အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation
အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် သတ်မှတ်တာ၊ ပြင်ဆင်မှုတွေ လုပ်တာ၊ စည်းမျဉ်းတွေ ချမှတ်တာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေပါ။ ဒီအချက်တွေအပြင် အရေးအကြီးဆုံး အချက်တစ်ခုက စိတ်အားထက်သန်မှု ရှိနေဖို့ပါ။
တစ်ခါတလေ ဖြစ်တတ်တာက လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် စိတ်မပါလို့ မလုပ်ရတာမျိုးပါ။ ဒီနေ့တော့ အိပ်ရာမနိုးလို့ ပင်ပန်းနေလို့ နောက်နေ့မှ လုပ်တော့မယ်ဆိုတာမျိုးပေါ့။ တကယ်က ဒီလိုဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားသူတွေလည်း အဲ့လိုပါပဲ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ အောင်မြင်ဖို့ဆိုရင် မဖြစ်မနေ လိုအပ်မှာက စိတ်အားထက်သန်မှုပါ။ ဒီလို စိတ်အားထက်သန်မှု ဖြစ်စေဖို့ အနာဂတ်စီမံကိန်းတွေ ချမှတ်တာရှိသလို ဝိတ်ကျသွားတယ် အချိုးအစား လှပသွားမယ်စတဲ့ အချက်တွေကို ကြိုတင်စိတ်ကူးကြည့်တာမျိုးလည်း ရှိပါတယ်။
ဒီလိုတွေးကြည့်တာကလည်း လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အကောင်းဆုံး တွန်းအားပေးနိုင်ပါတယ်။
Motivationဆိုတာက အရမ်းကို ရိုးစင်းတဲ့ စကားရပ်တစ်ခုပါ။ သတ်မှတ်ထားတဲ့ ပန်းတိုင်၊ အောင်မြင်မှုဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးမယ့် စိတ်ခွန်အားတစ်မျိုးပေါ့။ စိတ်အားထက်သန်မှုဆိုလည်း မမှားပါဘူး။
လေ့ကျင့်ခန်း လုပ်တဲ့အခါရလာမယ့် ရလဒ်ကို လိုချင်တဲ့ စိတ်နဲ့ လေ့ကျင့်ခန်း လုပ်တာရှိနိုင်သလို လေ့ကျင့်ခန်းလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်သွားတာကို သဘောကျတဲ့စိတ်နဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးလည်းရှိပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သဘောကျတာကြောင့် လေ့ကျင့်ခန်းကို မလုပ်မနေရလုပ်ချင်တဲ့ဆန္ဒကို Motivationလို့ ခေါ်ပါတယ်။
လူတစ်ယောက်အတွက် အရေးအကြီးဆုံး အချက်တစ်ခုက သူ့အတွက် Motivationက ဘယ်ကနေလာလဲဆိုတာကို သိဖို့ပါ။ Motivation က အပြင်က အရာတွေကနေ လာနိုင်သလို ကိုယ့်ခန္ဓာကိုယ်အတွင်းပိုင်းကနေလည်း လာတတ်ပါတယ်။
ဒီ Motivationမျိုးက လေ့ကျင့်ခန်းလုပ်တဲ့အပေါ်ကနေ အခြေခံပြီးဖြစ်လာတဲ့ Motivationမျိုးပါ။ မြင်သာအောင် ပြောပြရရင်
နောက်ထပ် Motivation အမျိုးအစားတစ်ခုကတော့ ခန္ဓာကိုယအတွင်းပိုင်းကလာတဲ့ Motivationပါ။ မြင်သာအောင် ပြောပြရရင်
လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားမထက်သန်ရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ မဖြစ်မနေကျော်လွှားရမယ့် အတားအဆီးတွေကတော့
ဒီလိုတွေဖြစ်တဲ့အခါ လေ့ကျင့်ခန်း လုပ်ချင်စိတ် မပျောက်စေဖို့ ကိုယ်တစ်ယောက်တည်းမှ ဒီအခြေအနေ ကြုံနေရတာ မဟုတ်ဘဲ အခြားသူတွေမှာလည်း ဒီအနေအထားမျိုး ကြုံနေရတယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။
ဒီအခြေအနေတွေကို အကောင်းဆုံးကျော်လွှားနိုင်မှ လေ့ကျင့်ခန်း လုပ်နိုင်မှာဖြစ်ပြီး လေ့ကျင့်ခန်း လုပ်တာကနေရမယ့် အကျိုးကျေးဇူးတွေကိုလည်း ခံစားနိုင်မယ်ဆိုတဲ့ စိတ်ကလေး မွေးစေချင်တာပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ အပေါ်ကအချက်တွေအပြင် ဒီအချက်တွေကလည်း အတားအဆီးဖြစ်စေနိုင်ပါသေးတယ်။ ဒါကတော့ ကြောက်စိတ်၊ စိတ်ရှုပ်ထွေးတာ၊ နာကျင်တာ။ ထိခိုက်ခံစားရတာ၊ ပျင်းတာ၊ အားမလိုအားမရဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်ရတာကို သဘောမတွေ့တာတွေပါ။
လေ့ကျင့်ခန်း လုပ်တဲ့အခါ တွေ့ကြုံရနိုင်တဲ့ အခက်အခဲ အတားအဆီးတွေကတော့ အများကြီးပါ။ ဒီအတားအဆီးတွေကို အကောင်းဆုံး ကျော်ဖြတ်ဖို့ဆိုရင်
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။