ကျန်းမာရေးကိရိယာများ
အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်
သင် သုက်လွှတ်မြန်နေတာလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးနည်း
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် ကို အွန်လိုင်းကနေတွက်ချက်မယ်
ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ စစ်ဆေးခြင်း
အွန်လိုင်းကနေ အရိုးပွရောဂါ ဖြစ်နိုင်ခြေ စစ်ဆေး ကြမယ်
ကလေးဝမ်းအရောင် ရဲ့ အဓိပ္ပာယ်ကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်
ကာကွယ်ဆေးထိုးအချိန်ဇယားက နေထိုင်တဲ့နိုင်ငံ၊ ကလေးရဲ့ ကျန်းမာရေးအခြေအနေ၊ ရနိုင်တဲ့ ကာကွယ်ဆေးတွေပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ပိုမိုသိရှိလိုပါက ကျန်းမာရေးဝန်ထမ်းကို မေးမြန်းပါ။
ကာကွယ်ဆေးထိုး အချိန်ဇယားက ကလေးကို အရွယ်အလိုက် အချိန်မီ ကာကွယ်ဆေး ထိုးနိုင်အောင် ကူညီပေးပါတယ်။
ကာကွယ်ဆေး မီအောင် နောက်ကနေ ပြန်လိုက်ထိုးလို့ ရပါတယ်။ ကာကွယ်ဆေးထိုးအချိန်ဇယားမှာ ထိုးဖို့ မေ့ခဲ့တဲ့ ကာကွယ်ဆေးရယ်၊ ဘယ်အချိန်မှာ ဘယ်ထိုးနိုင်သလဲဆိုတာရယ်ကို စစ်ဆေးနိုင်ပါတယ်။
နေထိုင်တဲ့နိုင်ငံ၊ ကလေးရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်က သင့်ကလေးနဲ့ သင့်တော်တဲ့ ကာကွယ်ဆေးအချိန်ဇယားကို အကြံပြုနိုင်ပါတယ်။
ကလေးအသက် ၁လ၊ ၂လလောက်ကစပြီး အန္တရာယ်များတဲ့ ရောဂါတွေကနေ ကာကွယ်ဖို့ အောက်ပါ ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။
−BCG (မွေးစ ဒါမှမဟုတ် ၂လ)
– အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေး
−ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေး
−Hib ကာကွယ်ဆေး
−ပိုလီယို ကာကွယ်ဆေး
−PCV ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး
−ရိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး
ကာကွယ်ဆေးတွေ ထိုးဖို့ လွတ်သွားရင် ကာကွယ်ဆေးတွေက ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေများပါတယ်။ ကာကွယ်ဆေးတွေ နောက်ကျလေလေ ကလေးက ရောဂါပိုးနဲ့ ထိတွေ့ဖို့ အချိန်ရလေလေဖြစ်ပါတယ်။