brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။

Proteinပရိုတင်း လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြသည်ကအသားဓါတ်။ဒါဆို WheyProteinဆိုတာကရောဘာလဲ။ WheyProtein ဆိုတာနှင့်လူတိုင်းမသိပေမယ့် GYMဆော့သောယောက်ျားလေးတိုင်းသိကြသည့် ကြွက်သားထွက်ချင်ရင်သောက်ရသောဖြည့်စွက်စာ။ ဒီတော့ ဝိတ်ကျချင်ရင်နဲ့ ကြွက်သားတက်ချင်ရင်သောက်ရတဲ့WheyProtein သည်ကိုယ်အလေးချိန်ကျဖို့အပြင်အခြားကျန်းမာရေးကောင်းကျိုးများလည်းပေးသေးတာသင်သိပါသလား။Why protein ဟာ ကင်ဆာဖြစ်ခြင်းကနေကာကွယ်ပေးတာ၊ပန်းနာရင်ကြပ်ြဖစ်နေသောကလေးများ၏ခုခံအားကို မြင့်တက်စေတာ၊သွေးတွင်းအဆီဓါတ် (cholesterol)လျှော့ချပေးတာနှင့်သွေးတိုးသမားများအတွက်သွေးပေါင်ချပေးတာစတဲ့အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်စေပါတယ်။ ဒါ့အပြင်ကမ္ဘာကြီးပေါ်ကလူဦးရေရဲ့ ၈.၈ရာခိုင်နှုန်း လောက်ဖြစ်နေသော ဆီးချိုရောဂါသမားတွေအတွက်လည်း ကောင်းကျိုးပေးသေးတယ်ဆိုပဲ။

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။

ဒီတော့ထမင်းဟင်းစားချင်တိုင်းစားလို့မရ အသီးအရွက်ပဲ များများစားရမယ်ဆိုတဲ့ ဆီးချိုသမားတွေအတွက်WheyProtein ကဘယ်လိုကောင်းလဲကြည့်ရအောင်။

ဆီးချိသမားတေသွေးဖောက်ြပီးဆီးချိုတိုင်းနည်း (၃)မျိုးရှိတယ်။

၁။ ကြိုက်တဲ့အချိန်ကောက်ဖောက်ပြီးတိုင်းတာ(RBS)

၂။ ည ၁၀နာရီနောက်ပိုင်းအစာမစားဘဲအိပ်ရာထမနက်စာမစားခင်သွေးဖောက်တိုင်းတာ( FBS ) နှင့်

၃။ထမင်းစားပြီး၂နာရီအကြာသွေးတွင်းသကြားဓါတ်ပြန်တိုင်းတာ( 2HPP )တို့ ဖြစ်တယ်။

ဆီးချိုသမားတွေစိတ်အညစ်ရဆုံး အချိန်ကတော့ စားချင်တာတွေစားပြီး ၂နာရီအကြာ

ပြန်ဖောက်တာဖြစ်တယ်မလား။ လျှော့စားလည်း ပြန်တိုင်း ပြန်တက်ဆိုတော့ စိတ်ညစ်စရာပေါ့နော်။။ ဝမ်းသာစရာ သတင်းကတော့ Whey Protein ကို မနက်စာ မစားခင်သောက်မယ်ဆိုရင် Type 2 Diabetes ဆီးချိုမှာ သွေးတွင်းသကြားဓါတ်ကို ကူထိန်းပေးနိုင်ပါတယ်။ Whey protein ကို အစာနဲ့တွဲစားမယ်ဆို သွေးတွင်းသကြားဓါတ်လျှော့ချနိုင်စွမ်းက ပုံမှန်လျော့နေကြထက်၂၈ရာခိုင်နှုန်းတောင် ပိုလျော့သွားနိုင်ပါတယ်။ အဲဒီတော့ whey protein သောက်ရင် ဝိတ်ချပြီးဖြစ်သလို ဆီးချိုလည်း ထိန်းပြီးသားဖြစ်တယ်နော်။ ဆီးချိုသမားတွေစိတ်ညစ်ရတဲ့ စားပြီး ၂ နာရီ ပြန်ဖောက်တဲ့ နေရာမှာ အဓိကထိန်းတော့ ဖောက်ခါနီးတိုင်း စိတ်ညစ်စရာ မလိုတော့ဘူးနော်။

သွေးတွင်းသကြားဓါတ်လျှော့ချတဲ့ နေရာမှာ Whey Potein ဘယ်လိုဆောင်ရွက်လဲ။

၁ ။ Whey Protein မှာ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်တယ်။

WheyProtein မှာပါတဲ့ L-Cysteine amino acid က ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်တဲ့နေရာမှာ ဆရာတစ်ဆူလို့ခေါ်လောက်တဲ့ Glutathione ဖွဲ့စည်းတဲ့နေရာမှာ အကူအညီ ပေးနိုင်ပါတယ်။ မကောင်းတဲ့ ဓါတုပစ္စည်းတွေကိုယ်တွင်းမှာ စုလာခြင်းက Insulin (အင်ဆူလင်) ရဲ့ ဆီးချိုထိန်းတဲ့ တာဝန်ကို ထိခိုက်စေပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်တဲ့ မျက်လုံးကွယ်ခြင်း ၊ ခြေထောက်များ ထုံပြီး ထိ၍ထိမှန်းမသိတော့ခြင်း နှင့် ကျောက်ကပ်ထိခိုက်ခြင်းတွေကို ပိုအဖြစ်များစေပါတယ်။ WheyProtein မှာပါတဲ့ amino acid တွေက ဆိုးလွန်းတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဖျက်ဆီးပေးတယ်ဆိုတော့ ဆီးချိုသမားတွေ ကောင်းကျိုးတွေရရှိစေတာပေါ့။

၂ ။ မကောင်းတဲ့ အဆီတွေကို လျော့ချပေးတယ်။

Whey Protein ကို ဆီးချိုသမားတွေ အစာစားပြီးချိန်သောက်မယ်ဆိုရင် နှလုံးသွေးကြောကို ပိတ်စေတဲ့ Triglyceride အဆီတွေကို လျော့ကျစေနိုင်တာက နှလုံးကျန်းမာရေးကိုကောင်းစေပြီး သွေးတိုးရောဂါမဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆီးချိုထိန်းတဲ့ နေရာမှာ အဓိကကျတဲ့ အင်ဆူလင်ကို ပိုထွက်စေပါတယ်။

ကိုယ်စားနေတဲ့ အစားအသောက်ထဲ Whey Protein ထည့်စားမယ်ဆို သွေးထဲမှသကြားဓါတ်ကို ကြွက်သားတွေထဲ ရောက်အောင်သုံးစွဲပေးတဲ့ အင်ဆူလင်ကိုပိုထွက်စေပြီး သွေးထဲသကြားဓါတ် မြင့်တက်မှု နည်းစေကာဆီးချိုတက်ခြင်းကို လျော့ကျစေပါတယ်။

၄။ အရောင်ကျစေတဲ့အာနိသင်

ကိုယ်ခန္ဓါတွင် ရောင်ရမ်းခြင်းများရှိနေလျှင် သွေးတွင်းသကြားဓါတ်ထိန်းခြင်းနှင့် ကိုယ်အလေးချိန်ေလျှာ့ခြင်း ကိစ္စတွေမှာ အဟန့်အတား ဖြစ်နေတတ်ပါတယ်။ Whey Protein မှာအရောင်ကျ အာနိသင်ရှိတဲ့ အတွက်ကြောင့် သွေးတွင်းသကြားဓါတ် ထိန်းညှိခြင်းကို အကူအညီ ပေးတဲ့အပြင် အသည်းအဆီဖုံးခြင်းကိုလည်း လျော့ကျစေပါတယ်။

၅။ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်။

Whey protein က ဗိုက်ပြည့်တာကိုမြန်စေပါတယ်။ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း ၊ အဝလွန်ြခင်းနဲ့ ဆီးချိုသမားနဲ့က ခွဲခြားလို့မရဘူး မဟုတ်လား။ မစားရလေ ပိုစားချင်လေလေ။ Whey Protein သောက်လိုက်တော့ ဗိုက်လည်းမြန်မြန်ပြည့် အစားလည်းသိပ်မစားဖြစ်တော့ ဆီးချိုလည်းထိန်းပြီးသား ဝိတ်လည်းကျပြီးသား ဖြစ်သွားတာပေါ့။

Whey Protein တစ်နေ့ ဘယ်လောက်သောက်ရမလဲ။

Whey protein ကို တစ်နေ့ကို အနည်းဆုံး ၂၀ဂရမ်လောက်သောက်ရင် လုံလောက်ပါတယ်။ အဲဒီပမာဏက သင်နို့သောက်လိုက်ရင် ၊ ဒိန်ခဲစားလိုက်ရင် ရမယ့် ပရိုတင်း ပမာဏပဲဖြစ်တာကြောင့် ဆီးချိုသမားတစ်ယောက်သောက်နိုင်တဲ့ အတိုင်းအတာ ပဲဖြစ်တယ်။

ဒါ့ကြောင့် Whey Protein သောက်လိုက်တာနဲ့ ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တော့၊ ဆီးချိုသမားတွေအတွက် Whey Protein က ရွေးချယ်သင့်တဲ့ ဖြည့်စွက်စာ တစ်ခုဖြစ်ပါတယ်။ ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။