ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 31, 2020 . 2 mins read
Share now

အရိုးအဆစ် တွေက လှုပ်ရှားလို့ မကောင်းဘူး၊ အကြောအခြင်တွေ တောင့်တင်းနေလိုက်တာ လက်ကလေးမြှောက်လိုက်လည်း ဂျွတ်ခနဲ၊ ခြေထောက်လေး လှုပ်လိုက်လည်း ဒူးက ဂျွတ်ခနဲ၊ ခါးက မျက်ခနဲ

ဒီပြဿနာတွေကို ခုနောက်ပိုင်း လူကြီး၊ လူငယ် မရွေး တွေ့ကြုံခံစားရတာများလာပါတယ်။ ဘာတွေကြောင့် ဖြစ်မလဲ ဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေ စဉ်းစားကြည့်ရအောင် –

အသက်ကြီးလာလို့လား

အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရိုးထိပ်မှာ အကာအကွယ်ပေးထားတဲ့ အရိုးနုလွှာက စတင် ခြောက်သွေ့ပြီး တောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ ခန္ဓာကိုယ်က ထုတ်ပေးနေကျ အရိုးအဆစ်တွေကြားက synovial fluid တွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။

အိပ်ရာထကာစ မို့လို့လား

နာရီအတော်ကြာ အိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေ လှုပ်ရှားမှု လွယ်ကူစေဖို့ ထုတ်ပေးတဲ့ synovial fluid အရည်ဓာတ်က လုပ်ဆောင်ချက် သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရ တောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာအကြောလျှော့တာတွေ လုပ်ကြတာ ဒါကြောင့်ပါ။

အထိုင်များလို့လား

အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လှုပ်ရှားမှု သိပ်မရှိလို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့တစ်နေ့တာမှာ လှုပ်ရှားတဲ့အချိန်ထက် ငြိမ်နေတဲ့အချိန်က ပိုများနေခဲ့ရင် ဒီလိုဖြစ်နိုင်ပါတယ်။ အကြောအခြင်တွေက တောင့်တင်း၊ ခြေလက်တွေ လေးလံပြီး တဂျိုးဂျိုးတဂျွတ်ဂျွတ်နဲ့ပေါ့။

အရိုးပွနေလို့လား

အရိုးတွေ ကြားက အဆစ်မှာ ဖုံးအုပ်ထားတဲ့ အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေ ကြားမှာ ပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး လွန်ကဲလို့လား

အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို အလွယ်တကူ သောက်လို့ ရတဲ့ ဆေးတွေကို အားကိုးကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သုံးစွဲရတဲ့အခါ ကြွက်သားတွေကို အားနည်းစေနိုင်ပါတယ်။

လေးဘက်နာ ဖြစ်နေလို့လား

လက်ကောက်ဝတ်နဲ့ လက်ချောင်းအဆစ်တွေမှာ အများဆုံး သိသာတတ်ပေမယ့် တခြားအဆစ်တွေမှာလည်း နာကျင်ကိုက်ခဲရတဲ့ လေးဘက်နာအဆစ်ရောင်ရောဂါ ကလည်း အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လေးဘက်နာ ဖြစ်ရင် အဆစ်တွေ အမြဲတမ်း နာကျင်၊ တောင့်တင်းနေစေနိုင်ပါတယ်။ တစ်ခါတလေတော့ ရောဂါက ငြိမ်နေပြီး မကြာမကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။

ရာသီဥတု ကြောင့်လား

ရာသီဥတု အေးလာပြီဆို အရိုးအဆစ်တွေ လှုပ်ရှားရမကောင်းတော့ဘူး ဆိုတာ လူကြီးမိဘတွေဆီက ကြားဖူးကြမှာပါ။ ရာသီဥတု ပြောင်းလဲတဲ့အခါ အရိုးအဆစ်နာခြင်းက ပိုဆိုးလာတာများပါတယ်။ လေးဘက်နာသမားတွေ ရာသီဥတု အေးရင် ပိုကိုက်ခဲကြတာ တွေ့ရများပါတယ်။

အရွတ်တွေ ထိခိုက်ထားလို့လား

နာတာရှည် ဖြစ်တတ်တဲ့ ဒီရောဂါကြောင့် အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲစေနိုင်တဲ့ အပြင် အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းပြဿနာတွေပါ ရှိတတ်ပါတယ်။ ရောဂါတစ်ခုခု၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှု ပြင်းထန်တာတွေ နောက်ပိုင်းမှာ ဒီဝေဒနာ ပိုဆိုးစေတတ်ပါတယ်။

အရိုးအဆစ် ထိခိုက်မှုတစ်ခုခု ရှိထားလို့လား

အရိုးအဆစ်ကို ထိခိုက်မှုတစ်ခုခု ရှိထားတယ်ဆိုရင် ရောင်ရမ်းခြင်း နဲ့ တောင့်တင်းနာကျင်ခြင်းတွေ ဖြစ်နေမှာပါပဲ။ အရိုးအဆစ်တွေကို အသုံးပြုရများလွန်းရင်၊ လှုပ်ရှားမှု ပုံစံမမှန်ရင်လည်း အရွတ်ပါ ထိခိုက်ပြီး ဒီလိုတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ

(၁) အတန်အသင့် လှုပ်ရှားမှု 

အရိုးအဆစ် တွေကို လှုပ်လှုပ်ရှားရှားနေလေ၊ တောင့်တင်းနာကျင်နေဖို့ အခွင့်အလမ်းနည်းလေ ပါပဲ။ အိမ်ရှေ့ခဏလောက် လမ်းထွက်လျှောက်တာ၊ အပင်လေးတွေ စိုက်တာလောက်နဲ့လည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။ အထိုင်များတဲ့အလုပ် ဆိုလည်း ဟိုဟိုဒီဒီ နည်းနည်းလမ်းလျှောက်ပေးတာ၊ ခြေဆန့်လက်ဆန့် အကြောလျှော့တာတွေ လုပ်ပေးပါ။

ပိတ်ရက်တွေမှာ ဖြစ်ဖြစ်၊ မနက်အစောပိုင်းဖြစ်ဖြစ် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးရင် အရိုးအဆစ်တွေကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို သန်မာစေပြီး အရိုးတွေလည်း သန်မာစေမယ်၊ ဟန်ချက်ထိန်းနိုင်စွမ်း ပိုကောင်းစေမယ်၊ ကယ်လိုရီ လောင်ကျွမ်းစေတယ်။

နာနေလို့ ဆိုပြီး မလှုပ်မယှက် ငြိမ်နေရင် ပိုဆိုးပါလိမ့်မယ်။ အနည်းဆုံး ပုံမှန်လှုပ်ရှားမှုတော့ ရှိရပါမယ်။ လုံးဝလှုပ်မရဘဲ နာကျင်မှုပြင်းထန်တာ (ထိခိုက်မှုကြောင့် အရိုးအက်တာ လိုမျိုး) ဖြစ်နေရင်တော့ လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ကြပ်ထုပ်ထိုးတာ၊ ဆေးစည်းတာ၊ ငြိမ်ငြိမ်နားနေတာ တို့ လုပ်သင့်ပါတယ်။ လှုပ်ရှားလေ ပိုဆိုးလေ ဖြစ်ရင်တော့ ချက်ချင်းရပ်ပြီး ဆရာဝန်ပြပါ။

(၂) အပူကုထုံး

မနက်ပိုင်း အဆစ်အမြစ် တောင့်တင်းနေတယ်ဆို ရေနွေးလေးနဲ့ ရေချိုးကြည့်ပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး အကြောအခြင်တွေ ပြေလျော့စေပါတယ်။ ရေနွေးအိတ်လေး ကပ်ပေးလည်း ရပါတယ်။

(၃) အအေးကုထုံး

နာကျင်နေတဲ့ အဆစ်ကို ရေခဲကပ်လို့ ရပါတယ်။ သွေးကြောတွေကို ကျဉ်းစေပြီး နာကျင်နေတဲ့ ဧရိယာမှာ သွေးလည်ပတ်မှု နှေးစေတဲ့ အတွက် ရောင်ရမ်းမှုကို လျော့စေပါတယ်။ ရေခဲကို ပုဝါတစ်ခုနဲ့ ပတ်ပြီး နာတဲ့နေရာမှာ ကပ်ပေးပါ။ ဒါပေမယ့် တစ်ကြိမ်မှာ မိနစ် ၂၀ ထက် မပိုပါစေနဲ့။

တကယ်လို့ …

  • နာကျင်ကိုက်ခဲမှု အရမ်းဆိုးလာရင်
  • ထိခိုက်မှု ဖြစ်ထားတာဆိုရင် (ချော်လဲလို့ အရိုးအက်တာမျိုး)
  • အဆစ်လွဲတာ ဆိုရင်
  • အသုံးပြုလို့ မရလောက်အောင် နာနေရင်
  • ရုတ်တရက် ရောင်ရမ်းလာရင်
  • အရိုးအဆစ်တွေ အထိမခံနိုင်၊ လှုပ်ရှားရခက်ခဲရင်
  • အရိုးအဆစ်နေရာ အရေပြားက နီမြန်းပြီး ထိလိုက်တဲ့အခါ ပူနေတာဆိုရင်
  • အရိုးအဆစ် ပြဿနာက ၃ ရက်ကျော် လာရင် ဒါမှမဟုတ် တစ်လအတွင်း ခဏခဏဖြစ်နေတာ ဆိုရင် ဆရာဝန်ပြပြီး ကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးဆစ်ထဲစတီးရွိုက်ထိုးပြီး အဆစ်ရောင်ရမ်းတာကို ကုသလို့ရပါတယ်။ တစ်နှစ်ကို ၂ခေါက် ၃ခေါက်ထက်တော့ မပိုသင့်ပါဘူး။ ထိုးမယ်ဆို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သွေးလေးဖက်နာရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

သွေးလေးဖက်နာဟာ နာတာရှည်ရောဂါပါ။ နေထိုင်စားသောက်မှုပုံစံပြောင်းတာက ဆေးဝါးကုသမှုကို အထောက်အကူဖြစ်ပါတယ်။ ဒါ့ပြင် ရောဂါပြန်မကြွအောင် ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ် အာဟာရ မိုးတွင်း ကျန်းမာရေး ကိုယ်ခံအား ဗီတာမင် အစာကြေ အရိုးအဆစ် ရောဂါပိုး ကိုဗစ် ကပ်ဘေး ချက်ပြုတ်ပြင်ဆင် အရေပြား အအေးမိတုပ်ကွေး ဖျားနာ စျေးဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

စတီးရွိုက် ကော်တီစော ပန်းနာရင်ကြပ် အရေပြားလေးဖက်နာ Cushing syndrome ကူးရှင်းရောဂါစု ပီကျူထရီဂလင်းအကျိတ် စပ်ဆေး ဆီးချိုရောဂါ အရိုးပွရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

နာတာရှည် အဆုတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နာတာရှည် အဆုတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အဆစ်ရောင်ခြင်း အမျိုးအစားများ

အဆစ်ရောင်ခြင်း အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 8, 2020 . 3 mins read
အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 8, 2020 . 3 mins read
အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read