backup og meta

ယောဂ၏ ကောင်းကျိုးများ

ယောဂ၏ ကောင်းကျိုးများ

ယောဂ၏ ကောင်းကျိုးများ

ယောဂ ကျင့်တဲ့အခါ သင့်စိတ်ရော၊ခန္ဓာပါ ပိုပြီး ကျန်းမာလာတယ်ဆိုတာ အမှန်တရားပါ။ အခု ဒီဆောင်းပါးလေးမှာတော့ သင်မသိလောက်သေးမယ့် ယောဂ၏ ကောင်းကျိုးများ ကို ဖော်ပြပေးသွားမှာပါ။

ယောဂ၏ ကောင်းကျိုးများ

ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ

ယောဂဟာ ခန္ဓာကိုယ်တစ်ခုတည်းကိုပဲ ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းမဟုတ်ပေမယ့် ယောဂကျင့်ခြင်းအားဖြင့် နာတာရှည်နာကျင်မှုဝေဒနာတွေဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာ၊ ကျောနာ၊ ကျောအောင့်တာ၊ ခေါင်းကိုက်တာနဲ့ carpal tunnel syndrome လို့ခေါ်တဲ့ ခြေလက်တွေမှာ ဖြစ်လေ့ရှိသော ကြွက်သားနဲ့ အကြောဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။

ဒါ့အပြင် ယောဂကျင့်ခြင်းဟာ သွေးပေါင်ကို ကျစေပြီး အိပ်မပျော်တာတွေကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။

ယောဂ ကျင့်ခြင်းရဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကတော့

  • အားကစားသမားတွေအတွက် စွမ်းဆောင်ရည် မြင့်မားလာခြင်း။
  • နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း။
  • ခန္ဓာကိုယ်ပျော့ပျောင်းခြင်း။
  • ဇီဝဖြစ်စဉ် မျှတကောင်းမွန်ခြင်း။
  • ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း။
  • ထိခိုက်ဒဏ်ရာရမှုတွေမှ ကာကွယ်ပေးခြင်း။
  • ကြွက်သားတွေရဲ့ သန်မာမှု၊တောင့်တင်းမှုကို အားပေးခြင်း။
  • အသက်ရှူခြင်းဆိုင်ရာ ကိစ္စများကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်း၊အားအင်တိုးပွားစေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သားသားမီးမီးလေးတွေ ရစေမယ်

ကလေးလိုချင်လို့ ယောဂလာကျင့်တဲ့ စုံတွဲတွေ ဒီဘက်နှစ်ပိုင်းတွေမှာ သိသိသာသာ ပိုများလာတာကို တွေ့ရပါတယ်။ ယောဂကျင့်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အတွက် စိတ်နဲ့ခန္ဓာကို ပိုပြီးကောင်းမွန်ကြည်လင်လာစေကာ ကလေးရနိုင်ခြေကိုလည်း ပိုလာစေပါတယ်။ ယောဂရဲ့ အကျိုးကျေးဇူးတွေထဲမှာ ကလေးရနိုင်ခြင်း ဆိုတဲ့အချက်ပါတယ်လို့ ညွှန်းဆိုတဲ့ သုတေသနပြုချက်တွေ အင်မတန်နည်းပါးပေမယ့် ယောဂဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အတွက် မိခင်လောင်းအဖို့ စိတ်ရောကိုယ်ပါ ဖြေလျှော့စေကာ ခန္ဓာကိုယ်အတွက် အားအင်တွေလည်း တိုးလာစေတာကြောင့် ကလေးရဖို့ အခွင့်အလမ်း များလာစေပါတယ်။

ဒါ့အပြင် ယောဂကျင့်ခြင်းဟာ မျိုးပွားအင်္ဂါတွေဆီ သွေးရောက်နှုန်းကိုလည်း မြင့်မားစေတဲ့အတွက် အဆိုပါ အင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့အားပေးကာ ဟော်မုန်းတွေကိုလည်း အလုပ်ကောင်းစွာ လုပ်စေပါတယ်။

အရက်နာကျတာကိုလည်း ပျောက်စေမယ်

ပျော်ပါးသောက်စား အရက်တွေ နင်းကန်သောက်ထားပြီး နောက်တစ်နေ့မှာ ယောဂဆော့ဖို့ဆိုတာ သင့်အနေနဲ့ ယောင်လို့တောင် မတွေးမိလောက်ပါဘူး။ ဒါပေမယ့် အရက်တွေ အလွန်အကျွံသောက်ထားပြီး နောက်တစ်နေ့မှာ အရက်နာမကျချင်ဖူးဆိုရင်တော့ ယောဂဆော့တာဟာ သင်လုပ်သင့်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ယောဂဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လို့ပါပဲ။

ဒါ့အပြင် ယောဂဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ကူညီပေးနိုင်ပါတယ်။“shoulder stand” လို့ခေါ်တဲ့ တံတောင်ကို ထောက်ထားပြီး ခြေထောက်ကို အပေါ်ထောင်ထားတဲ့ ပုံစံ၊ ပက်လက်လှန်အိပ်ပြီး ခြေထောက်ကို ခေါင်းပေါ်ကနေ ကွေးတဲ့ “plow” ပုံစံ ဒါမှမဟုတ် ပက်လက်လှန်ပြီး ကျောကော့ထားတဲ့ “fish” ပုံစံတွေဟာ သိုင်းရွိုက်ဂလင်းကို များစွာ အကျိုးရှိစေတာမို့ ဇီဝဖြစ်ပျက် ဖြစ်စဉ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

ဒီလိုမျိုး” ဖြစ်ပျက်” ဖြစ်စဉ် တိုးတက်ကောင်းမွန်လာတဲ့အခါ သင့်အနေနဲ့ နေလို့ထိုင်လို့ ကောင်းလာမှာ ဖြစ်ပြီး အရက်နာကျတာကိုလည်း လျင်မြန်စွာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇီဝဖြစ်စဉ်မြန်ဆန်ခြင်းဟာ အဆီတွေလောင်ကျွမ်းမှုကို အားပေးပါသေးတယ်။ ယောဂကျင့်ခြင်းအားဖြင့် သွေးလည်ပတ်မှုကိုလည်း ကောင်းစေတဲ့အတွက် သင့်ပေါင်နဲ့တင်ပါးမှာ အဆီပိုတွေစုဝေးမှုကြောင့် ဖြစ်လာတတ်တဲ့ အရေပြားချိုင့်ခွက်တွေကို မကြာသောကာလမှာ ပျောက်ကင်းသွားစေမှာပဲ ဖြစ်ပါတယ်။

အစားအသောက် အလွန်အကျွံတပ်မက်ခြင်းကို လျော့နည်းသက်သာစေမယ်

ယောဂ ပုံမှန်ကျင့်သူတွေမှာ အစားအသောက်အလွန်အကျွံတပ်မက်ခြင်း လျော့နည်းလာတတ်တယ်လို့ ဝါရှင်တန်တက္ကသိုလ်ရှိ သုတေသန ပညာရှင်တွေရဲ့အဆိုအရ သိရှိရပါတယ်။

ဘာလို့လဲဆိုတော့ ယောဂအသက်ရှူလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့ အစာစားချင်စိတ်ကို လျှော့ချပေးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယောဂကျင့်ခြင်းဟာ အဝလွန်သူတွေ ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်များပြီး ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေအတွက် အထူးအကျိုးရှိစေပါတယ်။

ယောဂကျင့်တာဟာ သင့်စိတ်နဲ့ ခန္ဓါအတွက် အင်မတန်မှကို အကျိုးထူးစေတာ အမှန်ပါ။ ဒါပေမယ့် နားလည်တတ်ကျွမ်းတဲ့ ထရိန်နာ/နည်းပြရဲ့ စနစ်တကျ သင်ကြားပြသမှုကို ခံယူဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒါမှသာ ဒီလေ့ကျင့်ခန်းဟာ သင်နဲ့ သင့်တော်ခြင်း ရှိမရှိ သိနိုင်မှာဖြစ်ပြီး လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်စေပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Benefits of Yoga
http://www.osteopathic.org/osteopathic-health/about- your-health/health- conditions-library/general-
health/Pages/yoga.aspx Accessed February 3, 2017
11 Unexpected Health-Promoting Benefits of Yoga

http://www.everydayhealth.com/fitness-pictures/10- surprising-health- perks-of- yoga.aspx

Accessed February
3, 2017

 

 

ယခုပုံစံ

30/03/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ယောဂကျင့်စဉ်အတွက်အစားအစာ

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ယောဂပုံစံများနှင့် အစားအစာများ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement