၁။ လှုပ်ရှားမှုပြသနာအပေါ် ယေဘုယျအမြင်
လှုပ်ရှားမှုပြသနာဆိုတာ လှုပ်ရှားမှုရဲ့ လျင်မြန်ခြင်း၊ သွက်လက်ခြင်း၊ သက်တောင့်သက်သာရှိခြင်း စတဲ့အချက်တွေအပေါ် သက်ရောက်မှုရှိတဲ့ အာရုံကြော ဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Dyskinesia လို့ခေါ်တဲ့ ပြသနာမှာ ပြင်းပြင်းနဲ့ မြန်မြန် လှုပ်ရှားတတ်တဲ့ hyperkinesia ဖြစ်ခြင်းရော ဖြေးဖြေး (သို့) လှုပ်ရှားမှု မရှိတတ်တဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။