backup og meta

အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ.......

သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် အာသီးကျောက် တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ……. ဆိုတာကို ပြောပြပေးသွားပါမယ်။

အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ.......

အာသီးကျောက်တည်တယ် ဆိုတာ

အာသီးကျောက် ဆိုတာက  အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။

အာသီးကျောက် ဘယ်လိုဖြစ်

အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေက အာသီးထဲမှာရှိတဲ့ အပေါက်လေးတွေထဲမှာစုပြီး အာသီးကျောက်တွေ ဖြစ်လာတာပါ။

ခံတွင်းသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး အာသီးကျောက်တွေ ဖြစ်လာနိုင်ပါတယ်။

အာသီးကျောက်တည်တာကို ဘယ်လို ဖယ်ရှားမလဲ…….

ခံတွင်း အနံ့ဆိုးကို ဖြစ်စေတဲ့ အာသီးကျောက် ကို ဘယ်လို ဖယ်ရှားမလဲဆိုတော့ အခုလို ဖယ်ရှားလိုက်ပါ။ အာသီးကျောက်တွေက သေးငယ်တယ်ဆိုရင် အခုလိုလေး ဖယ်ရှားလို့ ရပါတယ်။

ပန်းသီးရှာလကာရည် ဒါမှမဟုတ် ရှာလကာရည်ကို ရေနဲ့ဆတူရောပြီး အာလုတ်ကျင်းပေးတာက အာသီးထဲက တွင်းပေါက်လေးတွေထဲမှာရှိနေတဲ့ အစိုင်အခဲတွေကို ပျော်စေပါတယ်။ အက်ဆစ်ဓာတ်နဲ့ ဖျော်ထုတ်လိုက်တဲ့ သဘောပါ။

ကြက်သွန်ဖြူတွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဗိုင်းရပ်စ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ စားပေးလို့ ရပါတယ်။

အာသီးကျောက်တွေကို မြင်ရမယ်ဆိုရင် အာသီးတွေကို နားကြပ်ဂွမ်းတံ ဒါမှမဟုတ် လက်ညှိုးနဲ့ ဖိပြီး ဖယ်ရှားလို့ ရပါတယ်။ ပိုးမဝင်စေဖို့တော့ သေချာလေး သတိထားဖို့လိုပါမယ်။ ဖယ်ထုတ်ပြီးတာနဲ့ ဆားရည်နဲ့ အာလုတ်ကျင်းလိုက်ပါ။

အာသီးကျောက်တွေက သေးမယ်ဆိုရင် ချောင်းဟန့်ထုတ်တာနဲ့ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ချောင်းဟန့်ကြည့်ပါလို့ အကြံပြုပါရစေ။

စပါးလင်ဆီလိုမျိုး Essential oils ကို သွားပွတ်တံမှာ နှစ်စက်လောက်ထည့်ပြီး အာသီးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ထုတ်နိုင်မှာပါ။

ဆားရည်နဲ့ အာလုတ်ကျင်းတာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်သလို ခံတွင်းအနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ် စားပေးတာက အာသီးကျောက် ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အာသီးကျောက်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပန်းသီး စားပေးတာကလည်း အာသီးကျောက် တွေမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ အကြောင်းကတော့ ပန်းသီးမှာပါတဲ့ အက်ဆစ်ဓာတ်က အာသီးကျောက် တွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်လို့ပါ။

မုန်လာဥနီက တံထွေးထွက်ရှိစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အာသီးကျောက်တွေ မဖြစ်လာအောင် တားဆီးပေးပါတယ်။

ကြက်သွန်နီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် အာသီးကျောက် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး အာသီးကျောက် တွေကို ဖယ်ရှားလိုက်ပါ။ ဒီနည်းလမ်းလေးတွေနဲ့ မထွက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ကုသနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tonsil Stones (Tonsilloliths) https://www.webmd.com/oral-health/guide/tonsil-stones-tonsilloliths-treatment-and-prevention Accessed Date 23 September 2021

Tonsil Stones https://www.medicinenet.com/tonsil_stones/article.htm Accessed Date 23 September 2021

Tonsil Stones https://www.medicinenet.com/tonsil_stones/article.htm Accessed Date 24 September 2021

ယခုပုံစံ

07/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

အာသီးဖြတ်ပြီးနောက်ပိုင်း ဘယ်လိုပြုမူနေထိုင်သင့်သလဲ ။။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ