မျက်စိပြဿနာများနှင့် ဆီးချိုရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သွေးတွင်းသကြားဓါတ်ြမင့်မားခြင်းဟာ အမြင်အာရုံေဝဝါးခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ တိမ်ဖြစ်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချိုရှိသူများဟာ မျက်စိဆရာဝန်ဆီမှာ ပုံမှန်ပြသသင့်ပါတယ်။

အမြင်အာရုံေဝဝါးခြင်း

အမြင်အာရုံေဝဝါးခြင်းဟာ ဆီးချိုရှိသူတွေမှာ ကြုံရတတ်တဲ့ပြဿနာတခု ဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ် တက်လာတဲ့အခါ မျက်စိရဲ့ မှန်ဘီလူးဟာ ရောင်လာပြီး အမြင်အာရုံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သွေးတွင်းသကြားဓါတ်ကို ပုံမှန် အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အမြင်အာရုံ ပုံမှန်ပြန်ဖြစ်စေဖို့ ၃လလောက် အချိန်ယူရပါတယ်။

ရေတိမ်ဖြစ်ခြင်း

ဆီးချိုရှိသူတွေဟာ တခြားသူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၄၀%များပါတယ်။ အသက်အရွယ် အရလည်း ပိုဖြစ်တတ်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာ ဖိအားများလာပြီး အရည်များကောင်းကောင်း မစီးဆင်းနိုင်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးကြောများ၊ အမြင်အာရုံကြောများကို ထိခိုက်စေပြီး မျက်စိကွယ်နိုင်ပါတယ်။

ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကြီးကြီးမားမား အမြင်အာရုံချို့ယွင်းမှသာ သတိပြုမိတတ်ကြပါတယ်။ ခေါင်းကိုက်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ အလင်းရောင်တဝိုက် အလင်းစက်ဝန်းများ မြင်နေတတ်ခြင်း၊ မျက်ရည်ကျခြင်း စတာတွေကြုံလာရင် သတိပြုသင့်ပါတယ်။

တွေ့ရအများဆုံးရေတိမ် အမျိုးအစားကတော့ အရည်စီးဆင်းမှုကို တပိုင်းတစသာ ပိတ်စေတဲ့ ရေတိမ်ပဲ ဖြစ်ပါတယ်။ မျက်လုံးအတွင်း ဖိအားနည်းစေခြင်း၊ အရည်များ စီးဆင်းစေခြင်း စတာတွေနဲ့ ရေတိမ်ကို ကုသနိုင်ပါတယ်။

အတွင်းတိမ်

မျက်စိရဲ့မှန်ဘီလူးဟာ ပုံရိပ်တွေကို ချိန်ညှိပြီး မြင်စေနိုင်ပါတယ်။ အတွင်းတိမ်ဖြစ်လာရင် ပုံမှန်ကြည်လင်နေတဲ့ မှန်ဘီလူးဟာ နောက်သွားပြီး ပုံရိပ်တွေကို ဝါးစေပါတယ်။ ဘယ်သူမဆို အတွင်းတိမ်ဖြစ်ပွားနိုင်ပေမယ့် ဆီးချိုရှိသူတွေမှာ ၆၀% ပိုဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူတွေဟာ ငယ်စဉ်ကတည်းက အတွင်းတိမ်ဖြစ်ပွားတတ်ပြီး အခြေအနေဟာ မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားလာတတ်ပါတယ်။

သာမန်အတွင်းတိမ်လောက်ကို မျက်မှန်၊ မျက်ကပ်မှန် စတာတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အတွင်းတိမ်ဟာ နေ့စဉ်ဘဝမှာ ပြဿနာတစ်ခုဖြစ်လာပြီး မျက်မှန်၊ မျက်ကပ်မှန်များနဲ့ မသိသာတဲ့အခါ ခွဲစိတ်သင့်ပါတယ်။ မှန်ဘီလူးကိုဖယ်ရှားပြီး ပြုလုပ်ဖန်တီးထားတဲ့ မှန်ဘီလူးနဲ့ အစားထိုးပေးပါလိမ့်မယ်။

ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း

သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်းဟာ မျက်စိအမြင်လွှာကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရှိတာ ကြာလေလေ၊ ပိုပြီး ဖြစ်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းစေမှာ ဖြစ်ပါတယ်။

ဆီးချိုအမျိုးအစား ၁ ရှိတဲ့ အရွယ်မရောက်သေးသူများမှာ ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အရွယ်ရောက်ပြီးချိန်မှာလည်း ဆီးချိုအမျိုးအစား ၁ ဖြစ်တာဟာ အနည်ဆုံး ၅နှစ် မရှိသေးရင် အမြင်လွှာ ထိခိုက်ခြင်းဟာ ရှားပါးပါတယ်။

မျက်စိပြဿနာတွေကို ကာကွယ်ဖို့အတွက် ဆီးချိုရှိသူတွေဟာ သွေးတွင်းသကြားဓါတ်နဲ့ သွေးတိုးခြင်းကို ထိန်းထားနိုင်ဖို့၊ ဆေးလိပ်ဖြတ်ဖို့၊ အလုံးစုံကျန်းမာရေး တိုးတက်စေဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read