backup og meta

ဆီးချိုအမျိုးအစား ၂ တွင် အစားအသောက်ရဲ့ အရေးပါမှု

ဆီးချိုအမျိုးအစား ၂ တွင် အစားအသောက်ရဲ့ အရေးပါမှု

ဆီးချိုရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များရုံသာမက မြန်မာနိုင်ငံလူဦ်းရေရဲ့ ၃ပုံ၁ပုံလောက်ကို ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်ကြီးလာတဲ့သူတွေထဲမှာ ဆီးချို မဖြစ်တဲ့သူ မရှိလောက်အောင်ရှားပါတယ်။ ဘယ်လိုပဲစစ်စစ် အသက်ကြီးပြီဆိုတာနဲ့ သွေးတိုးဆီးချိုကတော့ ပစ်မလွဲပါဘူး။ ဒါကြောင့် ခုပြောပြပေးချင်တာက ဆီးချိုဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ ဆီးချိုရှိနေရင် အစားအသောက်နဲ့ ဘယ်လိုထိန်းရမလဲဆိုတာပြောပြပေးချင်ပါတယ်။

ဆီးချိုအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။

ဆီးချိုအမျိုးအစား (၂) မျိုးရှိပါတယ်။

ဆီးချိုအမျိုးအစား ၁ ။ မွေးကတည်းက ကိုယ်တွင်းခုခံအား စနစ်က ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားတိုက်နေလို့ အင်ဆူလင် လုံးဝမထွက်နိုင်တော့ဘဲ သွေးတွင်းမှာ သကြားဓါတ်တွေ စုပုံနေတာကြောင့် ဆီးချိုဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ရဲ့ အဓိက ကုသမှုကတော့ အင်ဆူလင်ပဲဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ကတော့ ကလေးကတည်းက အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာလည်း ရံဖန်ရံခါဖြစ်နိုင်ပါတယ်။

ဆီးချိုအမျိုးအစား ၂ ။ သူကတော့ အသက်ကြီးလာတာနဲ့အမျှ ထွက်နေတဲ့ အင်ဆူလင်ကို ကိုယ်ခန္ဓါကကောင်းကောင်း အသုံးမချနိုင်တော့တာ၊ အင်ဆူလင်လုံလုံလောက်လောက်မထွက်တာကြောင့် သွေးတွင်းမှာသကြားဓါတ်တွေစုပုံနေပြီး ဆီးချို ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၂ ရဲ့ ပြင်းထန်မှု အပေါ် မူတည်ပြီး အစားသောက်၊ လေ့ကျင့်ခန်းနဲ့ ဆီးချိုထိန်းသောက်ဆေး၊ အင်ဆူလင်ထိုးဆေးတို့ နဲ့ ကုသလို့ရပါတယ်။

ဆီးချိုအမျိုးအစား ၁ ကတော့ ရှင်းပါတယ်။ အင်ဆူလင် တစ်မျိုးတည်းနဲ့ ပဲ ကုသလို့ရတာပါ။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ ဆီးချိုရောဂါမှာ အများစုက ဆီးချိုအမျိုးအစား ၂ ဖြစ်တဲ့ အတွက်ကြောင့် ဆီးချိုအမျိုးအစား ၂ ကိုဆေး အပြင် အခြား အစားနဲ့ထိန်းတာ၊ လေ့ကျင့်ခန်းနဲ့ထိန်းတာ တွေ လုပ်လို့ရပါတယ်။

ဆီးချိုအမျိုးအစား ၂ ဘာကြောင့်ဖြစ်ရတာလဲ။

ရှေ့မှာပြောခဲ့တဲ့ အတိုင်း ဆီးချို အမျိုးအစား ၂ ကလူကြီးတွေမှာ အဖြစ်များပါတယ်။ အကြောင်းကတော့

  • အသက်ကြီးလာတော့ ပန်ကရိယက ဆဲလ်လေးတွေ ပျက်စီးလာတာကြောင့် အင်ဆူလင် အရင်ကလို အများကြီး မထုတ်နိုင်တော့တာ၊
  • လုံလောက်စွာထွက်နေတဲ့ အင်ဆူလင်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ အသုံးမချနိုင်တော့တာ ( insulin resistance) တွေကြောင့် သကြားတွေ ဆဲလ်တွေထဲ မဝင်ဘဲ သွေးတွင်းမှာပဲ စုပုံနေကာ သွေးတွင်းသကြားဓါတ်များလာတာပါ။

ဆီးချိုအမျိုးအစား ၂ မှာ စားသောက်မှု ပုံစံရဲ့ အရေးပါပုံ။

ဆီးချို အမျိုးအစား၂ ဖြစ်နေတဲ့ သူအများစုကိုကြည့်ကြည့်ပါ။ အသက်ကြီးတဲ့သူ၊ အဝလွန်တဲ့သူ၊ အချိုစားများတဲ့သူတွေ ပိုအဖြစ်များပါတယ်။ ဆီးချို အမျိုးအစား ၂ ကိုကုသဖို့အတွက်သောက်ဆေးစားမယ်၊ အင်ဆူလင်ဆေးထိုးမယ် အစားမထိန်းဘူးလို့ဆိုပြီး လုပ်လို့မရပါဘူး။ သူ့ရောဂါကိုက အင်ဆူလင်မရှိလို့ဖြစ်ရတာ မဟုတ်ဘဲ ထွက်နေတဲ့ အင်ဆူလင်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တာဖြစ်လို့ ဒီလို အခြေအနေမျိုးမှာ ကိုယ့်ဘက်ကလည်း သကြားဓါတ်ြမင့်တက်စေတာတွေကို လျှော့မစားဘူးဆို၊ ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ဘူးဆိုရင် ဆီးချိုမထိန်းနိုင်တော့ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ နှလုံးရောဂါ လေဖြတ်တာ၊ အမြင်အာရုံကွယ်တာ၊ တွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချို အမျိုးအစား ၂ အတွက် ကုသမှုနဲ့ ကာကွယ်မှုမှာ အစားသောက်ထိန်းခြင်းက အဓိကနေရာကပါဝင်နေပါတယ်။ သွေးတွင်းသကြားဓါတ် (ဂလူးကိုစ့်) တက်စေတဲ့ အစားအစာတွေ၊ သကြားပါတဲ့ ချိုတဲ့ အစားအစာတွေ၊ ထမင်းလိုမျိုး ကစီဓါတ်ကြွယ်ဝတဲ့အစားအစာ စတာတွေကို ဂရုတစိုက်နဲ့ သတိထားစားရပါမယ်။

ဒါဆို ဆီးချိုသမားတွေက ဘာစားကြမှာလဲ။

ဒီလိုအခါမျိုးမှာ ထမင်းတောင်စားလို့မရတော့ဘူးဆိုမှတော့ ငါတို့အတွက်စားစရာ ဘာမှမရှိတော့ဘူးဆိုပြီး ဆီးချိုသမားတွေ စိတ်ဓါတ်ကျတတ်ပါတယ်။ ဘာမှ အားမငယ်ပါနဲ့.။ဆီးချိုသမားတွေ အတွက်သီးသန့် ထုတ်ထားတဲ့ ဖြည့်စွက်စာတွေခုဆို အများကြီးရှိနေပါပြီ။ အချိုပါဝင်မှုနည်းတဲ့ သကြားထုတ်လေးတွေ၊ သကြားမပါတဲ့ ထုတ်ကုန်တွေ အပြင် ဆီးချိုကိုလည်းကျစေ အခြားကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတဲ့ Whey ပရိုတင်းတွေ ရှိနေပါပြီ။ Whey ပရိုတင်းက ဆီးချိုသမားတွေ သောက်လို့ရတဲ့ အပြင် နှလုံးကြွက်သား တွေကို ပိုအားကောင်းစေတဲ့ အတွက်ကြောင့် အသက်ကြီးတဲ့ ဆီးချိုအမျိုးအစား ၂ သမားတွေအတွက်ဆို whey ပရိုတင်းက အားထားလို့ရတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။

Whey ပရိုတင်းက ဆီးချိုအမျိုးအစား ၂ လူနာတွေ အတွက် ဘာတွေလုပ်ပေးလဲ။

  • ကိုယ်စားနေတဲ့ အစားအသောက်ထဲ Whey Protein ထည့်စားမယ်ဆို သွေးထဲမှသကြားဓါတ်ကို ကြွက်သားတွေထဲ ရောက်အောင်ထည့်ပေးတဲ့ အင်ဆူလင်ကိုပိုထွက်စေပြီး သွေးထဲသကြားဓါတ် မြင့်တက်မှု နည်းစေကာဆီးချိုတက်ခြင်းကို လျော့ကျစေပါတယ်။
  • Whey protein မှာပါတဲ့ L-Cysteine amino acid ကကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်တဲ့နေရာမှာ ဆရာတစ်ဆူလို့ခေါ်လောက်တဲ့ Glutathione ဖွဲ့စည်းတဲ့နေရာမှာ အကူအညီ ပေးပြီး မကောင်းတဲ့ ဓါတုပစ္စည်းတွေကိုယ်တွင်းမှာ စုလာခြင်းကြောင့်ဖြစ်လာတဲ့ မျက်လုံးကွယ်တာ၊ ခြေထောက် ထုံပြီး ထိ၍ထိမှန်းမသိတော့တာ နဲ့ ကျောက်ကပ်ထိခိုက်တာတွေကို လျှော့ချပေးပါတယ်။ WheyProtein မှာပါတဲ့ amino acid တွေက ဆိုးလွန်းတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဖျက်ဆီးပေးတယ်ဆိုတော့ ဆီးချိုသမားတွေ အတွက်ကောင်းတာပေါ့နော်။
  • Whey Protein ကို မနက်စာ မစားခင်သောက်မယ်ဆိုရင် အမျိုးအစား -၂ ဆီးချိုမှာ သွေးတွင်းသကြားဓါတ်ကို ကူထိန်းပေးပါတယ်။ Whey protein ကို အစာနဲ့တွဲစားမယ်ဆို သွေးတွင်းသကြားဓါတ်လျှော့ချနိုင်စွမ်းက ပုံမှန်လျော့နေကျထက်၂၈%တောင် ပိုလျော့သွားပါတယ်။ ဒါကြောင့် whey protein သောက်ရင် ဝိတ်ချပြီးဖြစ်သလို ဆီးချိုလည်း ထိန်းပြီးသားဖြစ်တယ်နော်။ ဆီးချိုသမားတွေစိတ်ညစ်ရတဲ့ စားပြီး ၂ နာရီ ပြန်ဖောက်တဲ့ နေရာမှာ အဓိကထိန်းတော့ ဖောက်ခါနီးတိုင်း စိတ်ညစ်စရာ မလိုတော့ဘူးနော်။
  • ကိုယ်အလေးချိန်တက်ခြင်း ၊ အဝလွန်ခြင်းနဲ့ ဆီးချိုသမားနဲ့က ခွဲခြားလို့မရဘူး မဟုတ်လား။ မစားရလေ ပိုစားချင်လေလေ။ Whey Protein သောက်လိုက်တော့ ဗိုက်လည်းမြန်မြန်ပြည့် အစားလည်းသိပ်မစားဖြစ်တော့ ဆီးချိုလည်းထိန်းပြီးသား ဝိတ်လည်းကျပြီးသား ဖြစ်သွားတာပေါ့။ ပရိုတင်းဆိုတာကလည်း အသားဓါတ်ြဖစ်လို့ တစ်ခါလောက်စားထားရင် အကြာကြီး အဆာခံပါတယ်။
  • Whey Protein မှာ အစာခြေခြင်းကို အကူအညီ ပေးတဲ့ အင်ဇိုင်းတွေထွက်တာကို လှုံဆော်ပေးလို့ ဆီးချိုဆေးတွေသောက်လို့ဖြစ်တဲ့ အစားစားပြီး မအီမသာ ဖြစ်ခြင်းကို သက်သာစေပါတယ်။

ဆီးချိုဖြစ်နေပြီဆိုတာနဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူးဆိုပြီး စိတ်ဓါတ်မကျပါနဲ့။ ဆီးချိုသမားတွေ စားသင့်တဲ့ စားသောက်မှုပုံစံတွေ အတိုင်းစားလို့ရပါသေးတယ်။ ထမင်းနည်းနည်းစားမယ်။ ဟင်းများများစားမယ်။ အချိုလျှော့စားမယ်၊ ပြီးရင် ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တဲ့ Whey Protein လေးလည်းသောက်မယ် ဆို ဆီးချိုလည်းကောင်းကောင်းထိန်းနိုင်ပြီး သက်တမ်းစေ့ ကောင်းမွန်စွာနေနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

TYPES OF DIABETEShttps://www.diabetes.ca/about-diabetes/types-of-diabetes Accessed date 25.9.2018

Type 2 & nutritionhttps://www.diabetesvic.org.au/diabetes-and-nutrition-type-2 Accessed date 25.9.2018

Everything You Should Know About Whey Protein And Diabeteshttps://dlife.com/everything-you-should-know-about-whey-protein-and-diabetes/Accessed date 25.9.2018

 

ယခုပုံစံ

19/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။

ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement