Telogen effluvium (တီလိုဂျင် အဖျူဗီယမ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 29, 2019 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) ကဘာလဲ။

တီလိုဂျင် အဖျူဗီယမ်သည် အရေပြားဆရာဝန်များသတိထားမိသော ဆံပင်ကျွတ်သည့်ဒုတိယအများဆုံးပုံစံဖြစ်သည်။ ဆံပင်ကြီးထွားလာစေသော ဆံပင်အိတ်အရေအတွက်ပြောင်းလဲခြင်းကြောင့်ဖြစ်သည်။

ဆံပင်ဖွံဖြိုးခြင်းနားချိန်(တီလိုဂျင်)အချိန်တွင် ဆံပင်အရေအတွက်နည်းပါက ကိန်းဝပ်နေသောဆံပင်များကများလာမည်။ ထိုကြောင့် တီလိုဂျင် အဖျူဗီယမ်ဖြစ်လာပြီးထာဝရတော့ဖြစ်မနေပါ။

Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

တီလိုဂျင် အဖျူဗီယမ်ကို ဦးရေပြားပေါ်တွင်ဆံပင်ပါးခြင်းဖြင့်စသတိထားမိတတ်သည်။ တစ်နေရာတွင်စဖြစ်နေပြီး ပြန့်သွားလိမ့်မည်။ နေရာအများတွင်ပါးနေပါက အချို့နေရာတွင်ပိုဆိုးကြောင်းတွေ့ရလိမ့်မည်။

များသောအားဖြင့်ဦးရေပြားထိပ်တည့်တည့်တွင်ဖြစ်တတ်သည်။ ရှားရှားပါးပါး ဆံပင်ပေါက်သောလမ်းကြောင်းကိုနောက်သို့ရောက်စေသည်။ သို့သော် ဆံပင်အကုန်ကျွတ်သွားသည်ကရှားသည်။

အရမ်းပြင်းထန်သောကိစ္စများတွင် အခြားဆံပင်နေရာများ မျက်ခုံးမွေး လိင်အဂါၤရှိအမွေးများကိုပါ ကျွတ်စေသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) ကိုဘာတွေကဖြစ်စေသလဲ

တီလိုဂျင် အဖျူဗီယမ်သည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ ထိုအရာများတွင်

ပတ်ဝန်းကျင်

ထိခိုက်မှုဥပမာ ကားတိုက်မှုကြောင့်သွေးဆုံးရှုံးခြင်း သို့မဟုတ် ခွဲစိတ်ထားခြင်းကြောင့်ဖြစ်နိုင်သည်။ အဆိပ် ဥပမာ လေးသောသတ္ထုများကိုထိမိခြင်းကြောင့်လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်လန့်ပြီး ဆံပင်အိတ်များကို အနားယူသောအချိန်သို့ပြန်ရောက်သွားစေသောကြောင့်ဖြစ်သည်။ ဆံပင်အိတ်များ နားနေသောအချိန်တွင်ရှိပါက ပုံမှန်အတိုင်းကြီးထွားတော့မည်မဟုတ်ပါ။

တီလိုဂျင် အဖျူဗီယမ် ဒီအမျိုးအစားသည် အဖြစ်မြန်ပြီး တစ်လနှစ်လ ကြာသည်အထိပါးခြင်းကိုသတိမထားမိတတ်ပေ။ အကယ်၍ပတ်ဝန်းကျင်က ငြိမ်ပါက ပုံမှန်အတိုင်းပြန်ပေါက်လာလိမ့်မည်။

ဒီပုံစံသည် ခြောက်လအတွင်း အလျဉ်းပျောက်သည်။ ဆံပင်သည် တစ်နှစ်အတွင်းပုံမှန်အခြေအနေသို့ပြန်ရောက်သည်။

ဟော်မှန်းများ

ဟော်မှန်းရုတ်တရက်ပြောင်းလဲခြင်းကြောင့်လဲဖြစ်နိုင်သည်။ ပတ်ဝန်းကျင်ပြောင်းလဲမှုနှင့်တူစွာ ဟောမှန်းများအတက်အကျများခြင်းကြောင့် ဆံပင်အိတ်များကို အနားယူသောအချိန်တွင်ကြာစေသည်။ အကယ်၍ တီလိုဂျင် အဖျူဗီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပါက ဆံပင်ကြီးထွားနှုန်းသည် ကလေးမွေးပြီး ခြောက်လမှတစ်နှစ်အတွင်းပုံမှန်အခြေအနေသို့ပြန်ရောက်သည်။

ဆေးဝါးများသို့မဟုတ် ဆေးကုသမှုများ

အချို့သော စိတ်ဓါတ်ကြွဆေး နှင့် အခြားဆေးများဥပမာ သွေးပေါင်ကျဆေး နှင့် သန္ဓေတားဆေးများက ဆံပင်ဆုံးရှုံးခြင်းကိုဖြစ်စေတတ်သည်။ ဆံပင်မဆုံးရှုံးသေးခင် ဆေးအသစ်သောက်မိပါက ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။ သင့်လက္ခဏာကိုကြည့်ပြီး အခြားဆေးများကိုညွှန်းနိုင်သည်။

အချို့သောခွဲစိတ်မှု့များက သင့်ခန္ဓါကိုယ်စနစ်ကိုလ့်စေပြီး ဆံပင်အနားယူသောအချိန်ကိုပြန်ဖြစ်စေသည်။ ဆ့ပင်သည် လအနည်းငယ်အတွင်းပုံမှန်အခြေအနေသို့ပြန်ရောက်သည်။

အစားအသောက်

အချို့သောလေ့လာသူများက ဆံပင်ဆုံးရှုံးခြင်းသည် ဗီတာမင်နှင့် အာဟာရချို့တဲ့မှုများကြောင့်ဖြစ်နိုင်သည်။

ဆံပင်ကိုထိခိုက်စေသောအောက်ပါချို့တဲ့မှုများကြောင့်ဟုတွေးကြသည်။

သံဓါတ်

ဇင့်

ဗီတာမင် ဘီ ၆

ဗီတာမင်ဘီ ၁၂

အကယ်၍ ဗီတာမင်သောက်ခြင်းကသင့်အတွက်အဓိကရသောအခြေအနေဖြစ်နေပါက ဆရာဝန်သို့မဟုတ် အစားအသောက်ပညာရှင်နှင့်ဆွေးနွေးပါ။ သူတို့က ကျန်းမာသောအစာလုပ်ပုံကိုရှင်းပြပေးလိမ့်မည်။ အပြင်းအထန်ဝိတ်ချခြင်းကိုရှောင်သင့်သည်။ တီလိုဂျင် အဖျူဗီယမ်ဖြစ်စေသောအကြောင်းတွင်ပါသည်။

အခြားလက္ခဏာများ

ဆံပင်ဆုံးရှု့းခြင်းသည် အခြားသောအခြေအနေ၏ လက္ခဏာဖြစ်နိုင်သည်။ ဥပမာ အေလိုပက်စီးယား အရီတာ သည် ကိုယ်ဆဲလ်ကိုတိုက်သောရောဂါဖြစ်ပြီး ဆံပင်လုံးဝဆုံးရှုံးခြင်းကိုဖြစ်စေသည်။ သိုင်းရွိုက်အခြေအနေများ နှင့် သိုင်းရွိုက်ဟော်မှန်းများအတက်အကျများခြင်းကလည်း ဆံပင်ဆုံးရှုံးခြင်းကိုဖြစ်စေသည်။ ထိခြင်းကြောင့်ဖြစ်သောဓါတ်မတည့်ခြင်းသည် ဆိုးဆေးများမတည့်မှုကြောင့်ဆံပင်များဆုံးရှုံးခြင်းဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) ကို ဘယ်လိုအတည်ပြုပါသလဲ

များသောအားဖြင့်ရောဂါဆိုင်ရာသမိုင်းကြောင်းနှင့် ဦးရေပြားနှင့်ဆံပင်ကိုစမ်းသက်ခြင်းကသိနိုင်သည်။ ဆံပင်ဆုံးရှုံခြင်းက လအတန်ကြာဖြစ်နေပါက ပါးနေခြင်းမြင်သာနေနိုင်သည် သို့သော် ဆံပင်ဆုံးရှုံးမှုသည် ဆရာဝန်သတိထားမိသည်အထိမမြန်နိုင်ပေ။ အကယ်၍ ကြီးပြီး အကိုက်လိုက်ကျွတ်နေပါက တီလိုဂျင် အဖျူဗီယမ်မဟုတ်နိုင်ပါ။ ဆရာဝန်မှဆံပင်ကိုဖြည်းဖြည်းချင်းကိုင်ကြည့်၍ ဆံပင် သုံးလေးပင်ခန့်ပါလာပါက တီလိုဂျင် အဖျူဗီယမ်ဖြစ်နိုင်သည်။ ထိုပြင် ဆံပင် သည် အနားယူသောအချိန်တွင်ရှိနေသည်နှင့်တူပါက -ဦးရေပြားပေါ်တွင် အဖြူအဖုများရှိတတ်သည် နှင့် ဂျယ်ကဲ့သို့သော အလွာအဖုံးသည် ဆံပင်အဆုံးတွင်ရှိနေတတ်သည်။

သင်အား ၂၄ နာရီအတွင်းကျွတ်သောဆံပင်ပမာဏကိုစုပြီး မည်မျှထိပြင်းထန်သည်ကိုသိရန် အရေအတွက်ရေတွက်ခိုင်းလိမ့်မည်။ နေ့တွင် ၁၀၀ ထက်နည်းပါက ပု့မှန်ဖြစ်သည်။ ဆံပင်ကျွတ်တာသက်သာလာပါက ဆံပင်စုပြီး ရေတွက်ခိုင်းခြင်းကို တစ်ပါတ်နှစ်ပါတ်တိုင်းလုပ်ခိုင်းနိုင်သည်။

ရှားသောကိစ္စများတွင် အတည်မပြုနိုင်ပါက ဦးရေပြားအသားစကိုယူလိမ့်မည်။ ထိုစနစ်တွင် ဦးရေပြားအသားအနည်းငယ် ဆံပင်အိတ်အများပါဝင်သော အရာကို အနုကြည့်မှန်ပြောင်းအောက်တွင်ကြည့်ခြင်းပါဝင်လိမ့်မည် ဆရာဝန်မှသွေးအားစစ်ဆေးပြီး ဖြင့် အခြားသောဆံပင်ကျွတ်စေသောအကြောင်းဥပမာ သိုင်းရွိုက်မကောင်းခြင်းတို့ကိုစစ်ဆေးလိမ့်မည်။

Telogen effluvium (တီလိုဂျင် အဖျူဗီယမ်) ကို ဘယ်လိုကုသပါသလဲ

တီလိုဂျင် အဖျူဗီယမ်ကို လူနေမှုပုံစံပြောင်းလဲခြင်းမှ ဆေးဆိုင်တွင်ရနိုင်သောဆေးသောက်သည်အထိမျိုးစုံကုသနိုင်သည်။

အကောင်းဆုံးကုထုံးမှာ အဘယ်ကြောင့်ဖြစ်သည်ကိုရှာဖွေခြင်း- သင့်ပတ်ဝန်းကျင် ဟော်မှန်း သို့မဟုတ် ဘဝနေထိုင်သောပုံစံ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက တီလိုဂျင် အဖျူဗီယမ်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် တီလိုဂျင် အဖျူဗီယမ်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အစားအသောက်အာဟာရအပေါ်အာရုံစိုက်ပါ။

သင်တွင်ဆံပင်အတွက်အရေးပါသော ဗီတာမင်နှင့် အာဟာရချို့တဲ့ခြင်းများရှိနိုင်သည်။ ဆရာဝန်ကို ဗီတာမင်ဒီ ဇင့် နှင့်သံဓါတ်လုံလောက်စွာရမရတိုင်းဖို့လိုမလိုမေးပါ။ ညီညွတ်မျှတသောအစာစားခြင်းသည် အာဟာရအစုံရရန်အရေးပါလှသည်။

ဆံပင်ကိုဂရုစိုက်ပါ။

တီလိုဂျင် အဖျူဗီယမ်ရှိပါက ဆံပင်ကို ဂရုတစိုက်ပုံသွင်းရန်လိုသ်။ ခြောက်အောင်ပြင်းပြင်းထန်ထန်မှုတ်ခြင်း ဖြောင့်ခြင်းကောင့်ခြင်းများကိုသင့်အခြေအနေပြန်မသက်သာမချင်းရှောင်ပါ။ အရောင်ခဏခဏဆိုးခြင်း သို့မဟုတ် ဟိုင်းလိုက်ဖောက်ြခ်ငးသည် ဆံပင်ကိုပျက်ဆီးစေပြီး ဆံပင်ကြီးနှုန်းကိုတားဆီးသည်။

ဆေးဝါးများအကူအညီယူပါ။

ဆေးဆိုင်တိုင်းရနိုင်သောဆေးများက ဆံပင်ပြန်ပေါက်ရန်အကူအညီပေးနိုင်သည။၅ရာခိုင်နှုန်း မီနိုစီဒေးပါသောပစ္စည်းကိုရွေးချယ်ပါ။ ထိုအရာသည်နေ့တိုင်းဦးရေပြားပေါ်လိမ်းသောပစ္စည်းဖြစ်သည်။ အနာဂျင်ကိုကြာရှည်စေခြင်း ဆံပင်ကိုပေါက်စေသောကာလကိုပြန်ရောက်စေခြင်းတို့လုပ်ပေးနိုင်သည်။

အနားယူပါ။

စိတ်ဖိစီမှုကြောင့်ဖြစ်သောဆံပင်ကျွတ်ခြင်းဖြစ်ပါက စိတ်ဖိစီးမှုလျော့ချခြင်းသည်အထောက်အကူပြုနိုင်သည်။ ခရီးသွားခြင်း တရားထိုင်ခြင်းတို့ကစိတ်အားသက်သာစေသည်။ ယောဂနှင့်အခြားသောလေ့ကျင့်ခန်းမျးက စိတ်ကိုကြည်လင်စေပြီး စိတ်ဖိစီးမှုကိုကျန်းမာစွာတုံပြန်သောနည်းလမ်းကိုပြပေးနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    When invisible germs enter the urinary tract for a variety of reasons, they begin to show symptoms of urinary tract infection. bacteria , Fungal infections; In very rare cases, it can be caused by a virus. Studies ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

    ရောဂါလက္ခဏာများ ဘယ်လိုကုသမလဲ အိပ်ချိန် ဘယ်လိုလူတွေမှာအဖြစ်များလဲ ဦးနှောက်လုပ်ဆောင်ချက် အိပ်ပျော်နေစဉ်အသက်ရှူခြင်း အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 mins read

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2019 . 3 mins read