ရေနွေးအိတ်ကပ်မလား၊ ရေခဲကပ်မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခန္ဓါကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ရေနွေးအိတ်ကပ်ရမလား၊ရေခဲဝတ်ပဲကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါမဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကိုရေခဲအိတ်ကပ်ရမယ့် အခြေအနေတွေနဲ့ရေနွေးအိတ်ကပ်ရမယ့်အခြေအနေကိုပြောပြပေးချင်ပါတယ်နော်။

ရေခဲသုံးမလား၊ရေနွေးအိတ်ကပ်မလား

အရှင်းဆုံးပြောပြရရင် နာကျင်မှုကရောင်ရမ်းမှုနဲ့အတူဖြစ်မယ်ဆိုရင်ရေနွေးအိတ်မကပ်သင့်ပါဘူး။ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ကပ်တာကတော့ တစ်ရှုးတွေကိုပြေလျော့သက်သာစေနိုင်ပြီး အဆစ်တွေနာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကိုလိုက်ပြီးတော့လည်းရေခဲအိတ်ကပ်ရမလား၊ရေနွေးအိတ်ကပ်ရမလားဆိုပြီး ကွာခြားနိုင်ပါတယ်နော်။

  • အဆစ်တွေကြွက်သားတွေ နာကျင်မှုက ဒူးခေါင်း၊ ပခုံး၊လက်မောင်း နဲ့ လက်ချောင်းလေးတွေမှာဖြစ်မယ်၊ အရိုးနုကိုထိခိုက်တာမျိုးဖြစ်မယ် အဆစ်ရောင်နာကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်တော့ရေခဲအိတ်မကပ်သင့်ပါဘူး။ရေနွေးအိတ်ကပ်ပေးတာက အဆင်ပြေမှာပါ။ တင်းနေတဲ့ ကြွက်သားတွေကိုပြေလျော့စေပြီး နာတာရှည်အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။
  • ခြေမအဆစ်၊ခြေခုံ၊ခြေချင်းဝတ်၊ခြေဖနောင့်၊ ဒူး၊လက်ကောက်ဝတ်၊ လက်မောင်း နဲ့ လက်ချောင်းလေးတွေမှာ ထိခိုက်မယ်၊ဂေါက်ရောဂါကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်ရေခဲအိတ်ကပ်ပေးပါ။ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေမှာပါ။
  • ခေါင်းကိုက်တာကြောင့် ဦးခေါင်းနဲ့ဇက်တဝိုက်က ကြွက်သားတွေတင်းပြီးခေါင်းကိုက်နေတာကို သက်သာစေဖို့ဆိုရင်တော့ အကောင်းဆုံးကတော့ ဦးခေါင်းကအကြောလေးတွေပြေလျော့စေဖို့ရေခဲဝတ်ကပ်ပေးပါ။ ဇက်ကြောတွေတင်းနေမယ်ဆိုရင်တော့ရေနွေးဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။
  • ပေါင်၊ခြေသလုံး နဲ့ ခါးကကြွက်သားတွေတောင့်တင်းနေမယ် အရွတ်တွေမှာ ထိခိုက်မိမယ်၊ လှုပ်ရှားမှုမရှိလို့ ညောင်းညာကိုက်ခဲတာမျိုးဖြစ်ဖြစ် လှုပ်ရှားမှုနည်းလို့တောင့်တင်းနေရင်ဖြစ်ဖြစ်ရေနွေးအိတ်လေးကပ်ပေးတာက သက်သာစေမှာပါ။ နာကျင်မှုနဲ့အတူတောင့်တင်းနေမယ်၊ရောင်ရမ်းနီမြန်းနေမယ်ဆိုရင်တော့ အရောင်ကျစေဖို့ရော နာကျင်မှုသက်သာစေဖို့အတွက်အကောင်းဆုံးကရေခဲဝတ်ကပ်တာပါ။
  • ဒူး၊တံတောင်ဆစ်၊ ခြေချင်းဝတ်တို့မှာ ပြင်းထန်စွာထိခိုက်မိတာကြောင့် အရွတ်စုတ်တာမျိုးဖြစ်မယ်ဆိုရင်တော့ အရောင်မကျခင်အပိုင်းအခြားမှာရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် အရောင်ကျသွားပြီ၊ အနာကျက်ဖို့လိုမယ်ဆိုရင်တော့ရေနွေးအိတ်လေးကပ်ပေးပါ။
  • ပခုံး၊ တံတောင်ဆစ်၊ ဒူး၊ လက်ကောက်ဝတ်၊ခြေဖနောင့်က အရွတ်တွေထိခိုက်မိပြီး နာကျင်နေတာကို သက်သာစေဖို့ဆိုရင်တော့ရေခဲဝတ်ကပ်ပေးတာက အသင့်တော်ဆုံးပါ။
  • အဆစ်တွေကိုတွယ်ဆက်ထားတဲ့ အရွတ်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါရောင်ရမ်းမှုကို သက်သာစေဖို့ရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။

ရေခဲဝတ် နဲ့ရေနွေးအိတ်တို့ရဲ့ အားသာချက်

ရေခဲဝတ်ကပ်တာကသွေးကြောတွေကို ကျုံ့သွားစေပြီးရောင်ရမ်းမှုကိုလျော့ပါးစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ကတော့သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး ကြွက်သားတွေကိုပြေလျော့စေတယ်။ အဆစ်တွေနာကျင်မှုကို သက်သာစေနိုင်တယ်။

သတိထားရမယ့်အချက်လေးတွေက

ပူလွန်းရင်ပဲဖြစ်ဖြစ်၊အေးလွန်းရင်ပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်ရေနွေးအိတ်ကပ်ရင်ဖြစ်ဖြစ်ရေခဲဝတ်ကပ်ရင်ဖြစ်ဖြစ် သတိထားဖို့ လိုမှာအသေအချာပါ။

ရေနွေးအိတ်ကပ်မယ်ဆိုရင်

  • အပူချိန်အရမ်းပြင်းမနေစေဖို့ သတိထားပါ။ အသားအရေကို အပူလောင်တာမျိုးမဖြစ်စေဖို့ပါ။
  • ရေနွေးအိတ်ကို တဘက်နဲ့ ထုပ်ပြီးမှာ အသားမှာကပ်ပေးပါ။
  • ထိခိုက်ဒဏ်ရာပြတ်ရှဒဏ်ရာတွေကိုရေနွေးအိတ်မကပ်ပါနဲ့။
  • ရေနွေးအိတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။

ရေခဲဝတ်ကပ်မယ်ဆိုရင်

  • ရေခဲကအေးလွန်းတာကြောင့် အသားအရေကျိန်းစပ်တာမျိုးမဖြစ်စေဖို့ရေခဲတွေကို တဘက်နဲ့သေချာထုတ်ပြီးမှာ ကပ်ပေးပါ။
  • သွေးစီးဆင်းမှုနည်းတဲ့သူတွေအနေနဲ့ရေခဲဝတ်မကပ်သင့်ပါဘူး။
  • အရေပြားကို အရမ်းအေးတဲ့အထိ မကပ်ပါနဲ့။
  • ရေခဲဝတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။
  • ရေခဲဝတ်ကပ်တဲ့အချိန်မှာ ထုံလာရင်၊ အရေပြားနီလာရင်၊ရေကြည်ဖုလေးတွေဖြစ်လာမယ်ဆိုရင် ဆက်မကပ်ပါနဲ့။

ကိုယ်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုအလိုက်ရေနွေးအိတ်နဲ့ ရေခဲဝတ်ကို သင့်တော်သလို ကပ်ကြပါနော်။နေ့ရက်တိုင်းမှာ နာကျင်ကိုက်ခဲမှုကင်းကြပါစေကြောင်း……………

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ

အလုပ်ပိတ်ရက် အိပ်ငိုက်တာ တရေးအိပ် အလုပ်ခွင် ထမင်းစား အိပ်ငိုက်မှု ကင်းစေဖို့ ကော်ဖီ ခြေကုန်လက်ပမ်းကျ ခန္ဓာကိုယ် ဦးနှောက်နဲ့ အာရုံကြောစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

အလုပ်ခွင် တက်ကြွ လန်းဆန်း လန်းဆန်းတက်ကြွနေစေမယ့် နည်းလမ်းများ ဆေးဝါး သဘာဝအတိုင်း လှုပ်လှုပ်ရှားရှားခန္ဓာကိုယ် သွေးစီးဆင်းမှု သကြားလုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ရုပ်ရင့် ရင့်ရော်မှု အသားအရေ အရွယ်မတိုင်မီ ရင့်ရော်ခြင်း အသက်ကြီးခြင်း အရေပြားကျန်းမာရေး အကြောင်းရင်း အလှအပ အရွယ်တင် နုပျိုခြင်း အသားအရေထိန်းသိမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

နဂါးမောက်သီး အသီးအနှံ အသားအရေ Glow Skin care အလှအပ အသားအရေထိန်းသိမ်း မျက်နှာပေါင်းတင် အာဟာရဓာတ်များ ဗီတာမင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

မျက်နှာမသစ်ဘဲ Face Mask ကပ်လို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 3, 2020 . 2 mins read

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 3 mins read