backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆေးမတည့်ခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးမတည့်ခြင်း

ဆေးမတည့်ခြင်းဆိုတာ သင့်ကိုယ်ခံအားစနစ်ကနေ ဆေးဝါးများကို လွန်ကဲစွာ တုံ့ပြန်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘယ်ဆေးမဆို ဓါတ်မတည့်ခြင်း ဖြစ်ပွားနိုင်ပါတယ်။

၁။ ဆေးမတည့်ခြင်းဆိုတာ ဘာလဲ

ပထမဆုံး ဆေးသောက်ချိန်မှာ ဘာဖြစ်တယ်ဆိုတာ သင်မသိနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ဆေးကိုတုံ့ပြန်ဖို့ ခုခံပစ္စည်းများကို တိတ်တဆိတ် ထုတ်လုပ်နေပါတယ်။ နောက်တကြိမ်ဆေးသောက်လိုက်တဲ့အခါ ခုခံပစ္စည်းဟာ သင့်ရဲ့ သွေးဖြူဥတွေကို ဟ်စ်တမင်းဓါတ်တွေ ထွက်လာစေပါတယ်။ ဒါဟာ ဓါတ်မတည့်လက္ခဏာတွေရဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဆေးမတည့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အတက်ရောဂါတွင် သုံးသောဆေးများ

– အင်ဆူလင်

– အိုင်အိုဒင်း

– ပင်နီဆလင်ကဲ့သို့ ပဋိဇီဝဆေးများ

– ဆာလ်ဖာဆေးများ

– အက်စပရင်နှင့် အိုင်ဗျူပရိုဖင်ကဲ့သို့ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ

– အတက်ကျဆေးများ

– ခုခံပစ္စည်းဓါတ်ပွားကုသခြင်း

– ကင်ဆာဆေးသွင်းကုသခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဆေးတမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ဓါတ်မတည့် တုံ့ပြန်မှုလို့ ယူဆလို့ မရပါဘူး။ ဥပမာ အကိစ်ပရင်ဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မဟုတ်ဘဲ အင်ပျဉ်ထတာမျိုး၊ ရင်ကျပ်ပန်းနာမျိုး ဖြစ်တတ်ပါတယ်။

၂။ ဆေးမတည့်ခြင်းရဲ့ လက္ခဏာများ

ဆေးမတည့်ခြင်းအများစုဟာ အရေပြားမှာ အကွက်များဖြစ်ခြင်း၊ အင်ပျဉ်ထခြင်း စတာတွေဖြစ်ပြီး ဆေးပေးပြီးခါစဖြစ်စေ၊ နာရီပေါင်းများစွာ ကြာပြီးရင်ဖြစ်စေ ပေါ်လာတတ်ပါတယ်။

အတွေ့များတဲ့ ဆေးမတည့်ခြင်း လက္ခဏာတွေကတော့

– အင်ပျဉ်ထခြင်း

– ယားယံခြင်း

– အနီကွက်များထခြင်း

– ရောင်ရမ်းခြင်း

– အသက်ရှူပြင်းထန်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းလက္ခဏာတွေမှာ

– အစာအိမ်အောင့်ခြင်း

– စိတ်ရှုပ်ထွေးခြင်း

– ပုံမှန်မဟုတ်သော အူလမ်းကြောင်း လှုပ်ရှားမှု

– အသက်ရှူခက်ခြင်း

– အသံသြလာခြင်း

– မူးဝေခြင်း

– သတိလစ်ခြင်း

– ပျို့ခြင်း အန်ခြင်း

– သွေးခုန်နှုန်း နှလုံးခုန်နှုန်း မြန်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

၃။ ဆေးမတည့်ခြင်းကို ရောဂါရှာဖွေ အတည်ပြုခြင်း ဘယ်လိုပြုလုပ်မလဲ

သင့်ဆရာဝန်ဟာ ရောဂါကို အမည်တပ်နိုင်ဖို့ သင့်ရဲ့ ကျန်းမာရေးရာဇဝင်နဲ့ လက္ခဏာတွေရဲ့ ဆိုးရွားမှုကို သိရှိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ ပဋိဇီဝဆေး (ဥပမာ- ပင်နီဆလင်) မတည့်ရင် အရေပြားမှာ အရင်စမ်းသပ်သင့်ပါတယ်။ ဒါပေမယ့် အရေပြားစမ်းသပ်ခြင်းဟာလည်း အမြဲအလုပ် မဖြစ်ပါဘူး။ တခါတရံမှာ တချို့ဆေးတွေအပေါ် တုံ့ပြန်ခြင်းဟာ ဆိုးရွားပြင်းထန်တာမို့ အရေပြား စမ်းသပ်ခြင်းဟာ အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ဆေးကုသတဲ့ အစီအစဉ်ကို ပြောင်းလဲနိုင်ပါတယ်။ တခြားဆေးပေးလို့ရနိုင်ရင် ဓါတ်မတည့်မှု စမ်းသပ်စရာ မလိုပါဘူး။

၄။ ကုသမှုတွေက ဘာတွေလဲ

ဓါတ်မတည့်မှု သက်သာအောင် ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ ဥပမာ ဟစ်စ်တမင်း ဆန့်ကျင်ဆေးနဲ့ လိမ်းဆေးတွေနဲ့ အရေပြားရဲ့ အခြေအနေကို သက်သာစေပါတယ်။ ဓါတ်မတည့်မှုကြောင့် အသ်ကရှူလမ်းကြောင်း ကျဉ်းလာမယ်ဆိုရင် လေပြွန်ကျယ်စေတဲ့ဆေးတွေ ပေးဖို့ လိုအပ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးဆိုရင် ရောဂါ လက္ခဏာကို သက်သာအောင် အပီနက်ဖရင်းကို အရင်ထိုးရပါမယ်။ ပြီးရင် ရောဂါလက္ခဏာတွေ သက်သာနေမယ်ဆိုရင်တောင် အရေးပေါ် ဆေးကုသမှုကို ခံယူရပါမယ်။

အများစုမှာတော့ ဆေးမတည့်ခြင်းဖြစ်ရင် လုပ်ရမယ့် တခုတည်းသောအရာကတော့ အဲဒီဆေးကို ဖယ်ထုတ်လိုက်ဖို့ပါပဲ။ ဒါပေမယ့် သင့်အခြေအနေကို ဘယ်အရာနဲ့မှ မကုသနိုင်ဘူးဆိုရင် ဆေးအာနိသင် မထိရောက်စေခြင်းဆိုတဲ့ ကုသမှုကို လိုအပ်ပါတယ်။ ဒါဟာ ကိုယ်ခံအားကုသမှုပုံစံပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ ဓါတ်မတည့်တဲ့ ဆေးရဲ့ သေးငယ်တဲ့ ပမာဏကို နည်းနည်းချင်းစီ ထိုးသွင်းပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆေးချိန်ပမာဏတိုးလာပြီး ခံနိုင်ရည် ရှိလာစေပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement