backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဖျတ်လက်တက်ကြွတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်စေဖို့

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖျတ်လက်တက်ကြွတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်စေဖို့

ခန္ဓာကိုယ် ဖျတ်လတ်တက်ကြွနေဖို့ အရေးကြီးကြောင်းကို လူတော်တော်များများ သိထားကြပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းအပြင် ကျန်းမာမျှတစေတဲ့ အစားအသောက်ကိုလည်း ချင့်ချိန်ပြီး စားသင့်ပါတယ်။ ဖျတ်လက်တက်ကြွတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်စေဖို့ ဘယ်အချက်တွေ ဂရုစိုက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဖျတ်လက်တက်ကြွတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်စေဖို့

ဖျတ်လက်တက်ကြွတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်စေဖို့ ဆိုရင်

၁။ အာဟာရစုံလင်စွာရရှိအောင်စားပါ

အသီးအနှံ၊ ပြောင်း၊ ပဲနဲ့ အဆီထုတ်ထားတဲ့နို့ စတဲ့ စုံလင်တဲ့အစာတွေ စားခြင်းဖြင့် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရတွေကို ရရှိနိုင်ပါတယ်။ အငန်၊ နဲ့ အချိုဓာတ်များတဲ့ အစားအသောက်တွေကို လျှော့ဖို့ ရှောင်ဖို့ မမေ့ပါနဲ့။

၂။ ကောက်နှံတွေကနေ စွမ်းအင်ရယူပါ။

ဆန်၊ ဂျုံ၊ ပြောင်းတွေက စွမ်းအင်ဖြစ်စေတဲ့ အဓိကအစားအစာတွေဖြစ်ပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်နဲ ဆန်လုံးညိုတွေက အာဟာရဖြစ်စေပြီး ကယ်လိုရီနည်းတဲ့အတွက် ရွေးချယ်သင့်တဲ့အစာတွေပဲဖြစ်ပါတယ်။

၃။ ကြွက်သားအတွက် ပရိုတင်းဓာတ်လိုအပ်ပါတယ်။

ခန္ဓာကိုယ်မှာ ကြွက်သားကို ထိန်းသိမ်းဖို့နဲ့ အသစ် ထပ်ဖြစ်စေဖို့ ပရိုတင်းဓာတ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကို ကြက်သားနဲ့ အနီရောင်အသားတွေက ရနိုင်ပြီး အဆီနည်းတဲ့ အသားဖြစ်ဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲဖြစ်အောင် ငါး သို့မဟုတ် ပင်လယ်စာ စားနိုင်ပါတယ်။

၄။ အပင်ကရတဲ့ ပရိုတင်းဓာတ်စားပါ။

ပဲအမျိုးမျိုးနဲ့ အစေ့အဆံတွေက အသားဓာတ် ရစေမယ့် အရာတွေ ဖြစ်ပါတယ်။ တကယ်လို့ သင်က သက်သတ်လွတ် သမားဖြစ်ရင် ဒါတွေစားဖို့ ပိုပြီး နှစ်သက်မှာပါ။

၅။ အသီးအရွက်နဲ့ သစ်သီးတွေကို စားဖို့မမေ့ပါနှင့်။

အသီးအရွက်တွေ စားဖို့ ဝန်မလေးပါနဲ့။ အာဟာရ မျိုးစုံ ရရှိစေဖို့ အရောင် မျိုးစုံရှိတဲ့ အသီးအရွက်များ စားပါ။ သစ်သီးနဲ့ အရွက်များက လတ်လတ်ဆတ်ဆတ် ဖြစ်တဲ့ အချိန်မှာ စားဖို့တော့ လိုပါတယ်။

၆။ အဆီလျှော့ပါ။

အဆီ ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ စားနိုင်ပါတယ်။ နို့၊ ဒိန်ချဉ်နဲ့ ပဲနို့ စတာတွေကို နေ့စဉ် လုံလောက်တဲ့ ပမာဏ စားပေးမယ်ဆိုရင် သင့်အရိုးတွေကို ကျန်းမာ သန်စွမ်းစေပြီး ကြွက်သား ဖြစ်ထွန်းမှုကို ဖြစ်စေပါတယ်။

၇။ မျှမျှတတရှိပါစေ။

အစာအုပ်စု မျိုးစုံ စားသင့်ပါတယ်။ ကိုယ်ကြိုက်တာ များများ စားပြီး မကြိုက်တာကို မစားတာမျိုး မလုပ်ပါနဲ့။

၈။ ရေဓာတ်လုံလောက်စွာရှိနေပါစေ။

အစားစားသလိုပဲ ရေသောက်ဖို့လည်း အရေးကြီး ပြန်ပါတယ်။ ဓာတ်ဆားရည်၊ ရေသန့် တစ်ပုလင်းလောက် သင်နဲ့အတူ အမြဲတမ်း ဆောင်ထားလိုက်ပါ။

၉။ လုံလုံလောက်လောက်စားပါ။

အစားနည်းလွန်းတာနဲ့ များလွန်းတာက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သင့်အတွက် လုံလောက်တဲ့ အာဟာရကို သိရဖို့ တတ်ကျွမ်းသူတွေရဲ့ အကူအညီလိုကောင်းလိုနိုင်ပါတယ်။

၁၀။ ပန်းတိုင်ထားပါ။

ပန်းတိုင်တွေ ထားရှိခြင်းက သင့်ကို စိတ်အားထက်သန်မှုဖြစ်စေပါတယ်။ ဒါပေမယ့် လက်တွေ့ကျတဲ့ ပန်းတိုင်တစ်ခုဖြစ်သင့်ပြီး မိမိကိုယ်ကို ဒုက္ခပေးတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားအသောက်ကို မျှတအောင် ချင့်ချိန်စားသောက်တာက ကျန်းမာစေတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ခုပြောခဲ့တဲ့ အချက်တွေက ကျန်းမာပြီး ဖျတ်လတ်တက်ကြွတဲ့ ခန္ဓာကိုယ်တစ်ခု ရစေဖို့ အထောက်အကူ ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


သက်ဆိုင်သည့် ဆောင်းပါး


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement