရင်တော့ တစ်ချိန်လုံးထိုင်မနေဘဲ လမ်းလျှောက်ပေးတာ၊ အညောင်းဆန့်တာမျိုးတွေလုပ်ပေးပါ။ သိပ်မဝေးတဲ့နေရာတွေကို လမ်းလျှောက်သွားတာလိုမျိုး လှုပ်ရှားမှုတွေလုပ်ပေးပါ။ လှုပ်ရှားမှုနည်းတာကနောက်ကျောကြွက်သားတွေကို နာကျင်စေနိုင်သလို ဝမ်းဗိုက်ကြွက်သားတွေအားနည်းတာ၊ အဆီတက်တာ၊ခြေထောက်မျာသွေးလည်ပတ်မှုနည်းတာ၊ မှတ်ဉာဏ်အားနည်းတာနဲ့ အင်ဆူလင်တုံ့ပြန်မှုအားနည်းတာလိုမျိုးရောဂါတွေဖြစ်စေနိုင်ပါတယ်။

အစားစားတဲ့အခါကြေညက်အောင်ဝါးစားပါ – အစားခပ်မြန်မြန်စားတာက ဝစေနိုင်သလို အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုကိုစားတဲံအခါဖြည်းဖြည်းချင်းကြေညက်အောင်ဝါးစားတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။

ဖုန်းသုံးတာကိုလျှော့ပါ – မနက်နိုးကတည်းကနေ မအိပ်ခင်အထိကို ဖုန်းကိုင်နေမိတယ်ဆိုရင်တော့ ဒီအကျင့်က မဖြစ်မနေကိုဖျောက်ပစ်ရမှာပါ။ ဒါကြောင့် ဖုန်းကို လိုအပ်တာထက် ပိုမသုံးမိစေဖို့ အထူးသတိထားရမှာပါ။ ဖုန်းသုံးနေမယ့်အစား ကိုယ်ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းပြီး စိတ်ပျော်ရွှင်စရာတွေကို ဖန်တီးတတ်တဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ -နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မအားဘူးဆိုရင်တောင်မှ အနည်းဆုံး ၁၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို နှစ်သစ်မှာ ပျိုးထောင်လိုက်ပါ။

နေလောင်ကာခရင်မ်လူးပေးပါအသားအရေအတွက်လည်း အပြင်ထွက်တိုင်းနေလောင်ကာခရင်မ်လူးပေးပါ။ ဒီလိုလူးပေးတာက အရွယ်တင်နုပျိုစေနိုင်သလို ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်ခါနီးတိုင်းနေလောင်ကာခရင်မ်လူးတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။

ဟင်းသီးဟင်းရွက်တွေများများစားပေးပါ – အသီးအရွက်စားတာက ခန္ဓါကိုယ်ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေ၊ အမြန်စားအစားအစာတွေအစား ဟင်းသီးဟင်းရွက်တွေပိုစားပေးပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို ပိုရစေနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အသီးအရွက်တွေ ပါဝင်အောင်စားသုံးလို့ရပါတယ်။

ကဲ နှစ်သစ်မှာဒီအလေ့အထတွေမွေးမြူပြီး နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ……

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

17Simple Habits You Need to Adopt to Be Healthy in Your 20shttps://www.mydomaine.com/healthy-habits-for-20s Accessed Date 7 January 2019

The Benefits of Healthy Habitshttps://www.healthline.com/health/5-benefits-healthy-habits Accessed Date 7 January 2019

7 ways to jumpstart healthy change in your lifehttps://www.health.harvard.edu/healthbeat/7-ways-to-jumpstart-healthy-change-in-your-life Accessed Date 7 January 2019

ယခုပုံစံ

19/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှုတ်ခမ်းခြောက်စေတဲ့ အလေ့အထ ငါးခု

အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ



Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement