အရိုးတီဘီ ဖြစ်ခဲ့သော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

တီဘီဆိုတာ  Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပြင်းထန်ပြီး အသေအပျောက်များတဲ့ ရောဂါထိပ်တန်း ၁၀ခုမှာ ပါပါတယ်။ တီဘီလို့ပြောလိုက်ရင် တော်တော်များများက အဆုတ်မှာ ဖြစ်တယ်လို့ပဲ သိထားကြပါတယ်။ ဒါပေမယ့် တီဘီက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကို အဆုတ်ပြင်ပမှာ ဖြစ်တဲ့ တီဘီလို့ ခေါ်ပါတယ်။ အရိုးတီဘီ ဆိုတာ ဒါတွေထဲက တစ်ခုပါပဲ။

တီဘီရောဂါရဲ့ ၁၀ရာခိုင်နှုန်းက အရိုးတီဘီ ဖြစ်တတ်ပါတယ်။ အရိုးတိုင်းမှာ တွေ့နိုင်ပေမယ့် ကျောရိုး၊ အရိုးအကြီးတွေနဲ့ အဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီထဲမှာမှ ကျောရိုးမှာ ဖြစ်တာ အများဆုံးပါပဲ။ Pott’s diseaseရယ်လို့ ခေါ်ကြပါတယ်။

အရိုးတီဘီ ဘာကြောင့်ဖြစ်တာလဲ။

အရိုးတီဘီက ခန္ဓာကိုယ်ထဲကို တီဘီပိုး အကူးခံရတယ်။ ပြီးတော့ အဆုတ်ရဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတာကြောင့်ပါ။ တီဘီက လေထဲကနေတစ်ဆင့် လူတစ်ယောက်က တစ်ယောက်ဆီကို ကူးတာပါ။ တီဘီအကူးခံရပြီးရင် အဆုတ်တွေ၊ ပြန်ရည်ကြိတ်တွေမှာ ရှိတဲ့ပိုးက သွေးထဲကနေတစ်ဆင့် အရိုးတွေ၊ အဆစ်တွေ၊ ကျောရိုးတွေကို ရောက်သွားတာပါ။ ကျောရိုးတွေ၊ အရိုးအကြီးတွေက သွေးကြောတွေများပြီး သွေးလည်ပတ်မှုကောင်းလို့ ပိုပြီး မြန်မြန်ပျံ့ပါတယ်။

အရိုးတီဘီက အရင်က ဒီလောက်မများပါဘူး။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ တခြား ခုခံအားကျတဲ့ ရောဂါ (ဥပမာ AIDS)တွေ အဖြစ်များလာတဲ့အတွက်  အခု ပိုတွေ့လာ ရပါတယ်။ နောက်ပြီး အရိုးတီဘီက အသိနောက်ကျတတ်ပါတယ်။ မကုဘဲထားရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အရိုးတီဘီရဲ့ လက္ခဏာက ဘာတွေလဲ။

ခုနက ပြောသလိုပဲ အရိုးတီဘီက အသိနောက်ကျတတ်ပါတယ်။ ရောဂါရင့်မှ သိကြတာ များပါတယ်။ အရိုးတီဘီ (အထူးသဖြင့် ကျောရိုးတီဘီ)က ရောဂါရှာရခက်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါနုစဉ်မှာ ဘာလက္ခဏာမှ မပြတတ်လို့ပါ။ နာလည်း မနာပါဘူး။ ဒါကြောင့် တကယ်သိတဲ့ အချိန်ရောက်ရင် ရောဂါရင့်နေပါပြီ။

တစ်ခါတစ်လေ ဒါ့ထက်များ ကံဆိုးရင် တီဘီပိုးက အဆုတ်မှာ အောင်းနေပြီး တခြားနေရာကို ပျံ့နေတာတောင်မှ လူနာက ဘာမှမသိပါဘူး။ အရိုးတီဘီလို့ ထင်ရင် စစ်ဆေးကြည့်သင့်တာတွေက အရိုးမှာ (အထူးသဖြင့် ကျောရိုးမှာ)

  • ပြင်းပြင်းထန်ထန် ခါးနာတာ
  • အကြိတ်ထွက်တာ၊ ဖောင်းနေတာ
  • အဆစ်တွေ တောင့်နေတာ
  • ပြည်တည်တာ ရှိမရှိ စစ်ဆေးသင့်ပါတယ်။

အရိုးတီဘီ ရောဂါရင့်လာရင်တော့ နောက်ဆက်တွဲအနေနဲ့

  • အာရုံကြောတွေ ထိခိုက်လာတာ
  • အောက်ပိုင်းချိတာ၊ အောက်ပိုင်းသေတာ
  • ကလေးတွေမှာ အရိုးတိုလာတာ
  • အရိုးတွေ ပုံပျက်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

အရိုးတီဘီရှိတဲ့သူတွေက အဆုတ်တီဘီကနေ ပျံ့လာတာဖြစ်လို့ အဆုတ်တီဘီရဲ့ လက္ခဏာတွေ ဖြစ်တဲ့

အရိုးတီဘီကို ကုသလို့ရပါ့မလား။

အရိုးတီဘီမှာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနေပေမယ့် သေချာဆေးကုရင် သက်သာလာနိုင်ပါတယ်။ ကုသနည်းကတော့ ၂နည်း ရှိပါတယ်။

  • တီဘီဆေးသောက်တာ – အဆုတ်တီဘီလိုပဲ တီဘီဆေးတွေကို ၆လကနေ ၁၈လအထိ သောက်ရတတ်ပါတယ်။ အရေးကြီးတာ ဆေးပတ်လည်အောင် သောက်ဖို့ပါ။ ဆေးကို ကိုယ့်သဘောနဲ့ကို ရပ်လို့မရပါဘူး။ ဆေးပြင်းလို့ ပြဿနာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပတ်မလည်လို့ ဆေးပြတ်သွားရင် ဆေးယဉ်ပါးတီဘီဖြစ်ပြီး ကုရပိုခက်တတ်ပါတယ်။
  • ခွဲစိတ်ကုသနည်း –  ကျောရိုးဆစ်တွေ၊ အရိုးတွေ ပုံပျက်သွားခဲ့ရင် ခွဲစိတ်ပြီ ကုသလို့ ရပါတယ်။ အများအားဖြင့်တော့ laminectomyလို့ ခေါ်တဲ့ ပျက်စီးသွားတဲ့ ကျောရိုးဆစ်ကို ခွဲစိတ်ဖယ်ထုတ်တာမျိုး လုပ်ရတတ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

နေရောင်ခြည်၊ ကဖင်းဓာတ်၊ ကိုယ်လက်လှုပ်ရှားမှု၊ တရေးတမောအိပ်၊ အရက်သေစာ၊ ရေများများသောက်၊ Digital Device၊ Sleep Apnea၊ ဇီဝအင်ဂျင်နီယာ၊ ခါးနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

Lupus (သို့မဟုတ်) အမျိုးသမီးတွေ သတိထားသင့်တဲ့ နာတာရှည်ရောင်ရမ်းနာ

Lupus၊ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်၊ အာရုံကြောစနစ်၊ နှလုံး၊ အဆုတ်၊ လိင်အမျိုးအစား၊ အကိုက်အခဲပျောက်ဆေး၊ ငှက်ဖျားဆေး၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ

COVID-19၊ ကိုရိုနာဗိုင်းရပ်စ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ အဆုတ်၊ အာရုံကြောစနစ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ သွေးကြော၊ ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်၊ ဗိုက်အောင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ

အဆုတ် အဆုတ်ကျန်းမာရေး အာဟာရ အစားအသောက် အဆုတ်အားကောင်းစေမယ့် အစားအစာ အသီးအနှံ ဟင်းသီးဟင်းရွက် အသက်ရှူလမ်းကြောင်း ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020

ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020