ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကြွက်တက်ခြင်း(muscle cramp )ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ ကြွက်သားရုတ်တရက် တောင့်တင်းခြင်း၊ ကျုံ့ခြင်းဝေဒနာဖြစ်ကာ စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာတဲ့အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာဖြစ်လေ့ရှိပါတယ်။

ညအိပ်စဉ်ကြွက်တက်ခြင်းက ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားမှာ ရုတ်တရက်ဆတ်ခနဲဖြစ်ခြင်း၊တောင့်တင်းသွားခြင်းဖြစ်ပါတယ်။ တခါတရံပေါင်နဲ့ခြေဖဝါးမှာဖြစ်လာတတ်ပြီး အများအားဖြင့် အိပ်ပျော်နေစဉ်နဲ့ မနက်အိပ်ရာနိုးချိန်မှာဖြစ်လေ့ရှိပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

ကြွက်တက်ရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့်နေထိုင်မှု အနေအထားနဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေကြောင့်ဖြစ်လာတတ်ပါတယ်။ ဥပမာ –

  • လေ့ကျင့်ခန်းကြောင့်၊ ထိခိုက်မှုကြောင့်၊ ကြွက်သားကိုအသုံးပြုမှုများတာကြောင့်၊
  • ကိုယ်ဝန်ဆောင်ခြင်း။ ကြွက်တက်ခြင်းဟာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေချို့တဲ့မှုကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်လရင့်လာချိန်မှာဖြစ်လာတတ်ပါတယ်။
  • အအေးဓါတ်များတဲ့အချိန်၊ အထူးသဖြင့်အေးစိမ့်တဲ့ရာသီဥတုမှာဖြစ်တတ်ပါတယ်။
  • သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေ၊ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အာရုံကြောနှင့်ကြွက်သားများဆုတ်ယုတ်ပျက်စီးမှုရောဂါ(multiple sclerosis) တို့ိလို တခြားရောဂါတွေကြောင့်၊အိပ်နေစဉ်အတွင်းခြေထောက်အနေအထားမမှန်တာ
  • မညီမညာမျက်နှာပြင်တစ်ခုမှာ အချိန်ကြာကြာရပ်နေတာ၊ အချိန်ကြာကြာထိုင်တာ၊
  • သွေးတွင်းမှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊နဲ့တခြားသတ္ထုဓါတ်တွေ မလုံလောက်တာ၊
  • ရေဓါတ်ခန်းခြောက်ခြင်း၊
  • စိတ်ငြိမ်ဆေး၊ သန္ဓေတားဆေး၊ ဆီးဆေး၊statins နဲ့ စတီးရွိုက် တို့လိုဆေးဝါးတချို့ကြောင့်ဖြစ်နိုင်ပါတယ်။

ကြွက်တက်ရင် ဘယ်လို ကုသနေထိုင်ရမလဲ

ကြွက်တက်ပြီဆိုရင် အမြန်ဆုံးသက်သာစေဖို့ ဘယ်နည်းကကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။အောက်ပါ နည်းလမ်းတွေထဲက အဆင်ပြေရာကို လုပ်ကြည့်ပါ –

  • ကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ။
  • ကြွက်သားကိုပြေလျော့စေဖို့ရေနွေးနွေးနဲ့လောင်းပေးပါ။ရေနွေးဝတ်ကပ်ပေးတာလည်းကောင်းပါတယ်။
  • ရေခဲတုံး သို့မဟုတ်ရေအေးဝတ်ကပ်ပေးတာကလည်း တစ်နည်းပါ။ ဒီလိုကပ်တဲ့အခါမှာတော့ အရေပြားနဲ့ရေခဲ ကြားမှာ အဝတ်တစ်ခုခုခံထားဖို့တော့ မမေ့ပါနဲ့။
  • acetaminophen(Tylenol),ibuprofen(Advil,Motrin), ဒါမှမဟုတ် naproxen(Aleve) တို့လို အလွယ်တကူဝယ်ယူနိုင်တဲ့ဆေးဝါးတွေသောက်နိုင်ပါတယ်။
  • ကြွက်တက်ခြင်းအတွက် ဆရာဝန်ကသောက်ဆေးညွှန်ကြားတဲ့အခါ အတိအကျသောက်ပါ။ တစ်ခုခုအကြောင်းရှိရင် ဆရာဝန်ထံ ဆက်သွယ်ပါ။
  • အရည်များများသောက်ပါ။ ဓါတ်ဆားအချိုရည်တွေကလည်းခြေထောက်ကြွက်တက်ခြင်းအတွက် အထောက်အကူပေးပါတယ်။

ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –

  • ဟိုလျှောက်ဒီလျှောက်လုပ်ပါ။
  • ခြေသလုံးကြွက်သားတွေကို ဆန့်ပါ။ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်းဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
  • ထိုင်နေရင်းခြေထောက်ကိုဆန့်တန်းပါ၊ခြေဖျားကိုကော့လိုက် ကုပ်လိုက် လုပ်ပါ။
  • နံရံနဲ့ ၂ပေအကွာလောက်မှာရပ်ပြီး နံရံဘက်ကို လက်နှစ်ဖက်နဲ့ထောက်ပါ။ရှေ့ကိုညွှတ်ချချိန်မှာ ကြွက်တက်ချင်နေတဲ့ဘက်ကခြေထောက်ကို ဒူးဆန့်ထားပြီး ဖနောင့်ကိုကြမ်းနဲ့ထိထားပါ။ ဒီလိုလုပ်နေချိန်မှာ နောက်တစ်ဘက်ကိုတော့ကွေးထားပါ။

ကြွက်မတက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ

  • ရေနဲ့ အရည်များများသောက်ပါ။ ဆီးအရောင်က အဝါရောင်ဖျော့သထက်ဖျော့ပြီးရေလိုကြည်တဲ့အထိဖြစ်လာတဲ့အထိရေသောက်ပါ။
  • အရက်၊ဘီယာလျှော့သောက်ပါ သို့မဟုတ်ရှောင်ပါ။
  • ကယ်လ်စီယမ်၊ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာတွေ စားပါ (အထူးသဖြင့် ကိုယ်ဝန်ဆောင်ဖြစ်ရင်)
  • ကြွက်သားအနေအထားပြန်လည်ကောင်းမွန်စေဖို့ စက်ဘီးစီးပါ ဒါမှမဟုတ် စက်ဘီးစက်မှာ စီးပါ။
  • လေ့ကျင့်ခန်းမလုပ်မီနဲ့ အိပ်ရာမဝင်မီနေ့တိုင်းအကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။
  • လေ့ကျင့်ခန်းကို လုပ်နေကျထက် ရုတ်တရက်တိုးမလုပ်ပါနဲ့။ တစ်ပတ်ကို နည်းနည်းချင်းပဲတိုးပါ။
  • ဗီတာမင်အစုံပါတဲ့အားဆေးတွေသောက်ပါ။

ကြွက်တက်ခြင်း ဆက်တိုက် ပြန်ပြန်ဖြစ်နေရင် ဘာလုပ်ရမလဲ

ကြွက်တက်ခြင်းဝေဒနာက ဆက်တိုက်ပြန်ပြန်ဖြစ်နေရင် ဒါမှမဟုတ်ပြင်းထန်လာရင် ဆရာဝန်နဲ့ပြသဆွေးနွေးပါ။restless legs syndrome လို့ခေါ်တဲ့ ခြေထောက်ရောဂါတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။

ဒီဝေဒနာကြောင့် ညဘက်အိပ်မရတာတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်က သင့်ကြွက်သားတွေပြေလျော့စေမယ့်ဆေးဝါးတွေ ညွှန်းပေးနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. K Zin Thwe

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ခေါင်းကိုက်တာက အဖြစ်များတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 30, 2019 . 2 mins read

ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2019 . 2 mins read
အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၁၂) ချက်

အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2019 . 2 mins read
ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 6, 2019 . 2 mins read