အာသီးခွဲစိတ်ဖြတ်ထုတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 4, 2020 . 2 mins read
Share now

အာသီးခွဲစိတ်ဖြတ်ထုတ်ခြင်းဆိုတာ အာသီးမှာ ပြဿနာတစုံတခုဖြစ်လို့ ဖယ်ရှားဖို့လိုတဲ့အခါ အသုံးပြုတဲ့ ခွဲစိတ်ကုသခြင်းဖြစ်ပါတယ်။ အာသီးဟာ အာခေါင်ရဲ့အတွင်းပိုင်းမှာ တဖက်စီတည်ရှိတဲ့ ဂလင်းနှစ်ခုဖြစ်ပါတယ်။ အာသီးများထဲမှာ ရောဂါပိုးများကို တိုက်ထုတ်မယ့် သွေးဖြူဥဆဲလ်တွေ ရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ အာသီးများကိုယ်တိုင် ရောဂါပိုးကူးစက်ခံရပါတယ်။

အာသီးကို ရောဂါပိုးဝင်ရင် အာသီးရောင်ပြီး လည်ချောင်းလည်းနာနိုင်ပါတယ်။ ဒါ့အပြင် ဖျားနာခြင်း၊ စားသောက်ရန်ခက်ခဲခြင်း စတာတွေပါ ဖြစ်လာတတ်ပါတယ်။ အာသီးများကိုကြည့်လိုက်ရင်လည်း နီရဲရောင်ရမ်းပြီး အဖြူရောင်၊ အဝါရောင်အဖတ်များ တွေ့လာရပါတယ်။ များသောအားဖြင့် အာသီးရောင်ခြင်းကို အိမ်တွင်းကုထုံးများ၊ ပဋိဇီဝဆေးများနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏ အာသီးရောင်နေမယ်ဆိုရင်တော့ အာသီးကိုပါ ဖြတ်ထုတ်ကုသဖို့ လိုလာနိုင်ပါတယ်။ အသက်ရှူခက်ခြင်း၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားတတ်ခြင်း၊ ဟောက်သံဆူညံခြင်း စတာတွေကိုဖြေရှင်းဖို့လည်း အာသီးဖြတ်ထုတ်ကြပါတယ်။

အာသီးဖြတ်ထုတ်ကုသခြင်းအတွက် ဘယ်လိုပြင်ဆင်မလဲ

ခွဲစိတ်ကုသမှုမတိုင်မီ သောက်သုံးနေတဲ့ အကိုက်အခဲပျောက်ဆေးတချို့ကို ရပ်တန့်ထားဖို့ လိုအပ်ပါတယ်။ အက်စ်ပရင်၊ အိုင်ဗျူပရိုဖင် စတဲ့ဆေးဝါးတွေ ဖြစ်ပါတယ်။ အဆိုပါဆေးဝါးတွေဟာ ခွဲစိတ်ပြီးချိန်မှာ သွေးထွက်နိုင်ခြေ ပိုများစေလို့ ဖြစ်ပါတယ်။ အခြားသောက်သုံးနေတဲ့ ဆေးဝါးများ (ဗီတာမင်အားဆေးများ၊ တိုင်းရင်းဆေးများ အပါအဝင်) အကြောင်း ဆရာဝန်ကို အသိပေးရပါမယ်။

အာသီးမခွဲခင်ညမှာ အစာမစား အရည်မသောက်ဘဲ နေရပါမယ်။ အနည်းဆုံး ၈ နာရီခန့် အစာနဲ့ရေ စားသောက်ခြင်း မပြုရပါဘူး။ မေ့ဆေးထုံဆေးပေးထားချိန်မှာ အစာအိမ်ထဲ အစာမရှိမှသာ ပျို့အန်ခြင်း သက်သာမှာဖြစ်ပါတယ်။

ခွဲစိတ်ပြီး မိမိအိမ်မှာ ဘယ်လိုနေမလဲ၊ အဖော်ဘယ်သူရှိမလဲ စသဖြင့် စီစဉ်သင့်ပါတယ်။ ခွဲစိတ်ပြီး ရက်အနည်းငယ်ကို ပုံမှန်အတိုင်း နေထိုင်စားသောက်ခြင်း မပြုနိုင်သေးလို့ ဖြစ်ပါတယ်။

ခွဲစိတ်သည့်အစီအစဉ်

အာသီးကိုခွဲစိတ်ဖြတ်ထုတ်တဲ့ နည်းလမ်းပေါင်း များစွာရှိပါတယ်။ အသုံးများတဲ့နည်းလမ်းတခုကတော့ Cold Knife Dissection လို့ခေါ်တဲ့ ခွဲစိတ်ဓားပါးလေးနဲ့ လှီးဖြတ်တဲ့နည်းလမ်းဖြစ်ပါတယ်။ နောက် အသုံးများတဲ့နည်းလမ်းတခုကတော့ Cauteriazation လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး အသားကိုလောင်စားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ အာထရာဆောင်းလှိုင်းများကို အသုံးပြုပြီး ဖြတ်ထုတ်တဲ့နည်းလမ်းလည်း ရှိပါတယ်။ အာသီးခွဲစိတ်ခြင်းဟာ နာရီဝက်ခန့် ကြာနိုင်ပါတယ်။

ဘယ်နည်းနဲ့ခွဲစိတ်သည်ဖြစ်စေ မေ့ဆေးပေးပြီးမှ ခွဲစိတ်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ ခွဲစိတ်ပြီးလူနာတွေထားတဲ့ အခန်းထဲမှာ ထားပါလိမ့်မယ်။ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်ပါလိမ့်မယ်။ အခြေအနေတည်ငြိမ်ရင် ခွဲတဲ့နေ့ ဒါမှမဟုတ် နောက်တရက်မှာ အိမ်ပြန်နိုင်ပါတယ်။

ခွဲစိတ်စဉ်ကြုံနိုင်သည့် ဘေးထွက်ဆိုးကျိုးများ

အာသီးဖြတ်ထုတ်ခြင်းဟာ လုပ်ရိုးလုပ်စဉ် ခွဲစိတ်ခြင်းတွေမှာ ပါဝင်ပါတယ်။ ဘေးအန္တရာယ်များတဲ့ ခွဲစိတ်ခြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားခွဲစိတ်ခြင်းတွေလိုပဲ ဘေးထွက်ဆိုးကျိုးတော့ အထိုက်အလျောက် ရှိနိုင်ပါတယ်။ အဆိုပါ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများကတော့

– ရောင်ရမ်းခြင်း

ရောဂါပိုးဝင်ခြင်း

– သွေးထွက်ခြင်း

– မေ့ဆေးထုံဆေးမတည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးချိန်

အာသီးခွဲစိတ်ဖြတ်ထုတ်ပြီးချိန်မှာ နာကျင်မှု ရှိနေနိုင်ပါတယ်။ လည်ချောင်းလည်း နာပြီး ရောင်ရမ်းနေပါလိမ့်မယ်။ တခါတရံမှာ မေးရိုး၊ နားနဲ့ လည်ပင်းနေရာတွေမှာ နာကျင်ကိုက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီး ၃-၄ရက်အတွင်းမှာ ကောင်းကောင်း အနားယူသင့်ပါတယ်။

ရေကို များများသောက်သင့်ပါတယ်။ ဒါပေမယ့် ရေအများအပြားကို တခါတည်းနဲ့ မော့မချဘဲ တစွတ်စွတ်သောက်သင့်ပါတယ်။ အာသီးခွဲစိတ်ထားပြီးချိန်မှာ အရည်ဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ စွတ်ပြုတ်နွေးနွေး၊ ဒါမှမဟုတ် အချိုရည်တမျိုးမျိုး သောက်နိုင်ပါတယ်။ မာကြောတဲ့၊ ပူစပ်တဲ့ အစားအစာတွေကို ရက်ပေါင်းများစွာ ရှောင်ဖို့ လိုအပ်ပါတယ်။

အကိုက်အခဲပျောက်ဆေးအချို့ကို ခွဲစိတ်ပြီး ရက်အနည်းငယ်အထိ သောက်သုံးရတတ်ပါတယ်။ ဆရာဝန်ညွှန်တဲ့ ဆေးဝါးအားလုံးကို သောက်သုံးဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး နောက်ရက်တွေမှာ သွေးထွက်ခြင်း၊ ဖျားနာခြင်း၊ အသက်ရှူရခက်ခြင်း စတာတွေကြုံရရင် ဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။ ထူးခြားမှုမရှိရင်တော့ ဆရာဝန်ချိန်းဆိုတဲ့ရက်များမှာ ပြန်လည်ပြသရပါမယ်။ များသောအားဖြင့် နှစ်ပတ်လောက်နေရင် ပုံမှန်လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပြီး အပြီးမပျောက်စေပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read
စိတ်ဖိစီးနေပေမဲ့ အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read